ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဝဲလ်ဘက်ခ် နဲ့ ဟန်ဒါဆန် တို့ကို ချယ်လ်ဆီး ခေါ်ယူအားဖြည့်

July 29, 2026

ချယ်လ်ဆီးနည်းပြသစ် အလွန်ဆို ဟာ တိုက်စစ်ကို အားဖြည့်ဖို့အတွက် ဝဲလ်ဘက်ခ်၊ ကွင်းလယ်ကို အားဖြည့်ဖို့အတွက် ဟန်ဒါဆန် တို့ကို အသင်းအတွက် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

ဆွေးနွေးမှုတွေ ပြီးစီးအောင်မြင်ခဲ့ပြီဖြစ်လို့ ဆေးစစ်ဖို့နဲ့ တရားဝင်စာချုပ်ချုပ်ဆိုမှုတွေ ဆောင်ရွက်ဖို့သာ ကျန်တော့တဲ့အကြောင်း ချယ်လ်ဆီးအသင်းဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ချယ်လ်ဆီးဟာ ဝဲလ်ဘက်ခ် ကို ၂ နှစ်သက်တမ်းရှိတဲ့စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးမှာဖြစ်ပြီး ပရီးမီးယားလိဂ် ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ ဝဲလ်ဘက်ခ်နဲ့ ဟန်ဒါဆန် တို့ဟာ အသင်းကို အများကြီး ကူညီပံ့ပိုးပေးနိုင်လိမ့်မယ်လို့ယုံကြည်မှုအပြည့်ရှိကြောင်း ချယ်လ်ဆီးနည်းပြ အလွန်ဆို က ပြောကြားထားပါတယ်။

ဝဲလ်ဘက်ခ် ဟာ အသက်အားဖြင့် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဟန်ဒါဆန်ကတော့ လက်ရှိမှာ အသက် ၃၆ နှစ်အရွယ်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ချယ်လ်ဆီးပရိသတ်တွေဟာ နည်းပြသစ် အလွန်ဆိုအနေနဲ့ လူငယ်မျိုးဆက်သစ် ပါရမီရှင်ကစားသမားတချို့ကို ခေါ်ယူအားဖြည့်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် ဝဲလ်ဘက်ခ်နဲ့ ဟန်ဒါဆန်တို့လို ကစားသမားတွေကို ခေါ်ယူလိုက်တာကြောင့် အံ့အားသင့်နေကြပါတယ်။