ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရိုဒရီ အပြောင်းအရွှေ့ မန်စီးတီးဆီကို ရီးရဲလ်မက်ဒရစ် တရားဝင်ကမ်းလှမ်း

July 29, 2026

ရီးရဲလ်မက်ဒရစ်အသင်းဟာ ရိုဒရီ ကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းဆီကို တရားဝင်ဆက်သွယ်ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်လိုက်ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ် ကလည်း သူတို့အနေနဲ့ ရိုဒရီရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပြီးပြီဖြစ်လို့ ကလပ်နှစ်ခုကြား တရားဝင် စကားပြောဆိုဖို့အတွက် စတင်ဆောင်ရွက်လိုက်တာဖြစ်တယ်လို့ အသိပေးထားပါတယ်။

မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကစားခွင့်ရနိုင်ဖို့ အရမ်းပဲ ဆန္ဒပြင်းပြနေပြီး ဒီအပြောင်းအရွှေ့ဖြစ်မြောက်လာရေးအတွက် ရီးရဲလ်မက်ဒရစ်ဘက်က စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ကို အသုံးပြုရမှာ ကျိန်းသေနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဘက်က ရိုဒရီအတွက် ပထမတစ်ကြိမ် ကမ်းလှမ်းထားတဲ့ ပြောင်းရွှေ့ကြေးပမာဏ ယူရို သန်း ၅၀ ကို ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူးလို့ မန်စီးတီးဘက်က ငြင်းဆန်ထားပြီးပြီဖြစ်ပါတယ်။

အခုတစ်ကြိမ် နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးမှုမှာ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က မျှော်လင့်ထားပါတယ်။

မန်စီးတီးအသင်းဟာ ရိုဒရီ ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်ပေမယ့် ကာယကံရှင် ကစားသမားဖြစ်သူက ရီးရဲလ်မက်ဒရစ်ဆီ အရမ်းပဲ ပြောင်းရွှေ့ချင်နေတာ၊ မန်စီးတီးဆီမှာ နည်းပြ ဂွါဒီယိုလာ မရှိတော့တာတွေကြောင့် ရိုဒရီ ဟာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ရောက်ရှိသွားဖို့ ရာခိုင်နှုန်း များနေပါတယ်။