ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား

ရိုးမားအသင်းက ချန်ပီယံလိဂ်ပွဲကို နီပေါရေဘေးကယ်ဆယ်ရေး ရည်ညွှန်းတဲ့ ဂျာစီ ဝတ်ဆင်ပြီးကစား

Dawei Watch

September 11, 2026

အီတလီ စီးရီးအေ ကလပ် ရိုးမား အသင်းဟာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ဆီကို သွားရောက်ပြီး ဖီနာဘာချီ အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ နီပေါရေဘေးကယ်ဆယ်ရေးအတွက် ရည်ညွှန်းတဲ့ ဂျာစီ ရင်ဘတ်လိုဂိုစာသားကို ထည့်သွင်းပြီး ယှဉ်ပြိုင်ကစားပေးသွားခဲ့ပါတယ်။ ဒါကို ကမ္ဘာ့ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (UN World Food Programme – WFP) နဲ့ ပူးပေါင်းလက်တွဲပြီး အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့ ရိုးမားအသင်းက သတင်းထုတ်ပြန်ထားပါတယ်။ တူရကီနိုင်ငံရဲ့ ကြော်ငြာဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီစေဖို့အတွက် ရိုးမားအသင်းဟာ ဂျာစီရဲ့ပင်မစပွန်ဆာ Eurobet.live နဲ့ ညှိနှိုင်း သဘောတူညီချက် ရယူခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ WFP ရဲ့လိုဂို၊ နီပေါနိုင်ငံတော်အလံနဲ့ TOGETHER FOR NEPAL ဆိုတဲ့စာသားတွေကို ဂျာစီရဲ့ရင်ဘတ်စပွန်ဆာနေရာမှာ ထည့်သွင်းပြီး နီပေါရေဘေး […]

တူရကီကလပ်က အမျိုးသားဘောလုံးအသင်း နည်းပြချုပ်အဖြစ် အမျိုးသမီးငယ်တစ်ဦးကို ခန့်အပ်

Dawei Watch

September 10, 2026

တူရကီဘောလုံးလောကမှာ သမိုင်းဝင် မှတ်တိုင်သစ်တစ်ခု ရေးထိုးလိုက်ပါပြီ။ ဒါကတော့ တူရကီကလပ် တာဂတ်လူစပေါ အသင်းက အမျိုးသားအသင်းနည်းပြချုပ်အဖြစ် အသက် ၂၂ နှစ်အရွယ် အမျိုးသမီး ဘောလုံးသမားဟောင်း ဇေးနက်ပ် မက်စ်တန် ကို ရဲရဲဝံ့ဝံ့ ခန့်အပ်လိုက်တာပါပဲ။ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး ဘောလုံးသမားဟောင်း ဇေးနက်ပ် မက်စ်တန် ဟာ အမျိုးသားအသင်းကြီးကို ဦးဆောင်ခွင့်ရတဲ့ အသက်အငယ်ဆုံး အမျိုးသမီးနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့သလို သူမရဲ့ရုပ်ရည်ချောမောမှုကြောင့်လည်း လူစိတ်ဝင်စားမှုက အရမ်းပဲ မြင့်တက်နေပါတယ်။ တာဂတ်လူစပေါ ကလပ်အသင်းက သူတို့ရဲ့ Instagram ကနေပြီး “အသင်းအနေနဲ့ ရာသီသစ်အတွက် ရည်မှန်းချက်နဲ့ကိုက်ညီတဲ့ နည်းပြတစ်ယောက်ကို ခန့်အပ်နိုင်ခဲ့ပါပြီ။ ဇေးနက်ပ် မက်စ်တန် ဟာ အသင်းကို တရားဝင် တာဝန်ယူတော့မှာပါ။ အသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်အသစ်တွေကို […]

အီတလီ သတင်းထောက်က ရီးရဲလ်နည်းပြ ဂျိုဆေးမော်ရင်ဟိုကို အံ့အားသင့်ဖွယ် လက်ဆောင်ပေး

Dawei Watch

September 8, 2026

မော်ရင်ညိုရဲ့ အထင်ကရ ချန်ပီယံလိဂ်ညတစ်ညဖြစ်တဲ့ အင်တာမီလန်နဲ့အတူ ဖြတ်သန်းခဲ့ဖူးတဲ့ အောင်ပွဲကို ပြန်လည်အမှတ်ရစေဖို့လို့ ဆိုပါတယ်။

မက်ဆီကို ဂုဏ်ပြုထားတဲ့ ဂါဝန်ဒီဇိုင်းနဲ့ မယ်ကမ္ဘာစင်မြင့်ထက်မှာ ပွဲထွက်လာတဲ့ အာဂျင်တီးနား အလှမယ်

Dawei Watch

September 7, 2026

၂၀၂၁ မှာ ကျင်းပခဲ့တဲ့ မယ်စကြဝဠာပြိုင်ပွဲတုန်းကလည်း ဂန္ထဝင်ဘောလုံးသမားကြီး မာရာဒိုနာကို ဂုဏ်ပြုတဲ့ဖက်ရှင်နဲ့ ပွဲထွက်ခဲ့ဖူးပါတယ်။

“သရေတစ်မှတ် ရခဲ့ပေမဲ့ ရှုံးသလိုပဲ ခံစားရတယ်” လို့ ဝန်ခံသွားခဲ့တဲ့ မန်ယူနည်းပြ ကာရစ်

Dawei Watch

September 7, 2026

“ခံစစ်ပေါက်ထွက်ပြီး ဂိုးတွေ အမြဲပေးနေရတာကို မဖြစ်မနေ ဖြေရှင်းသွားရပါလိမ့်မယ်”

တီဗက်ဇ် ရဲ့ ကစားသမားဘဝ နှုတ်ဆက်ပွဲမှာ ဝင်ကစားပေးဖို့ မက်ဆီ နဲ့ စီရော်နယ်လ်ဒိုတို့ကို ဖိတ်ကြားမယ်

Dawei Watch

September 5, 2026

ဘောလုံးလောကရဲ့ သမိုင်းတစ်လျှောက် အထင်ကရ GOAT ကစားသမားတွေဖြစ်တဲ့ မက်ဆီ နဲ့ စီရော်နယ်လ်ဒို တို့ဟာ အာဂျင်တီးနားရဲ့ ထိပ်တန်း တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ တီဗက်ဇ် ရဲ့ ကစားသမားဘဝနှုတ်ဆက်ပွဲမှာ ပူးပေါင်းပါဝင်ကြဖို့ ရှိနေတယ်လို့ Goal က ဖော်ပြထားပါတယ်။ တီဗက်ဇ် ရဲ့ ကစားသမားဘဝနှုတ်ဆက်ပွဲကို လာမယ့်ဒီဇင်ဘာလရောက်ရင် အာဂျင်တီးနားနိုင်ငံရဲ့ အထင်ကရ နာမည်ကျော် ဘိုကာဂျူနီယာအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ သမိုင်းဝင် လာဘွမ်ဘိုနီရာ အားကစားကွင်းမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ အာဂျင်တီးနားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ တိုက်စစ်မှူး တီဗက်ဇ် ရဲ့ ဘောလုံးသမားဘဝ နှုတ်ဆက်ပွဲ ခမ်းခမ်းနားနား ကျင်းပပေးသွားဖို့ စီစဉ်ထားပါတယ်။ တီဗက်ဇ် ဟာ မန်ယူအသင်းဆီမှာ ကစားသမားဘဝဖြတ်သန်းခဲ့စဉ်တုန်းက စီရော်နယ်ဒိုနဲ့ တွဲဖက်ကစားခွင့်ရရှိခဲ့ပြီး မက်ဆီနဲ့တော့ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ အသင်းဖော်ဖြစ်ခဲ့တာဖြစ်ပါတယ်။

မက်ဆီ ရဲ့ အင်တာမိုင်ယာမီ ပွဲစဉ် ၇ ပွဲ အပါအဝင် ၁၇ ပွဲကို YouTube မှာ တိုက်ရိုက် ကြည့်ခွင့် ရမယ်

Dawei Watch

September 5, 2026

ဘောလုံးပရိသတ်တွေအတွက် တကယ့်ကို ရင်ခုန်စရာ အကောင်းဆုံး သတင်းကောင်းတစ်ခု ရောက်ရှိလာပါပြီ။ မက်ဆီရဲ့ ပွဲစဉ် ၇ ပွဲကို YouTube ကနေ အခမဲ့ တိုက်ရိုက်ကြည့်ခွင့်ရတော့မှာပါ။ TNT Sports က Major League Soccer (MLS) နဲ့ လက်မှတ်ရေးထိုးလိုက်တဲ့ သဘောတူညီချက် အသစ်အရ အမေရိကန်မေဂျာလိဂ်ပွဲစဉ် စုစုပေါင်း ၁၇ ပွဲ ကို YouTube မှာ အခမဲ့ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားတော့မှာပါ။ ဒီလို YouTube ကနေ အခမဲ့ ပြသပေးမယ့် ပွဲစဉ် (၁၇) ပွဲထဲမှာ မက်ဆီ ဦးဆောင်ကစားနေတဲ့ အင်တာ မိုင်ယာမီ အသင်းရဲ့ ပွဲစဉ် (၇) ပွဲ ပါဝင်လာမှာ ဖြစ်တယ်လို့ TNT Sports […]

ဒီတစ်ပတ်ရဲ့အာဂျင်တီးနားလိဂ် ပွဲစဉ်တွေမှာ ပွဲကစားချိန် ၁ မိနစ် ရပ်နားပြီး မက်ဆီ ကို ဂုဏ်ပြုမယ်

Dawei Watch

September 4, 2026

နိုင်ငံတကာ လက်ရွေးစင်ဘောလုံးသမားဘဝကနေ အနားယူပြီလို့ တရားဝင် ကြေညာခဲ့တဲ့ မက်ဆီ ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် အာဂျင်တီးနားလိဂ်ပွဲစဉ်တွေအားလုံးကို (၁၀) မိနစ်ပြည့်ရင် တစ်မိနစ်တိတိ ရပ်တန့်ပြီး လက်ခုပ်တီး ဂုဏ်ပြုစေမယ်လို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန် ကြေညာလိုက်ပါတယ်။ ၂၀၂၂ ကာတာကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ်နဲ့ ဆွတ်ခူးရယူပေးခဲ့တဲ့ မက်ဆီ ဟာ အသက် ၃၉ နှစ်အရွယ် ရောက်လာခဲ့ပြီဖြစ်သလို မကြာသေးခင်ကပဲ သူ့အနေနဲ့ နိုင်ငံတကာ လက်ရွေးစင်ဘောလုံးသမားဘဝကနေ အပြီးတိုင် အနားယူပြီလို့ မက်ဆီက တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားပေးခဲ့တဲ့ မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ လာမယ့် တနင်္ဂနွေနေ့ လိဂ်ပွဲစဉ်တွေအားလုံးကို ပွဲကစားချိန် ၁၀ မိနစ်ရောက်တာနဲ့ ဒိုင်လူကြီးတွေက ပွဲကို […]