မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန် က သူသာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းကြီးတစ်သင်းကို တာဝန်ယူကိုင်တွယ်နေရမယ်ဆိုရင် ဂျပန်ကို နောက်ဆုံးမှပဲ တွေ့ခွင့်ရချင်ပါတယ်လို့ ထုတ်ဖော်ပြောကြားပြီး ဂျပန်အသင်းကို ချီးကျူးလိုက်ကြောင်း ESPN က ဖော်ပြထားပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဂျပန်က တူနီးရှားကို လေးဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူပြလိုက်ပြီးတဲ့နောက် ဂျပန်အသင်းရဲ့ ပွဲစဉ်တစ်ခုချင်းအလိုက် ပွဲအပေါ်စိုးမိုးနိုင်စွမ်းမြင့်မားလာတာတွေကို ဘောလုံးလောကရဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် က တကယ့်ကိုပဲ လေးလေးနက်နက် ချီးကျူးစကား ပြောသွားခဲ့တာဖြစ်ပါတယ်။
နည်းပြကြီး ဖာဂူဆန်က ဂျပန်အသင်းရဲ့ ထူးခြားလှတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ESPN ကတစ်ဆင့် အခုလိုမျိုး အချက်အလက်ကျကျ သုံးသပ်ပြသွားခဲ့ပါတယ်။
“ကျွန်တော် ဘောလုံးလောကကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့ရသလောက် သင်ခန်းစာတစ်ခု ရခဲ့တာက ကမ္ဘာ့အန္တရာယ်အရှိဆုံး အသင်းတွေဆိုတာဟာ လူတွေအထင်သေးလေ့ရှိတဲ့ အသင်းတွေပဲ ဖြစ်တတ်တယ် ဆိုတာပါပဲ။ အခုအချိန်မှာတော့ ဂျပန်အသင်းကို ဘယ်သူမှ အထင်သေးလို့ မရတော့ပါဘူး။ ကျွန်တော့်ကို အဓိက အဆွဲဆောင်နိုင်ဆုံးက သူတို့ရဲ့ စိတ်ဓာတ်ရေးရာပါပဲ” လို့လည်း ဖာဂူဆန်က ဆိုလိုက်ပါတယ်။







