ဘောလုံကစားနေရင်း မိုးကြိုးပစ်ခံရလို့ ထိုင်းဘောလုံးသမား သေဆုံး၊ အများအပြား ဒဏ်ရာရ
Dawei Watch
August 5, 2026အင်္ဂါနေ့တုန်းက ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်မှာ ကျင်းပခဲ့တဲ့ ပွဲစဉ်တခုထဲမှာ မိုးကြိုးပစ်ခံရလို့ ထိုင်း ဘောလုံးသမားတစ်ယောက် သေဆုံးပြီး နောက်ထပ် ကိုးယောက် ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရှိရပါတယ်။ Golok FA Cup 2026 ဒေသတွင်း ပြိုင်ပွဲကို စုငိုင်ကိုလွတ်ခ် စည်ပင်သာယာနယ်မြေထဲက ဆန်တီပတ်ကွင်းမှာ ကျင်းပနေတာဖြစ်ပြီး ထိုင်းနဲ့ မလေးရှားနိုင်ငံတို့က ဒေသခံနဲ့ အဖွဲ့စုံအသင်းတွေ ပါဝင်ယှဉ်ပြိုင်နေတာပါ။ ဆမ်ကော့ခ်စ် နဲ့ အဘူ အိတ်ခ် နောင်ဆီရင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ပွဲစဉ်မှာ ဒီအအဖြစ်အပျက်ဖြစ်ပွားခဲ့တာဖြစ်ပြီး ပွဲကစားနေစဉ်အခိုက် ညနေ ၅ နာရီလောက်မှာ မိုးစရွာခဲ့တာ ဖြစ်ပါတယ်။ အွန်လိုင်းပေါ် တင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ဘောလုံးကွင်းထဲမှာ တောက်ပတဲ့ လျှပ်စီးကြောင်းတစ်ခု လင်းလက်သွားပြီး ကစားသမား အများအပြား ကွင်းအတွင်း လဲကျသွားခဲ့ပါတယ်။ အသက်ဆုံးရှုံးသွားခဲ့ရသူကတော့ ဆမ်ကော့ခ်စ်အသင်းအတွက် ပါဝင်ကစားပေးနေတဲ့ […]


