ပီအက်စ်ဂျီ တိုက်စစ်တောင်ပံကစားသမား ဘာကိုလာကို ပေါင်သန်း ၁၄၀ နဲ့ခေါ်မယ့် လီဗာပူး
Dawei Watch
July 27, 2026ဘာကိုလာက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် လက်မှတ်ထိုးဖို့ ငြင်းဆိုထားတာကြောင့် သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေက ပိုပြီး လှုပ်ခတ်လာပါတယ်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါဘာကိုလာက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် လက်မှတ်ထိုးဖို့ ငြင်းဆိုထားတာကြောင့် သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေက ပိုပြီး လှုပ်ခတ်လာပါတယ်။
ONE Friday Fights မှာ ရလဒ်တွေ ဆိုးရွားခဲ့တဲ့ အိန္ဒူမောင်မောင်ရဲ့မြေး အဲမွီ နဲ့ ထွန်းလွင်မိုးရဲ့ ညီ သန့်ဇင် တို့ကို တစ်ပွဲတစ်လမ်း အကဲစမ်းဖို့အတွက် ပွဲတည်ပေးလိုက်ပါပြီ။ Myanmar Lethwei World Championship မှာ အဲမွီ နဲ့ သန့်ဇင် တို့ ထိုးကြရတော့မှာပါ။ အဲမွီ ဟာ ကရင်ပြည်နယ်မှာဆိုရင် သူ့ရဲ့ဝိတ်တန်းမှာ မထိုးဖူးတဲ့သူ မရှိလောက်အောင် လူစုံ အရွယ်စုံနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ဖူးသူပါ။ မြန်မာ့ရိုးရာစည်းမျဉ်းနဲ့ ဆုံးဖြတ်တဲ့ပွဲတွေမှာ အဲမွီက အလဲထိုးနဲ့ တစ်ပွဲမှကို မရှုံးဖူးပါဘူး။ သန့်ဇင် ကတော့ ONE ဆီကို ရောက်လာခဲ့ပြီးတဲ့နောက် လူသိများလာခဲ့တဲ့ဖိုက်တာလေး ဖြစ်ပါတယ်။ ONE Championship မှာ တာထွက်လှပခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ထက် […]
မြန်မာဖိုက်တာလေး ကျော်စွာဝင်း ဟာ ONE မှာ နောက်တစ်ပွဲ ထိုးဖို့အတွက် စာချုပ် လက်မှတ်ရေးထိုးလိုက်ပါပြီ။ Fairtex Gym ရဲ့သူဌေးကလည်း ကျော်စွာဝင်း စာချုပ်လက်မှတ်ရေးထိုးစဉ်အခိုက် နံဘေးမှာ ရှိနေခဲ့ပြီး နှစ်ယောက်လုံးက ကျော်စွာဝင်းရဲ့ရှေ့လာမယ့်ပွဲစဉ်အတွက် ဝမ်းသာပီတိဖြစ်နေခဲ့တာကို မြင်တွေ့ရပါတယ်။ ကျော်စွာဝင်းဟာ ONE Friday Fights ၃ ပွဲ ထိုးပြီးပါပြီ။ ၂ ပွဲ အနိုင်ရရှိပြီး ၁ ပွဲ ရှုံးနိမ့်ထားပါတယ်။ ဒါပေမဲ့ ကျော်စွာဝင်း အရေးနိမ့်ခဲ့ရတဲ့ပွဲစဉ်ကို ပရိသတ်တွေက အခုချိန်ထိတိုင် ဘဝင်မကျမှုတွေ ရှိနေဆဲပါပဲ။ ကျော်စွာဝင်းဟာ ပုံစံကောင်းတစ်ခုကို ထုတ်ပြနိုင်ခဲ့ပါလျက်နဲ့ အမှတ်ပေးဒိုင်လူကြီးတွေရဲ့ ဘက်လိုက်ဆုံးဖြတ်မှုကြောင့် လိပ်နင်ဂျာကို အရှုံးပေးလိုက်ရတာဖြစ်တယ်လို့ အဲ့ဒီပွဲစဉ်အပြီးမှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ကျော်စွာဝင်းရဲ့ မကြာခင်ရောက်လာတော့မယ်ဆိုတာကို ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်ကတည်းကပဲ စတမ့်ဖဲတက် က […]
အာဆင်နယ်အသင်းရဲ့ အဓိကခံစစ်မှူးတစ်ယောက်ဖြစ်တဲ့ ဝီလီယံ ဆာလီဘာ ဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်တုန်းက ရရှိခဲ့တဲ့ နောက်ကျောဒဏ်ရာကြောင့် အချိန်တစ်ခုကြာ အနားယူရတော့မှာဖြစ်တယ်လို့ အာဆင်နယ်အသင်းက တရားဝင် အတည်ပြုလိုက်ကြောင်း BBC က သတင်းဖော်ပြလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဆာလီဘားဟာ နောက်ကျောဒဏ်ရာပြဿနာကို သီတင်းပတ်နဲ့ချီပြီး ခံစားနေခဲ့ရတာဖြစ်ပါတယ်။ ဒီဒဏ်ရာရှိနေပါလျက်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့တာမှာ ဒဏ်ရာအခြေအနေက ပိုမိုဆိုးရွားသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စပိန်က ပြင်သစ်ကို အနိုင်ယူသွားခဲ့တဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆလီဘားက နာရီဝက်ပဲ ပြင်သစ်အသင်းအတွက် ကစားပေးနိုင်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ ဒဏ်ရာပြဿနာကြောင့် သူ့ကို လူစားလဲလိုက်ရပါတယ်။ ဒီဒဏ်ရာကြောင့်ပဲ သူဟာ အင်္ဂလန်နဲ့ ကစားခဲ့တဲ့ တတိယနေရာလုပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။ လန်ဒန်မြို့ကို ပြန်လည်ရောက်ရှိလာပြီးနောက် ဆလီဘားရဲ့ဒဏ်ရာကို […]
မန်စီးတီးအသင်းနဲ့ လမ်းခွဲခဲ့ပြီဖြစ်တဲ့ နည်းပြ ဂွါဒီယိုလာ ကို အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူပေးဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေတဲ့အကြောင်း အီတလီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မာလာဂို ကိုယ်တိုင်က အတည်ပြုလိုက်ပြီဖြစ်တယ်လို့ Sky Italia က ဖော်ပြထားပါတယ်။ အီတလီ ဒစ်ဂျစ်တယ် အားကစားမီဒီယာ Cronache di spogliatoio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တားဗျူးတစ်ခုမှာ ဥက္ကဋ္ဌ မာလာဂိုက ဂွါဒီယိုလာနဲ့ ဆွေးနွေးမှုတွေ ရှိနေပြီး တကယ်လို့ ဂွါဒီယိုလာဘက်ကသာ အလုပ်လက်ခံမယ်ဆိုရင် ဂွါဒီယိုလာ တောင်းဆိုထားတဲ့ လုပ်ခလစာငွေကို “ခြွင်းချက်” ထားပြီး ညှိနှိုင်းပေးနိုင်တယ်လို့ သူက ဆိုပါတယ်။ “ကျွန်တော် ယတိပြတ် ဘာတစ်ခုမှ မပြောနိုင်သေးပါဘူး။ ဂွါဒီယိုလာ လိုနည်းပြမျိုးကို အသင်းအတွက် လိုချင်ရင်တော့ ခြွင်းချက်တွေ ထားရှိပေးရပါလိမ့်မယ်။ ဒီအချိန်မှာ […]
ကမ္ဘာ့ဖလားဗိုလ်လုပွဲက တကယ့်ကို ကြည့်ကောင်းခဲ့ပါတယ်။ အာဂျင်တီးနားရဲ့ Comeback ကို သိနေတဲ့ စပိန်ဟာ ပွဲကို ပါးပါးနပ်နပ်နဲ့ ထိန်းချုပ်သွားခဲ့တာပါ။ “နပ်တဲ့သူ ဆရာပဲ”ဆိုတဲ့အကွက်ကို စပိန် ထုတ်ပြသွားခဲ့ပါတယ်။ အီဂျစ်နဲ့ အင်္ဂလန်တို့ကို အာဂျင်တီးနားက Comeback ပုံစံမျိုး ပြန်လာနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ သူတို့ လုပ်မပြနိုင်တော့ပါဘူး။ အီဂျစ်နဲ့ အင်္ဂလန်တို့ မှားတဲ့အမှားမျိုးကို စပိန်က ထပ်မမှားရအောင် စနစ်တကျပြင်ဆင်သွားခဲ့ပါတယ်။ မက်ဆီ ကို စနစ်တကျ ထိန်းချုပ်သွားနိုင်ခဲ့တာက စပိန်ရဲ့အားသာချက်ပါပဲ။ ယူရို ချန်ပီယံဖြစ်ပြီးရင် ကမ္ဘာ့ဖလားချန်ပီယံဖြစ်တယ်ဆိုတဲ့ ဖော်မြူလာ မှန်ကန်မှုကိုလည်း စပိန်က ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။ မြောက်အမေရိကမြေမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေဆိုရင် တောင်အမေရိကအသင်း ဗိုလ်စွဲတဲ့ အစဉ်အလာကိုလည်း စပိန်က ချေဖျက်သွားနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားဟာ စပိန်ကို မယှဉ်နိုင်ခဲ့ပါဘူး။ ဆရာဖြစ်သူနဲ့ဆုံရင် […]
လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန်ရောက်ရင် နည်းပြ ဒက်စ်ချမ့် က ပြင်သစ်လက်ရွေးစင်အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်သလို နည်းပြသစ်အဖြစ် ဇီဒန်းကို ခန့်အပ်ဖို့အတွက် ဆွေးနွေးမှုတွေအားလုံး အဆင်ပြေပြေဖြစ်သွားခဲ့ပြီလို့ ဆိုပါတယ်။ ဇီဒန်းနဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကြားမှာ ပြင်သစ်နည်းပြသစ်အဖြစ် ဇီဒန်း တာဝန်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သလို ဇီဒန်း အလိုရှိတဲ့ နည်းပြအဖွဲ့ ဖွဲ့စည်းခွင့်ကိုလည်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဘက်က ခွင့်ပြုပေးထားပြီလို့ ခိုင်မာတဲ့သတင်းရင်းမြစ်တွေက ရေးသားဖော်ပြလာကြပါတယ်။ ရီးရဲလ်မက်ဒရစ်ကို နည်းပြအဖြစ် တာဝန်ယူပြီးချိန်မှာ ဇီဒန်းကို ခေါ်ယူဖို့အတွက် ထိပ်တန်းကလပ်အသင်းပေါင်းများစွာက ချဉ်းကပ်မှုတွေ ရှိခဲ့ပေမယ့် ဇီဒန်းက ငြင်းဆန်ပယ်ချခဲ့ပါတယ်။ သူ့အနေနဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တာက တစ်နေ့နေ့ရောက်ရင် ပြင်သစ်လက်ရွေးစင်အသင်းရဲ့နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိလိုတာကြောင့်ဖြစ်တယ်လို့ ဇီဒန်းက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ လက်ရှိနည်းပြ ဒက်စ်ချမ့် တို့ လမ်းခွဲကြောင်း တရားဝင်ကြေညာချက် […]
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဟာ ကမ္ဘာ့ဖလားသမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးတဲ့ ချန်ပီယံလက်စွပ် (Championship Ring) ချီးမြှင့်မှုကို လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲထဲ ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။ တကယ်က ဖီဖာ ဟာ တစ်ဖက်မှာ လက်စွပ်ရောင်းချပြီး ငွေရှာဖို့လည်း လမ်းတစ်ခု ခင်းထားပြီးသားပါ။ ဒါကြောင့် ကမ္ဘာ့ဖလား ချန်ပီယံဖြစ်တဲ့အသင်းက အသင်းသားတွေအားလုံးဟာ “အထူးထုတ်လုပ်ထားတဲ့ ချန်ပီယံလက်စွပ်” တွေ ရရှိကြတော့မှာပဲဖြစ်ပါတယ်။ 💍 ချန်ပီယံလက်စွပ်အကြောင်း သိကောင်းစရာများ သမိုင်း အစပျိုးခြင်း: ဒါဟာ ဖီဖာ ကနေ ကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲတွေထဲမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပေးအပ်ချီးမြှင့်တဲ့ ချန်ပီယံလက်စွပ်တွေ ဖြစ်လာပါလိမ့်မယ်။ အမေရိကန် အားကစားလောကရဲ့ ရိုးရာတစ်ခုဖြစ်တဲ့ ချန်ပီယံလက်စွပ်ဓလေ့ကို ကမ္ဘာ့ဘောလုံးလောကဆီ ဖီဖာက သယ်ဆောင်လိုက်တာပါ။ ကန့်သတ်ထုတ်လုပ်မှု: ဒီလက်စွပ်တွေကို လက်စွပ်အကွင်းရေပေါင်း […]