မြန်မာဖိုက်တာလေး ကျော်စွာဝင်း ဟာ ONE မှာ နောက်တစ်ပွဲ ထိုးဖို့အတွက် စာချုပ် လက်မှတ်ရေးထိုးလိုက်ပါပြီ။
Fairtex Gym ရဲ့သူဌေးကလည်း ကျော်စွာဝင်း စာချုပ်လက်မှတ်ရေးထိုးစဉ်အခိုက် နံဘေးမှာ ရှိနေခဲ့ပြီး နှစ်ယောက်လုံးက ကျော်စွာဝင်းရဲ့ရှေ့လာမယ့်ပွဲစဉ်အတွက် ဝမ်းသာပီတိဖြစ်နေခဲ့တာကို မြင်တွေ့ရပါတယ်။
ကျော်စွာဝင်းဟာ ONE Friday Fights ၃ ပွဲ ထိုးပြီးပါပြီ။ ၂ ပွဲ အနိုင်ရရှိပြီး ၁ ပွဲ ရှုံးနိမ့်ထားပါတယ်။ ဒါပေမဲ့ ကျော်စွာဝင်း အရေးနိမ့်ခဲ့ရတဲ့ပွဲစဉ်ကို ပရိသတ်တွေက အခုချိန်ထိတိုင် ဘဝင်မကျမှုတွေ ရှိနေဆဲပါပဲ။
ကျော်စွာဝင်းဟာ ပုံစံကောင်းတစ်ခုကို ထုတ်ပြနိုင်ခဲ့ပါလျက်နဲ့ အမှတ်ပေးဒိုင်လူကြီးတွေရဲ့ ဘက်လိုက်ဆုံးဖြတ်မှုကြောင့် လိပ်နင်ဂျာကို အရှုံးပေးလိုက်ရတာဖြစ်တယ်လို့ အဲ့ဒီပွဲစဉ်အပြီးမှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
ကျော်စွာဝင်းရဲ့ မကြာခင်ရောက်လာတော့မယ်ဆိုတာကို ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်ကတည်းကပဲ စတမ့်ဖဲတက် က ထုတ်ဖော် အသိပေးထားခဲ့တာပါ။
အခုဆိုရင် ကျော်စွာဝင်းက ပွဲအတွက် စာချုပ်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်လို့ ဘယ်နေ့မှာ ပွဲထိုးရမလဲ၊ ပြိုင်ဘက်က ဘယ်သူဖြစ်လေမလဲဆိုတာ ONE ဘက်က တရားဝင်ထုတ်ပြန်မှာကိုပဲ စောင့်ရဖို့သာ ရှိပါတော့တယ်။







