ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြင်သစ်နည်းပြသစ်အဖြစ် ဇီဒန်း တာဝန်ယူမယ်၊ ဆွေးနွေးမှုအားလုံး အဆင်ပြေသွားခဲ့ပြီ

July 18, 2026

လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန်ရောက်ရင် နည်းပြ ဒက်စ်ချမ့် က ပြင်သစ်လက်ရွေးစင်အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်သလို နည်းပြသစ်အဖြစ် ဇီဒန်းကို ခန့်အပ်ဖို့အတွက် ဆွေးနွေးမှုတွေအားလုံး အဆင်ပြေပြေဖြစ်သွားခဲ့ပြီလို့ ဆိုပါတယ်။

ဇီဒန်းနဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကြားမှာ ပြင်သစ်နည်းပြသစ်အဖြစ် ဇီဒန်း တာဝန်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သလို ဇီဒန်း အလိုရှိတဲ့ နည်းပြအဖွဲ့ ဖွဲ့စည်းခွင့်ကိုလည်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဘက်က ခွင့်ပြုပေးထားပြီလို့ ခိုင်မာတဲ့သတင်းရင်းမြစ်တွေက ရေးသားဖော်ပြလာကြပါတယ်။

ရီးရဲလ်မက်ဒရစ်ကို နည်းပြအဖြစ် တာဝန်ယူပြီးချိန်မှာ ဇီဒန်းကို ခေါ်ယူဖို့အတွက် ထိပ်တန်းကလပ်အသင်းပေါင်းများစွာက ချဉ်းကပ်မှုတွေ ရှိခဲ့ပေမယ့် ဇီဒန်းက ငြင်းဆန်ပယ်ချခဲ့ပါတယ်။

သူ့အနေနဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တာက တစ်နေ့နေ့ရောက်ရင် ပြင်သစ်လက်ရွေးစင်အသင်းရဲ့နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိလိုတာကြောင့်ဖြစ်တယ်လို့ ဇီဒန်းက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းနဲ့ လက်ရှိနည်းပြ ဒက်စ်ချမ့် တို့ လမ်းခွဲကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်ပြီးတာနဲ့တပြိုင်နက် ပြင်သစ်ကို အသင်းရဲ့နည်းပြသစ်အဖြစ် မိတ်ဆက်ပေးဖို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားပါတယ်။