ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

၂၀၂၆ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

July 6, 2026

ပေါ်တူဂီ – စပိန်

ပေါ်တူဂီအတွက်က ခယောင်းလမ်းတွေချည်းပါပဲ။ ပြီးခဲ့တဲ့ ၃၂ သင်းအဆင့်မှာလည်း ကံကြမ္မာရဲ့ဖေးမမှုနဲ့အတူ ခရိုအေးရှားကို ပေါ်တူဂီ အနိုင်ရခဲ့တာပါ။ အဲ့ဒီပွဲမှာ ခရိုအေးရှားရဲ့ကစားပုံက ပေါ်တူဂီထက် ပိုပြီး အားရစရာကောင်းခဲ့ပါတယ်။ လက်ရှိအချိန်မှာ စပိန်က မျိုးဆက်ပိုင်းဆိုင်ရာ အကောင်းဆုံးအစုအဖွဲ့တစ်ခုကို ပိုင်ဆိုင်နေတာပါ။ တစ်နေရာချင်းအလိုက်မှာ စပိန်က ပေါ်တူဂီထက် အပြတ်သာလွန်နေပါတယ်။ စီရော်နယ်ဒို ဦးဆောင်လာမယ့် ပေါ်တူဂီဟာ စပိန်ရဲ့တိုက်စစ်တွဲလုံးတွေကို သတိကြီးကြီးထားပြီး ဟန့်တားရပါလိမ့်မယ်။ စပိန်ကတော့ တစ်ပွဲထက်တစ်ပွဲ ပိုပြီး အားရစရာကောင်းလာတာကြောင့် မနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ပေါ်တူဂီဟာ ကံကြမ္မာရဲ့အထောက်အပံ့ကိုပဲ မျှော်ကိုးရမှာပါ။ လမ်းကြောင်းမှန်အတိုင်းဆိုရင်တော့ စပိန်ပဲ အောင်ပွဲခံသွားပါလိမ့်မယ်။

အမေရိကန် – ဘယ်လ်ဂျီယံ

အိမ်ရှင် အမေရိကန်ဟာ ဘယ်လ်ဂျီယံကို ဘယ်လိုကစားသွားလေမလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။ ဘယ်လ်ဂျီယံဟာ ရွှေရောင်မျိုးဆက်အစုအဖွဲ့ရဲ့နောက်ဆုံးအချိန်ကာလကကို ဖြတ်သန်းနေရပါပြီ။ ပြီးခဲ့တဲ့ ၃၂ သင်းအဆင့်တုန်းကလည်း ဆီနီဂေါကို အသည်းအသန်ကစားပြီးမှ ဘယ်လ်ဂျီယံ အနိုင်ရခဲ့တာပါ။ အမေရိကန်ဟာ သူ့မြေ သူ့ကွင်း သူ့ပရိသတ်ရှေ့မှောက်မှာ ပုံစံကောင်းရရှိနေပါတယ်။ အမေရိကန်ကို ဘယ်လ်ဂျီယံ ယှဉ်ကစားဖို့ မလွယ်လောက်ပါဘူး။ ဒီပွဲက တစ်ချက်မှားတဲ့အသင်း ပေးဆပ်ရမှု ကြီးမားသွားဖို့ ရှိနေတဲ့ပွဲပါပဲ။ ရှေ့၊ လယ်၊ နောက် ဟန်ချက်ညီမှုမှာ အမေရိကန်က ပိုပြီး အားရစရာကောင်းနေပါတယ်။ အမေရိကန်ပဲ ကပ်နိုင်သွားပါလိမ့်မယ်။