ပြင်သစ် – အင်္ဂလန်
“မကစားချင်တဲ့ တတိယနေရာလုပွဲကို ကျွန်တော်တို့နှစ်သင်း ကစားရတော့မှာာပါ”လို့ အင်္ဂလန်နည်းပြ တူချယ်လ်က ပြောသွားခဲ့ပါတယ်။ တကယ်တော့ အာဂျင်တီးနားနဲ့ပွဲစဉ်မှာ သူ့ရဲ့ခံစစ်ပိတ်ကစားတဲ့ဗျူဟာပိုင်းဆိုင်ရာ မှားသွားခဲ့လို့ အင်္ဂလန် ရှုံးသွားခဲ့ရတာပါ။
ပြင်သစ်ကတော့ စပိန်နဲ့ပွဲမှာ ရှုံးသင့်ရှုံးထိုက်လို့ကို ရှုံးခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲဟာ နည်းပြ ဒက်စ်ချမ့်ရဲ့ ပြင်သစ်လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်တဲ့ နောက်ဆုံးပွဲစဉ်ဖြစ်လာဖို့ နီးစပ်နေပါတယ်။
အခုကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့ရင် ဇီဒန်းက ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဖြစ်လာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်ရဲ့ကစားပုံက စပိန်ကို ရှုံးခဲ့တဲ့ပွဲကလွဲရင် တခြားသောပွဲစဉ်တွေမှာ အပြစ်ပြောစရာရယ်ဆိုလို့ ဘာတစ်ခုမှကို မရှိနေခဲ့ပါဘူး။ ပြင်သစ်ဟာ အင်္ဂလန်ကို ကစားကွက်အသာစီးနဲ့ ထိန်းချုပ်သွားပါလိမ့်မယ်။
အင်္ဂလန်ကတော့ တန်ပြန်တိုက်စစ်တွဲလုံးတွေကို အားပြုပြီး ပြင်သစ်ကို ဖိအားပေးဖို့ ကြိုးစားသွားမှာပါ။ အင်္ဂလန်နည်းပြ တူချယ်လ် ထက် ပြင်သစ်နည်းပြ ဒက်စ်ချမ့်ရဲ့နည်းဗျူဟာပိုင်းဆိုင်ရာ အကွက်ကျမှုကို ပိုပြီး သဘောကျပါတယ်။
အမ်ဘတ်ပေ ဟာလည်း ရွှေဖိနပ်ဆုအတွက် ဂိုးတွေရယူနိုင်အောင် အားထည့်ကစားဦးမှာ ကျိန်းသေနေပါတယ်။ ပြင်သစ်ကိုပဲ အကြိုက်တွေ့နေမိတယ်။







