ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အက်စတွန်ဗီလာ ကွင်းလယ်လူ တိုင်လီမန်းစ် ကို စာချုပ်လျော်ကြေးနဲ့ မန်ယူ ခေါ်မယ်

July 14, 2026

မန်ယူနိုက်တက်အသင်းဟာ ကွင်းလယ်ကို အင်အားဖြည့်ဖို့အတွက် အက်စတွန်ဗီလာ ကွင်းလယ်လူ တိုင်လီမန်းစ် ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့်တင်ကာ စီစဉ်နေပြီလို့ Daily Mail က ဖော်ပြထားပါတယ်။

တိုင်လီမန်းစ်နဲ့ မန်ယူနိုက်တက်တို့အကြားမှာ နှုတ်ကတိ သဘောတူညီမှု ရရှိထားပြီးသားဖြစ်လို့ မန်ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို အက်စတွန်ဗီလာဘက်က လက်ခံလိုက်ရင် အပြောင်းအရွှေ့ အထမြောက်လာတော့မှာပဲဖြစ်ပါတယ်။

မန်ယူနိုက်တက် ဟာ တိုင်လီမန်းစ်အတွက် အက်စတွန်ဗီလာဘက်က သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းခ ယူရို ၄၁ သန်းကို ပေးချေပြီး ဆွေးနွေးနေတာဖြစ်လို့ အပြောင်းအရွှေ့ဖြစ်မြောက်ရေးက အရမ်းပဲ နီးစပ်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အီဒါဆင် ကို ခေါ်ယူမယ့် အစီအစဉ် အဆင်မပြေဖြစ်သွားခဲ့ရအပြီးမှာ ယူနိုက်တက်က ချက်ချင်းဆိုသလိုပဲ တိုင်လီမန်းစ်ဘက်ကို ဦးလှည့်လိုက်ပြီး လက်ရှိမှာလည်း တိုင်လီမန်းစ်ကိုယ်တိုင်က မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့ကစားချင်နေလို့ အပြောင်းအရွှေ့ဖြစ်မြောက်ရေးက အရမ်းကိုပဲ နီးစပ်နေပါပြီ။

အန်ဒရေး ဆန်းတို့စ်ရဲ့ အပြောင်းအရွှေ့ကို အောင်အောင်မြင်မြင် အပြီးသတ်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ တိုင်လီမန်းစ်က ယူနိုက်တက်ရဲ့ နောက်ထပ် ပစ်မှတ်ဖြစ်လာခဲ့တာဖြစ်တယ်လို့ Sky Sports က ရေးသားထားပါတယ်။

အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့အတူ တွဲဖက်ကစားဖို့အတွက် ကွင်းလယ်ကစားသမားတစ်ယောက်ကို မန်ယူနိုက်တက်က ရှာဖွေနေပြီး မန်ယူနိုက်တက်နည်းပြ ကာရစ် သဘောကျတဲ့ကစားသမားစာရင်းထဲမှာ တိုင်လီမန်းစ်ကလည်း ထိပ်ဆုံးက ပါဝင်လို့နေပါတယ်။