အင်္ဂလန် – နော်ဝေ
အင်္ဂလန်နဲ့ နော်ဝေ ပွဲဟာ တစ်ဖက်က ပွဲစဉ်နဲ့ ဆက်စပ်လို့နေပါတယ်။ မက်ဆီ-ဟာလန်း အခင်းအကျင်းအလား၊ အင်္ဂလန်-အာဂျင်တီးနား ထိပ်တိုက်တွေ့မှုလားဆိုတာကို စောင့်ကြည့်ကြရမှာပါ။ အင်္ဂလန်က ကစားပုံ မဆိုးလှပေမယ့် ခြေစွမ်းအတက်အကျက ခန့်မှန်းရခက်လှပါတယ်။ နော်ဝေရဲ့ဟာလန်းကို အင်္ဂလန်ခံစစ်မှူးတွေ တည်တည်ငြိမ်ငြိမ် ဟန့်တားထိန်းချုပ်နိုင်ပါ့မလားဆိုတာက ဒီပွဲရဲ့အဖြေပါပဲ။ နော်ဝေကတော့ ဖိအားကင်းကင်းနဲ့ ကစားနိုင်တဲ့အခြေအနေတစ်ရပ်ဆီ ရောက်ရှိလို့နေပါပြီ။ အခုနောက်ပိုင်းမှာ ပရိသတ်တွေ ထင်မှတ်မထားတဲ့ အသင်းတစ်သင်း ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းရောက်ရှိတတ်လေ့ရှိတဲ့ ဖော်မြူလာသာ ဆက်လက်မှန်ကန်ဦးမယ်ဆိုရင် ဒါက နော်ဝေရဲ့ပွဲ ဖြစ်လာမှာပါ။ အင်္ဂလန်ဟာ အနိုင်ရခဲ့မယ်ဆိုရင်တောင် အချိန်ပိုတွေ၊ ပင်နယ်တီအဆုံးအဖြတ်တွေအထိ ခရီးဆက်ရနိုင်ပါတယ်။ နော်ဝေ ကို သဘောကျမိတယ်။
အာဂျင်တီးနား – ဆွစ်ဇာလန်
အီဂျစ်နဲ့ပွဲတုန်းက အာဂျင်တီးနားကို မနိုင်ရင် နိုင်အောင် ဖြစ်တဲ့နည်းနဲ့ လုပ်ပေးလိုက်တယ်လို့ ဖီဖာ ကို စွပ်စွဲပြစ်တင်နေကြပါပြီ။ ဆွစ်ဇာလန်က ကစားပုံ တည်ငြိမ်ပါတယ်။ ဒါပေမဲ့ မက်ဆီဆိုတဲ့ အရှိန်အဟုန်တစ်ခုကိုတော့ ဆွစ်ဇာလန်လည်း လန့်နေမှာပါ။ တိုက်စစ်လုပ်အားနှုန်း သိပ်မဆိုးလှတဲ့ ဆွစ်ဇာလန်ဟာ ခံစစ်ကို အားပြုပြီး တန်ပြန်တိုက်စစ်တွဲလုံးတွေနဲ့ ဂိုးရဖို့ ကြိုးစားပါလိမ့်မယ်။ အာဂျင်တီးနားကတော့ ရှေ့၊ လယ်၊ နောက် ဟန်ချက်ညီသလို လိုအပ်လာရင် ဒိုင်လူကြီးတွေရဲ့အထောက်အပံ့တွေ၊ ဖီဖာရဲ့ မျက်နှာသာပေးမှုတွေကိုပါ ရရှိလို့နေပါတယ်။ ဒီပွဲမှာလည်း ဆွစ်ဇာလန် ကံကောင်းနိုင်ဖို့ မလွယ်လှပါဘူး။ အာဂျင်တီးနားပဲ နိုင်သွားပါလိမ့်မယ်။ ဂိုးပြတ်ဖို့ မလွယ်ကူလှပါဘူး။ ကပ်နိုင်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်။







