ပြင်သစ် – ပါရာဂွေး
၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို သတိရစရာပါပဲ။ ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ပြင်သစ် ချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက အခုလို ၁၆ သင်းအဆင့်မှာ ပြင်သစ်နဲ့ ပါရာဂွေး ထိပ်တိုက်ဆုံခဲ့တာပါပဲ။ အဲ့ဒီတုန်းက ၃၂ သင်းအဆင့် မရှိသေးပါဘူး။ ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက ပြင်သစ်နဲ့ ပါရာဂွေးတို့ အကြိတ်အနယ် အားပြိုင်ခဲ့ရသလို ပါရာဂွေးဂိုးသမားကြီး ချီလာဗတ် လည်း အရမ်းပဲ လက်စွမ်းပြခဲ့ပါတယ်။ ချီလာဗတ် က ဒင်္ဂါးပြားလေး နမ်းပြီး ပါရာဂွေးအသင်းရဲ့ဂိုးပေါက်ကို စောင့်ရှောက်ခဲ့ပုံတွေက လွမ်းစရာပါပဲ။ ဒီတစ်ကြိမ်မှာလည်း ပါရာဂွေးက ဂျာမနီကို ကျော်ဖြတ်ပြီး ဒီအဆင့်ဆီကို တက်လှမ်းလာတာပါ။ ဒါကြောင့် ပါရာဂွေးကို ပြင်သစ် လျှော့တွက်လို့ မရပါဘူး။ ပါရာဂွေးဟာ ခံစစ်ကို ပိတ်ဆို့ပြီး တန်ပြန်တိုက်စစ်တွေကနေတဆင့် ဂိုးရဖို့ ကြိုးစားပါလိမ့်မယ်။ ပြင်သစ်က ကစားပုံ ငြိမ်သလို ကစားသမားအင်အားကလည်း တောင့်တင်းမှုအပြည့်ရှိပါတယ်။ ပြင်သစ်ပဲ အောင်ပွဲခံမှာပါ။ ပြင်သစ် ကပ်နိုင်သွားပါလိမ့်မယ်။
ကနေဒါ – မော်ရိုကို
ကနေဒါ ဆီမှာ အိမ်ရှင်အားသာချက် ရှိလို့နေပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် ဒီတစ်ခါမှာတော့ ကနေဒါ ကံမကောင်းနိုင်လောက်တော့ပါဘူး။ မော်ရိုကိုရဲ့အားသာချက်က ပြိုင်ပွဲကြီးအတွေ့အအကြုံ မြင့်မားလွန်းတာပါပဲ။ အိမ်ရှင် ကနေဒါဟာ တိုက်စစ်ကို အားပြုပြီး မော်ရိုကို,ကို ခြိမ်းခြောက်ပါလိမ့်မယ်။ မော်ရိုကိုဟာ ကနေဒါကို သူတင်ကိုယ်တင် ယှဉ်ကစားတာမျိုး လုံးဝ မလုပ်လောက်ပါဘူး။ ကနေဒါ ကျွံဝင်လာမယ့်အချိန်ကိုစောင့်ပြီး တန်ပြန်တိုက်စစ်တွဲလုံးတွေကနေ ထိုးဖောက်မယ့်ဗျူဟာကို မော်ရိုကို ပြင်ဆင်ထားနိုင်ပါတယ်။ မော်ရိုကိုရဲ့ကစားပုံနဲ့ ကစားအားက ပိုပြီး အားရစရာကောင်းပါတယ်။ မော်ရိုကို ကပ်နိုင်သွားပါလိမ့်မယ်။







