ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘန်ကောက်တွင် အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခံရသော မြန်မာအမျိုးသမီးဟုယူဆရသူ အလောင်းတွေ့

Dawei Watch

June 12, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခံရသည့် အမျိုးသမီးရုပ်အလောင်းကို တွေ့ရပြီး သေဆုံးသူသည် မြန်မာအမျိုးသမီးဟု ကနဦးယူဆထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၁၁ရက် ညက ရတ်ချထေဝီနယ်မြေ၊ မက်ကစမ်ဒေသ၊ ရတ်ချာပရာဝပ်လမ်းရှိ တိုက်ခန်းထဲတွင် အမျိုးသမီး ရုပ်အလောင်းကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်ပြီး အခန်းအနောက်ရှိ ပလပ်စတစ်ပုံးထဲသို့ ထည့်ထားသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ အလောင်းတွင် ဦးခေါင်းနှင့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ပျောက်ဆုံးနေဆဲဖြစ်ပြီး လွန်ခဲ့သော ရက်များက သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ဖော်ပြသည်။ သေဆုံးသူသည် အခန်းတွင် နေထိုင်သူ အသက် ၃၄ နှစ်အရွယ် မအေးအေးနွယ်ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။ ဇွန်လ ၉ ရက်ကစ၍ သူမနှင့် အဆက်အသွယ်မရတော့သဖြင့် မိသားစုဝင်များက ရဲတပ်ဖွဲ့ထံ […]

ကမ္ဘာ့ဖလားရာသီ ဘောလုံးပွဲ မလောင်းရန် ထိုင်းရဲတပ်ဖွဲ့ သတိပေး

Dawei Watch

June 12, 2026

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရာသီတွင် ပြည်သူများအနေဖြင့် ဘောလုံးပွဲ လောင်းကစား မပြုလုပ်ကြရန် ထိုင်းရဲတပ်ဖွဲ့က သတိပေးလိုက်သည်။ အကယ်၍ စစ်ဆေးတွေ့ရှိပါက လောင်းကစားပြုလုပ်သူနှင့်အတူ ဒိုင်ကိုပါ အရေးယူမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရသူ Siriwat Deepor က ပြောသည်။ လက်ရှိတွင် အာဏာပိုင်များက တရားမဝင် လောင်းကစား ဝက်ဘ်ဆိုဒ်များနှင့် လောင်းကစား ပြုလုပ်သူများကို နှိမ်နှင်းနေဆဲဖြစ်ကြောင်း ဆိုသည်။ လောင်းကစားကြောင့် ငွေကြေးဆုံးရှုံးခြင်း၊ အကြွေးတင်ခြင်း၊ ငွေလိမ်ခံရခြင်းနှင့် အခြားသော ရာဇဝတ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် လောင်းကစားပြုလုပ်သူများနှင့် ဒိုင်များကို နှိမ်နှင်းဖမ်းဆီးမည်ဖြစ်ကြောင်း ပြောဆိုသည်။ ဖမ်းဆီးခံရသူများသည် လောင်းကစားဥပဒေအရ ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ဘတ် ၂၀၀၀ အထိ ကျခံရနိုင်ကြောင်း သတိပေးထားသည်။ ယင်းအပြင် လောင်းကစားပြုလုပ်နိုင်သည့် နည်းလမ်းများကို ကြော်ငြာပေးသူ၊ နှိုးဆော်သူများသည် […]

လောင်းလုံးတောင်ပိုင်းသို့ စစ်အာဏာရှင်တပ်အင်အား တစ်ရာကျော် ထပ်တိုး

Dawei Watch

June 12, 2026

လောင်းလုံးမြို့နယ် တောင်ပိုင်းသို့ စစ်အာဏာရှင်တပ်အင်အား တစ်ရာကျော် ယနေ့ထပ်တိုးပြီး စစ်ကြောင်းထိုးနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှသိရသည်။ အင်အား ၁၂၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၂ ရက် နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ် တောင်ပိုင်းသို့ အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ ထိုစစ်ကြောင်းသည် ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ကမြောကြီးကျေးရွာအုပ်စု၊ ဆိပ်ပင်အင်းကျေးရွာသို့ ရောက်ရှိနေပြီး လူနေအိမ်များတွင် တပ်စွဲထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြာရေးတာဝန်ရှိသူက ပြောသည်။ “အခု ဆိပ်ပင်အင်းရွာထဲမှာ။ စစ်ကြောင်းနဲ့ တွေ့လို့ ထွက်ပြေးတဲ့နှစ်ဦး ပစ်ခံထိပြီး တစ်ဦးထိထားတယ်လို့တော့ သိရတယ်” ဟု ၎င်းက ဆိုသည်။ စစ်အာဏာရှင်တပ်က အရပ်သားကို ပစ်ခတ်သည့်ကိစ္စနှင့် ပတ်သက်၍ Dawei […]

တနင်္သာရီ တကူနှင့် သာရဘွင်တို့တွင် ကွမ်းသီးနု စျေးကောင်းမရ

Dawei Watch

June 12, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုနှင့် သာရဘွင်ကျေးရွာအုပ်စုတို့တွင် ယခုနှစ် ကွမ်းသီးနု အထွက်များသော်လည်း စျေးကောင်းမရကြောင်း ခြံပိုင်ရှင်များထံမှ သိရသည်။ ဇွန်လ ပထမပတ်ကစ၍ ကွမ်းသီးနုများ ခူးယူရောင်းချနေကြပြီဖြစ်ပြီး ပြီးခဲ့သည့်နှစ် စျေးနှုန်းထက် နည်းနေသော်လည်း ဝမ်းရေးအဆင်ပြေရန် ရောင်းချနေကြကြောင်း သာရဘွင်ကျေးရွာအုပ်စုမှ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ ပြီးခဲ့သည့်နှစ်တွင် ကွမ်းသီးနု ရာသီအစတွင် တစ်ပိဿာလျှင် ၁၁,၀၀၀ ကျပ် ဝန်းကျင်စျေးရပြီး ယခုနှစ်တွင်မူ ကျပ် ၇,၀၀၀ ဝန်းကျင်သာ စျေးရကြောင်း ၎င်းက ဆိုသည်။ “စျေးနည်းလည်းပဲ ကောက် (ခူး) ရောင်းနေရတယ်။ စားဖို့သောက်ဖို့ မရှိလို့လေ”ဟု အထက်ပါခြံပိုင်ရှင်က ပြောသည်။ ကွမ်းသီးနု စျေးမရသော်လည်း သူခိုး ခိုးယူမည်ကို စိုးရိမ်သဖြင့် ရသည့်စျေးဖြင့် ခူးယူရောင်းချနေရကြောင်း တကူကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောဆိုသည်။ “နုနေတဲ့ တစ်ခိုင်တွေ့ရင် […]

လောင်းလုံးရှိ ကျေးရွာများတွင် စစ်အာဏာရှင်တပ်က တပ်စွဲထားပြီး နေအိမ်များရိုက်ဖျက်၍ ပစ္စည်းများယူ

Dawei Watch

June 12, 2026

စစ်ပြဲကျေးရွာနှင့် ညင်းမော်ကျေးရွာကို ကူးချီသန်းချီဖြင့် တစ်လှည့်စီနေထိုင်ခြင်းဖြစ်ပြီး ထိုသို့နေထိုင်စဉ်အတွင်း ရွာထဲရှိ နေအိမ်များနှင့် ကုန်စုံဆိုင်များကို ရိုက်ဖျက်ပြီး အစားအသောက်၊ အဝတ်အထည်များကို ရယူသုံးစွဲကာ နေထိုင်ခြင်းဖြစ်ကြောင်းဆိုသည်။

မော်ရိုကိုနဲ့ အုပ်စုအဖွင့်ပွဲကို ဘရာဇီးတိုက်စစ်မှူး နေမာ လွဲချော်မယ်

Dawei Watch

June 12, 2026

ဘရာဇီးအသင်းရဲ့ အသက် ၃၄ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး နေမာ ဟာ ခြေသလုံးကြွက်သား ဒဏ်ရာပြင်းထန်နေတာကြောင့် ဘရာဇီးအသင်းရဲ့ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ရဖို့ သေချာသလောက် ရှိသွားပြီဖြစ်ကြောင်း ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် (CBF) က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဘရာဇီးအသင်း ဆရာဝန် ရိုဒရီဂို လက်စ်မာ က အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာမယ့် နေမာရဲ့ ဒဏ်ရာအခြေအနေကို အတည်ပြုပေးခဲ့တာဖြစ်ပြီး နေမာအနေနဲ့ အခန့်မသင့်ရင် ၂ ပတ်ကနေ ၃ ပတ်လောက်အထိ အနားယူရလိမ့်မယ်လို့ ဒေါက်တာ လက်စ်မာ က ပြောသွားခဲ့ပါတယ်။ “နေမာဟာ မနေ့က ကျန်းမာရေးစခန်းကို လာရောက်သတင်းပို့ခဲ့ပြီး လိုအပ်တဲ့ ဆေးစစ်မှုတွေ အားလုံးကို ခံယူခဲ့ပါတယ်။ ဆေးစစ်ချက်တွေအရ အထူးသဖြင့် MRI ရလဒ်တွေမှာ သူ့ရဲ့ခြေသလုံးကြွက်သားက […]

“ကျွန်တော့်လက်ထက်မှာ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာတော့မယ်”လို့ဆိုတဲ့ ဒေါ်နယ်ထရမ့်

Dawei Watch

June 12, 2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သူ့လက်ထက်မှာ ကျင်းပခွင့်ရရှိတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ သမိုင်းတလျှောက် အအောင်မြင်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဖြစ်လာတော့မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လက်ရှိ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (2026 FIFA World Cup) ပြိုင်ပွဲကြီးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က လက်ရှိ လက်မှတ်ရောင်းချရမှု အခြေအနေတွေအပေါ် အားရကျေနပ်စွာနဲ့ အခုလိုပဲ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ သူ့လက်ထက်မှာ ကျင်းပတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုရောက်မှ တကယ့်ကို ကြီးကျယ်ခမ်းနားလှတဲ့ လက်မှတ်ရောင်းချရမှုကို ဖီဖာက ပိုင်ဆိုင်ခွင့်ရနေတာဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က အသိပေးလိုက်ပါသေးတယ်။ “ဖီဖာဟာ အခုလိုမျိုး ကြီးကျယ်ခမ်းနားလှတဲ့ လက်မှတ်ရောင်းချရမှုကို တစ်ခါမှ မကြုံဖူးသေးပါဘူး။ ဒီလောက်အထိ များပြားလှတဲ့ လက်မှတ်အရေအတွက်ကို ဒီလောက် မြန်မြန်ဆန်ဆန် […]

ထိုင်းတော်ဝင် မင်းသမီး နတ်ရွာစံ

Dawei Watch

June 12, 2026

ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး Bajrakitiyabha Narendiradebyavati သည် သက်တော် ၄၇ နှစ်အရွယ်တွင် နတ်ရွာစံသွားကြောင်း ထိုင်းဘုရင်နန်းတော်က သတင်းထုတ်ပြန်သည်။ တော်ဝင်မင်းသမီးသည် ဇွန်လ ၁၁ ရက် ည ၇ နာရီ ၄၈ မိနစ်တွင် ဘန်ကောက်မြို့ ချူလာလောင်ကွန်းဆေးရုံတွင် နတ်ရွာစံခဲ့ခြင်းဖြစ်သည်။ တော်ဝင်မင်းသမီးသည် နှလုံးရောဂါကြောင့် သတိလစ်မေ့မြောနေသည့် အခြေအနေဖြင့် လွန်ခဲ့သော ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ချူလာလောင်ကွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။ ယခုနှစ် မေလ ၂၁ ရက်နေ့မှစ၍ မင်းသမီးသည် အူမကြီး ရောင်ရမ်းခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်နှုန်း မမှန်ခြင်းနှင့် သွေးခဲခြင်းများကြောင့် အခြေအနေ ပိုမို ဆိုးရွားလာခဲ့ပြီးနောက် ယမန်နေ့ညတွင် နတ်ရွာစံခဲ့ခြင်းဖြစ်သည်။ တော်ဝင်မင်းသမီး Bajrakitiyabha သည် ထိုင်းဘုရင် ဝချီရာ‌ လောင်ကွန်း၏ […]