ထားဝယ်မြို့နယ်တွင် KNLA နှင့် KTLA ဆာကဆောတပ်မတို့ ပစ်ခတ်မှုဖြစ်
Dawei Watch
March 7, 2026ထားဝယ်မြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကော်သူးလေတပ်မတော် (KTLA) ဆာကဆောတပ်မတို့ မတ်လ ၆ရက် နံနက်တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်နှင့် ဒေသ သတင်းအရင်းအမြစ် အချို့ထံမှ သိရသည်။ ဖောင်းတောရွာနှင့် မေတ္တာမြို့ကြားရှိ ကျောက်တွင်းရွာဘက်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ထားဝယ်မြို့နယ် ဖောင်းတောနှင့် ပျားသားချောင်းရွာကြားတွင် KNLA တပ်ရင်း (၁၂) တပ်ဖွဲ့ဝင်များစီးလာသည့် ကားကို KTLA မှ တပ်မမှူး ဗိုလ်အယ်ခွီး (ခေါ်) ဗိုလ်ကော်လဖိုး ဦးဆောင်သည့် ဆာကဆောတပ်မက မတ်လ ၄ရက် ညနေတွင် ခြုံခိုတိုက်ခိုက်သဖြင့် KNLA တပ်ဖွဲ့ဝင် ငါးဦးဒဏ်ရာရကြောင်း KNU က ထုတ်ပြန်ထားသည်။ ထို့ကြောင့် KNU/KNLA တပ်များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်သဖြင့် […]


