CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများ ဖေဖော်ဝါရီ ၁၇ စဖွင့်မည်
Dawei Watch
February 12, 2026ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) အသစ် ထုတ်ပေးရေးစခန်းများကို လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်သည်။ CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချင်းမိုင်၊ စူရတ်ဌာနီနှင့် ချွန်ဘူရီခရိုင်များတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ပေးမည်ဟုဆိုသည်။ CI စာအုပ်အသစ် ပြုလုပ်လိုသူများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် စာအုပ်ဖိုးကုန်ကျစရိတ် ၂၆၇၀ ဘတ်ကို ပေးသွင်းပြီး မိမိပြုလုပ်လိုသော နီးစပ်ရာ CI စခန်းများတွင် ကြိုတင်ရက်ချိန်း ရယူနိုင်ကြောင်း ဖော်ပြထားသည်။ 7-Eleven စတိုးဆိုင်က ပေးလိုက်သော ကြိုတင်ရက်ချိန်းနှင့်အတူ အလုပ်လုပ်ခွင့်လက်မှတ် (Work permit) စာရွက်များကို ကိုင်ဆောင်၍ […]


