ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူ နဘုလယ်ဒေသခံအချို့ စစ်ကြောင်းဝင်သည့် ကောလာဟလကြောင့် ညတွင်းချင်း တိမ်းရှောင်

Dawei Watch

June 11, 2026

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ရှိသည့် နဘုလယ်ဒေသရှိ လဲရှောင်ကျေးရွာတွင် ဇွန်လ ၁၀ ရက် ညသန်းခေါင်က စစ်အာဏာရှင်တပ် စစ်ကြောင်းဝင်ရောက်လာသည်ဟု သတင်းထွက်သောကြောင့် ဒေသခံအချို့ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း ဒေသခံအချို့က ပြောသည်။ လဲရှောင်ကျေးရွာတွင် ဇွန်လ ၁၀ ရက် ည ၁၂ နာရီဝန်းကျင်တွင် အိမ်မောကျနေချိန် စစ်ကြောင်းဝင်ရောက်လာနေသည်ဟု သတင်းစကားကို ရွာသားတစ်ဦးမှ တစ်ဦးသို့ ဖုန်းဖြင့်ဆက်သွယ် ပြောကြားရာမှတစ်ဆင့် အဆိုပါ ကောလာဟလ ထွက်ပေါ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ဒေသခံ အမျိုးသားအချို့မှာ ညတွင်ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အမျိုးသမီးအချို့မှာ အဝတ်အစားများ အဆင်သင့် ပြင်၍ အခြေအနေစောင့်ကြည့်ကာ နေအိမ်တွင် နေခဲ့ရကြောင့် လဲရှောင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “စစ်ကြောင်းက ဘုန်းကြီးကျောင်း ရောက်နေတယ်ဆိုပြီး (ပြောကြတယ်)။ တစ်ညလုံးလည်း မအိပ်ရဘူး။ ဖုန်းတွေပဲ […]

သရက်ချောင်းမြို့တွင် စစ်မှုထမ်းဟောင်းအမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

June 11, 2026

သရက်ချောင်း မြို့မရပ်ကွက်တွင် စစ်မှုထမ်းဟောင်း အမျိုးသားတစ်ဦး ဇွန်လ ၁၀ ရက် နံနက် ၆ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၆၀ ခန့်ရှိ အဆိုပါအမျိုးသားကို လက်ဖက်ရည်ဆိုင်ရှေ့တွင် ဆိုင်ကယ်စီး လူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ပေါ်ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ ကျည်ထိမှန်ဒဏ်ရာဖြင့် အဆိုပါနေရာတွင် သေဆုံးကြောင်း ၎င်းက ပြောဆိုသည်။ သေဆုံးသူသည် သရက်ချောင်းမြို့တွင် နေထိုင်သည့် ဦးဝင်းဇော်ဖြစ်ပြီး ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကိုမူ မသိကြောင်း ဒေသခံအချို့က ပြောသည်။ ဦးဝင်းဇော် ပစ်ခတ်ခံရသည့် နေရာသည် ပန်းတော စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်နှင့် ဓာတ်မီးတိုင် သုံးခုခန့် အကွာတွင် ဖြစ်ကြောင်း အထက်ပါရပ်ကွက်နေသူက ဆိုသည်။ “သူက […]

နေရာထပ်မံရွှေ့ပြောင်းရသည့် သဲဖြူရွာစစ်ရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်

Dawei Watch

June 11, 2026

တနင်္သာရီမြို့နယ် သဲဖြူရွာမှ စစ်ရှောင်များသည် စစ်အာဏာရှင်တပ် စစ်ကြောင်းများ ဝင်ရောက်လာသဖြင့် နေရာထပ်မံရွှေ့ပြောင်းရသောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ မေလ ပထမပတ်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းက သဲဖြူရွာချောင်းဖျား (ဒေသအခေါ်) ဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် သဲဖြူရွာမှ စစ်ရှောင်များမှာ ကြိမ်ချောင်းရွာဘက်သို့ ထပ်မံရွှေ့ပြောင်းရသောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။ စုစုပေါင်း စစ်ရှောင်ဦးရေ သုံးရာဝန်းကျင်ရှိပြီး နှာစေး၊ ချောင်းဆိုးကဲ့သို့ ဖျားနာခြင်းများဖြစ်လျှင် မကုသဘဲ စိုးရိမ်ရသည့် အခြေအနေရောက်မှသာ သဘော့လိပ်ရွာနှင့် တနင်္သာရီမြို့ပေါ် ဆေးခန်းများတွင် သွားရောက်ပြသကြကြောင်း ၎င်းက ဆိုသည်။ “အစားအသောက်မှာ အခက်အခဲဖြစ်တယ်။ ဆေးခန်းက တအားဝေးတယ်။ အချို့တွေက သွားပြကြတယ်။ အချို့တွေက စပ်ဆေးတွေ ဝယ်လာကြတယ်။ မိုးရာသီဖြစ်တော့ […]

ဖွင့်ပွဲကို သုံးနေရာခွဲကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား

Dawei Watch

June 11, 2026

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို သမိုင်းတစ်လျှောက် မကြုံစဖူး ထူးခြားတဲ့ပုံစံနဲ့ စတင်တော့မှာပါ။ နိုင်ငံ ၃ ခုက ပူးတွဲအိမ်ရှင်ဖြစ်ခွင့်ရတာဖြစ်လို့ ဖွင့်ပွဲအခမ်းအနားကို တစ်နေရာတည်းမှာမဟုတ်ဘဲ ၃ နေရာ ခွဲပြီး ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ဇွန်လ ၁၁ ရက် ကြာသပတေးနေ့၊ မက္ကဆီကိုစီးတီးမှာ ကစားမယ့် မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ရဲ့ အဖွင့်ပွဲစဉ်မတိုင်မီ ကမ္ဘာကျော်အဆိုတော် ရှာကီရာ နဲ့ ဘာနာဘွိုင်း တို့က ၂၀၂၆ ကမ္ဘာ့ဖလား တရားဝင်သီချင်းဖြစ်တဲ့ “Dai Dai” ကို ကမ္ဘာ့ဖလားဖွင့်ပွဲစင်မြင့်ထက်မှာ သီဆိုဖျော်ဖြေပြီး ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာစံတော်ချိန်အရ ဖွင့်ပွဲအခမ်းအနားဟာ ဇွန်လ ၁၂ ရက်၊ မနက် ၁ နာရီခွဲ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ဖွင့်ပွဲအဖြစ် […]

ရေးမြောက်ပိုင်းကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေ

Dawei Watch

June 11, 2026

မွန်ပြည်နယ်၊ ရေးမြောက်ပိုင်းဘက်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်း ပြန်ထိုးနေသည့်အတွက် ဒေသတွင်း တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ အင်အား ၁၅၀ ကျော်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဇွန် ၈ ရက်နေ့ နံနက်ပိုင်းမှစပြီး ရေးမြို့နယ် မြောက်ပိုင်းဒေသရှိ မော့ကနင်၊ နှစ်ကရင်၊ သပြေရွာသစ်၊ ကော့ဒွတ်၊ သပြေကျေးရွာဘက်သို့ လူစုခွဲပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် တစ်ရွာဝင် တစ်ရွာထွက် လှည့်ပတ်စစ်ကြောင်းထိုးနေသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ “စစ်ကြောင်းဝင်ရင် တိုက်ပွဲက ဖြစ်နိုင်တယ်လေ။ တစ်ဖက်မှာက လက်နက်ကိုင်အဖွဲ့တွေ ရှိနေတယ်။ တိုက်ပွဲဖြစ်မှာလည်း ကြောက်ရတယ်။ ပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲမှာလည်း ကြောက်ရ။ စစ်ကြောင်းနဲ့ တွေ့လို့ ဖမ်းခံရမှာလည်း […]

မဲဆောက်ဈေးထဲတွင် မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

Dawei Watch

June 11, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဖာကျရေးဈေးထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖာကျရေးဈေးထဲတွင် မြန်မာနိုင်ငံသားများက ဥပဒေအရ တားမြစ်အလုပ်များ လုပ်ကိုင်နေသည်ဟု တိုင်ကြားလာသဖြင့် ဇွန်လ ၁၀ ရက်နေ့က မဲဆောက်အုပ်ချုပ်ရေးမှူးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များ ဈေးထဲရောက်လာစဉ် မြန်မာနိုင်ငံသားအချို့ ထွက်ပြေးသွားခဲ့ပြီး ဈေးထဲ တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့သည့် အသေးစိတ်အကြောင်းရင်းများကိုမူ သတင်းများတွင် ဖော်ပြထားခြင်းမရှိပေ။ ဖမ်းဆီးခံရသူများကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် မဲဆောက်ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ မဲဆောက်မြို့ထဲတွင် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်မှု မရှိရေး အာဏာပိုင်များက အပတ်စဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ […]

ထိုင်းတွင် ကမ္ဘာ့ဖလားကို Monomax ရုပ်သံလိုင်းတွင် ပြသမည်

Dawei Watch

June 11, 2026

ထိုင်းစံတော်ချိန် မနက်ဖြန်(ဇွန် ၁၂)မနက် ၂ နာရီတွင် စတင်မည့် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကို ထိုင်းရုပ်သံလိုင်းဖြစ်သော Monomax တွင် ပြသသွားမည်ဖြစ်သည်။ ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပွဲများ မစတင်မီ နာရီပိုင်းအလိုတွင် Jasmine International Plc (JAS) ကုမ္ပဏီက ရုပ်သံထုတ်လွှင့်ခွင့်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ဖလား ဘောလုံးပွဲပေါင်း ၁၀၄ ပွဲကို Monomax ရုပ်သံလိုင်းနှင့် အက်ပလီကေးရှင်းတွင် ပြသသွားမည်ဖြစ်ပြီး ပုံမှန်လစဉ်ကြေးဖြင့် ဝယ်ယူထားသူများအားလုံး ကြည့်ရှုခွင့်ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ နောက်ထပ် ကမ္ဘာ့ဖလား ဖွင့်ပွဲများနှင့် ဗိုလ်လုပွဲစဉ်များ အပါအဝင် ပွဲစဉ် တစ်ဝက်ကိုလည်း အခမဲ့ ရုပ်သံလိုင်းများတွင် ပြသနိုင်ရေး ညှိနှိုင်းပြီးလျှင် ထုတ်ပြန်ပေးမည်ဟုဆိုသည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကို နိုင်ငံပေါင်း ၄၈ […]

ဘန်ကောက်တွင် မြန်မာအမျိုးသမီး အခန်းထဲ ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံး

Dawei Watch

June 11, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာအမျိုးသမီးတစ်ဦးသည် အခန်းထဲ တစ်ဦးတည်း နေထိုင်နေစဉ် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဘန်ခွန်ထီယမ်နယ်မြေ ထာ့ခရမ်းဒေသရှိ အခန်းထဲတွင် ဇွန်လ ၁၀ ရက်က အသက် ၃၅ နှစ်အရွယ် မအိမွန်ထွေးသည် သေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က အလောင်းကို စစ်ဆေးရာ ချွန်ထက်သော အရာဖြင့် လည်ပင်း၊ ရင်ဘတ်နှင် ဝမ်းဗိုက်များကို ထိုးသွင်းခံထားရကြောင်း ဖော်ပြသည်။ အလောင်းသည့် ပုပ်ပွနေပြီဖြစ်သဖြင့် လွန်ခဲ့သော နှစ်ရက်ခန့်က သေဆုံးခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။ အလောင်းအနီးတွင် တွေ့သည့် သွေးစွန်းနေသည့် ခြေရာများသည် အခန်းအနောက်တံခါးသို့ ဦးတည်နေသဖြင့် တရားခံ လူသတ်မှု ကျူးလွန်ပြီးနောက် ထွက်ပြေးသွားသည့် လမ်းကြောင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ သေဆုံးသူသည် အဆိုပါအခန်းတွင် […]