ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါထားဝယ်ခရိုင်တွင် ဒေသခံပြည်သူများ၏ ဖုန်းလိုင်းများ ဖြတ်တောက်ခံနေရပြီး စစ်အစိုးရကို ဖုန်းအတွက် အခွန်မပေးဆောင်၍ လိုင်းပိတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ဖုန်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။ စစ်အစိုးရသည် မိုဘိုင်းဖုန်းများကို ထိန်းချုပ်မည့် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို မတ်လ ပထမပတ်မှစပြီး စတင်အကောင်အထည်ဖော်လာပြီးနောက် ထိုကဲ့သို့ ဖုန်းလိုင်းများ ဖြတ်တောက်ခံလာရခြင်းဖြစ်သည်။ စစ်အစိုးရမှ အကောင်အထည်ဖော်နေသည့် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) ထဲတွင် မိမိဖုန်းရှိ ဂဏန်း ၁၅ လုံးပါရှိသော IMEI နံပါတ်ကို မှတ်ပုံတင်ရမည်ဖြစ်ပြီး ထိုသို့မှတ်ပုံတင်ထားခြင်းမရှိသော ဖုန်းများအား မြန်မာပြည်ရှိ မည်သည့်ဆင်းကတ်ကိုမှ ထည့်သုံးနိုင်ခြင်းမရှိအောင် ဆောင်ရွက်ထားခြင်းဖြစ်သည်။ IMEI နံပါတ်ကို မှတ်ပုံမတင်ရသေးသော ဖုန်းဖြစ်ပါက ဖုန်းထဲသို့ ဆင်းကတ်စထည့်ချိန်မှစပြီး ရက်ပေါင်း ၃၀ တိတိ ပုံမှန်အတိုင်း ဖုန်းခေါ်ဆိုခြင်းနှင့် အင်တာနက်သုံးစွဲခြင်းတို့ကို အသုံးပြုနိုင်မည်ဖြစ်သော်လည်း […]
ထားဝယ်မြို့ပေါ်တွင် ထီးဆောင်းပြီး ဆိုင်ကယ်မောင်းနှင်သူအချို့ကို ယာဉ်ထိန်းရဲနှင့်ပူးပေါင်းအဖွဲ့က ဖမ်းဆီး အရေးယူကြောင်း မျက်မြင်တွေ့ရှိသည့် မြို့ခံအချို့ထံမှ သိရသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့သည် ယနေ့ ဇွန်လ ၁၀ ရက် နံနက် ၇ နာရီခန့်၌ DDPC လမ်းဆုံ မီးပွိုင့်တွင် ကား၊ ဆိုင်ကယ်များကို ရှောင်တစ်ခင်စစ်ဆေးကြောင်း ခရီးသွားဒေသခံများက ပြောသည်။ ယင်းသို့စစ်ဆေးနေစဉ် ထီးဆောင်း၍ သွားလာနေသည့် မော်တော်ဆိုင်ကယ်နှစ်စီးကို DDPC မီးပွိုင့်တွင် ခေါ်ယူစစ်ဆေးပြီး အရေးယူခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ခရီးသွားမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ ထီးဆောင်းပြီး ဆိုင်ကယ်မောင်းနှင်သဖြင့် ဖမ်းဆီးအရေးယူခြင်းဖြစ်သည်ဟု ပြောဆိုမှုကို ကြားရသလို ဒဏ်ငွေ ပေးဆောင် သည်ကိုလည်း မြင်တွေ့ခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။ ဒဏ်ငွေ မည်မျှ ပေးဆောင်ရသည်ကိုမူ သေသေချာချာ […]
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်သည့် အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ရေးချောင်းဖျားဒေသကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဇွန်လ ၃ ရက် နံနက် ၁ နာရီဝန်းကျင်တွင် ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင်လည်း ဝေဟင် ကင်းထောက်မှု နေ့တိုင်းလိုလို ရှိနေသဖြင့် လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်မည်ကို စိုးရိမ်ကြောက်လန့်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။ “လေယာဉ်နဲ့ ဗုံးလာကြဲပြီးကတည်း ဘယ်သူမှ မနေရဲကြတော့ဘူး။ အနီးအနားက လူတွေလည်း ပြောင်းကုန်ကြတယ်။ တချို့ကလည်း ရေးမြို့ပေါ်ကို ပြောင်းသွားကြတယ်။ တချို့ကလည်း ကိုယ့်အသိရှိတဲ့ တခြားရွာဘက်ကို ပြောင်းကြတယ်။” ဟု ရေးချောင်းဖျားဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် […]
မွန်ပြည်နယ်အတွင်း အတွဲလိုက် ဆောင်းဘောက်စ်များကို ထိရောက်စွာအရေးယူရန် စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲက ပေါ်ပေါက်လာသည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်။ ယမန်နေ့ ဇွန်လ ၉ ရက်တွင် ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဘီးလင်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက တင်သွင်းခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေး ထိခိုက်နိုင်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေသည့် အတွဲလိုက် ဆောင်းဘောက်စ်များ ဖွင့်လှစ်မှုများကို ထိရောက်စွာ အရေးယူ တားဆီးပိတ်ပင်ပေးရန် အဆိုတင်ခဲ့သည်။ သာရေး နာရေး၊ ဘာသာရေးပွဲတော်များတွင် အတွဲလိုက် ဆောင်းဘောက်စ်များ အသုံးပြုမှု တစ်စတစ်စ ကျယ်ပြန့်လာကြောင်း ၎င်းက ပြောသည်။ အဆိုပါ အဆိုကို လွှတ်တော်တွင် ဆွေးနွေးရန် လွှတ်တော်က သဘောတူခဲ့သည်။ ဆောင်းဘောက်စ် ဖွင့်ရာတွင် စည်းကမ်းရှိရှိ စနစ်တကျ ဖြစ်ရန်လိုအပ်ကြောင်း မုဒုံမြို့နယ်ခံတစ်ဦးက […]
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် တရားဝင်ခွင့်ပြုချက် မရှိဘဲ တစ်လလျှင် အသားလုံး တန် ၃၀ ခန့် ထုတ်လုပ်နေသော အသားလုံး (လုချင်း) စက်ရုံကို အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးလိုက်သည်။ ပထုံဌာနီခရိုင် လမ်လုကာဒေသရှိ အသားလုံးစက်ရုံကို FDA အဖွဲ့အပါအဝင် CIB နှင့် စားသုံးသူဦးစီးဌာနက ဇွန်လ ၉ ရက်တွင် ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ စားသုံးသူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မှတ်ပုံတင်အထောက်အထားဆိုင်ရာ ဥပဒေများကို ချိုးဖောက်ထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း ဆိုသည်။ အထူးသဖြင့် စက်ရုံထဲရှိ ပစ္စည်းများသည် FDA ထောက်ခံချက် မရှိခြင်း၊ သက်တမ်းကုန်ဆုံးနေခြင်း၊ အချို့ပစ္စည်းများတွင် ထောက်ခံချက်နံပါတ် အတုများကို အသုံးပြုထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။ စက်ရုံသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတည်းက ထုတ်လုပ်မှု […]
ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် နေအိမ်နှင့် ကုန်စုံဆိုင်များကို ဖောက်ထွင်းပြီး ယူဆောင်လာသည့် ပစ္စည်းများ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ပြည်ထောင်စုလမ်းမတွင် ခင်းကျင်းကာ ရောင်းချနေကြောင်း မျက်မြင်တွေ့ရှိသည့် ခရီးသွားများက ပြောသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်တွင် စစ်အာဏာရှင်တပ်က မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့တွင်းရှိ ကုန်စုံဆိုင် များနှင့် အိမ်များတွင်ရှိသည့် ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည်တို့ကို ကားများဖြင့် သယ်ယူနေကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါပစ္စည်းများကို စစ်ကူလာပို့သည့် ကားဖြင့် စစ်အာဏာရှင် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းအခြေစိုက်သည့် ကမ္မလိုင်းကျေးရွာသို့ သယ်ဆောင်သွားကြောင်း ၎င်းတို့က ပြောဆိုသည်။ ကမ္မလိုင်းရွာသည် တနင်္သာရီမြို့နှင့် မောတောင်မြို့ကြား တည်ရှိသည်။ ယင်းနောက် ကမ္မလိုင်းကျေးရွာ ဘုန်းကြီးကျောင်းရှေ့ရှိ ပြည်ထောင်စုလမ်းမတွင် ဇွန်လ ၇ရက်က ခင်းကျင်းကာ […]
ထားဝယ်မြို့တွင် ဇွန်လပထမပတ်အတွင်း လူငယ်အမျိုးသား ငါးဦးထက်မနည်း အဓမ္မစစ်မှူထမ်းစုဆောင်းခံရကြောင်း မြို့ခံများက ပြောသည်။ ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကြား မြစ်ကူးတံတားဖြစ်သည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၇ ရက် နံနက် ၆နာရီခွဲခန့်တွင် ခရီးသွားလူငယ် လေးဦးထက်မနည်းကို စစ်အာဏာရှင်တပ်၏ စစ်မှူထမ်းစုဆောင်းရေးအဖွဲ့က ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်းစုဆောင်းကြောင်း မြို့ခံခရီးသွားအချို့က ဆိုသည်။ “တစ်ယာက်က စက်ဘီးနဲ့ ထားဝယ်ဘက်ကနေလာတဲ့အချိန် အခေါ်ခံရတယ်၊ နောက် အဲဒီအချိန်မှာပဲ အလုပ်သမားတွေ တင်လာတဲ့ သုံးဘီး ဆိုင်ကယ်ပေါ်ပါလာတဲ့ အလုပ်သမားတွေ သုံးဦးလောက်ရှိမယ် သူတို ခေါ်ချသွားတာ” ဟု ကိုယ်တိုင် တွေ့ရသည့် မြို့ခံခရီးသွားတစ်ဦးကပြောဆိုသည်။ ယင်းအပြင် ဇွန်လ ၈ ရက် ညကလည်း ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက် ၊ မီးသုံးလုံး လမ်းဆုံအနီးနေအိမ်တစ်အိမ်တွင် လူငယ်တစ်ဦး […]