ထားဝယ်တွင် ယခုနှစ် ဆားအထွက်နှုန်းကောင်း
Dawei Watch
June 10, 2026ထားဝယ်ခရိုင်တွင် ယခုနှစ် ဆားထုတ်လုပ်သည့်ရာသီတွင် ဖျက်မိုးနည်းသဖြင့် ဆားအထွက်နှုန်းကောင်းကြောင်း ဆားလုပ်တောင်သူအချို့က ပြောသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်းမှာ ဖျက်မိုးများခြင်း၊ မိုးရိပ်တတ်ခြင်း စသည်တို့ကြောင့် ဆားအထွက်နှုန်း လျော့ကျခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်တွင်သာ ဆားအထွက် ကောင်းလာကြောင်း ထားဝယ်မြို့ရှိ ရွှေပြည်သား ဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ဆိုသည်။ ယခုနှစ်တွင် နွေမိုးရွာသွန်းမှု နည်းပါးခြင်း၊ ဖျက်မိုးနည်းခြင်းတို့ကြောင့် ဆားအထွက်ကောင်းခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ယခင်နှစ်များက ဧက ၂၀၀ ခန့်ရှိ ဆားကွင်းနှစ်ကွင်းတွင်ဆိုလျှင် ဆားပိဿာချိန် ၁၃ သိန်းမှ ၁၈ သိန်းခန့်သာ ထွက်ခဲ့သော်လည်း ယခုနှစ်တွင် ဆားပိဿာချိန် ၂၅ သိန်းခန့်ထွက်ရှိကြောင်း ဦးသန်းဝင်းက ပြောသည်။ “အရင်နှစ်တွေက ရာသီမကောင်းဘူး။ ဒီနှစ်က ဖျက်မိုးနည်းတယ်” […]


