ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရနောင်းတွင် ကော့သောင်းဒေသခံ လူငယ်အမျိုးသားတစ်ဦး အမိုးပေါ်မှပြုတ်ကျသေဆုံး

June 10, 2026

ထိုင်း – မြန်မာနယ်စပ် ရနောင်းမြို့တွင် ဇွန်လ ၈ ရက်နေ့က အသက် ၂၉ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး ဂိုဒေါင်အမိုးအပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသူသည် ကော့သောင်းမြို့မှ ကိုမိုးစက်သန့်ဖြစ်ကြောင်း ၎င်း၏မိတ်ဆွေများထံမှ သိရသည်။

ကိုမိုးစက်သန့်သည် ပြီးခဲ့သည့် ၂ နှစ်ခန့်ကတည်းက ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ဆောက်လုပ်ရေး (ပန်းရံ) လုပ်ငန်းခွင်များ၌ အလုပ်လုပ်နေသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

သို့သော် ပြုတ်ကျသေဆုံးခဲ့သည့် ဂိုဒေါင်သည် ကိုမိုးစက်သန့် အလုပ်လုပ်နေသည့် လုပ်ငန်းခွင်မဟုတ်ဘဲ သွားရောက်ကူညီပေးရင်း ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏မိတ်ဆွေတစ်ဦးက ပြောသည်။

“ဆောက်လုပ်ရေးဆိုက် (လုပ်ငန်းခွင်) မှာ ဖြစ်တာမဟုတ်ဘူး။ ဒီတိုင်းလာခေါ်ပြီး ပြင်ခိုင်းလို့ သွားလုပ်ပေးတာပါ။ ဂိုဒေါင်အမိုးတက်ပြင်ရင်း အုတ်ကြွပ်ပြားဆွေးပြီး ခြေချော်ကျတာလို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။

ကိုမိုးစက်သန့်၏ ရုပ်အလောင်းကို ဇွန်လ ၉ ရက်က ရနောင်းမြို့မှ ပြန်သယ်လာခဲ့ပြီး မနက်ဖြန် ဇွန်လ ၁၁ ရက်တွင် ကော့သောင်းမြို့တွင် သင်္ဂြိုဟ်မည်ဖြစ်သည်။

ပုံစာ – ကိုမိုးစက်သန့်။