ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးတွင် တော်လှန်ရေးရဲဘော်အချို့ ကျောင်းကားများကို စစ်ဆေးနေချိန် စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်

Dawei Watch

June 8, 2026

လောင်းလုံးမြို့နယ်ရှိ လမ်းပိုင်းတစ်နေရာတွင် တော်လှန်ရေးရဲဘော်အချို့ ယနေ့ ဇွန်လ ၈ရက် နံနက်ပိုင်းက ကျောင်းပို့သည့် ကားများကို စစ်ဆေးနေချိန် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံခရီးသွားများနှင့် တော်လှန်ရေးအင်အားစု များက ပြောသည်။ လောင်းလုံးမြို့နယ်ဘက်မှ ထားဝယ်မြို့ပေါ် ရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်မည့် ကျောင်းသူ ကျောင်းသား များကို တင်ဆောင်လာသည့် မော်တော်ယာဉ်များကို တော်လှန်ရေးရဲဘော်အချို့ က လောင်းလုံး-ထားဝယ် လမ်းပိုင်း တစ်နေရာတွင် စစ်ဆေးကြောင်း ဒေသခံများနှင့် ကျောင်းသားမိဘများက ဆိုသည်။ ယင်းသို့ စစ်ဆေးနေချိန် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “တော်လှန်ရေးဘော်တချို့ စစ်ဆေးနေချိန်မှာ လက်နက်ကြီးတစ်လုံး လာကျတယ်လို့တော့ မနက်က ကြားရတယ်။ ဒီနေ့ စစ်ဆေးရာမှာတော့ ပကဖ ရဲဘော်တွေ မပါဘူး” ဟု […]

ဖိလစ်ပိုင် အင်အားပြင်းငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်

Dawei Watch

June 8, 2026

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းအနီး ပင်လယ်ပြင်တွင် ယနေ့ ဇွန်လ ၈ ရက်နေ့က ရစ်ချ်တာစကေး ၇ ဒဿမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့၍ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားသည်။ ဖိလစ်ပိုင်နှင့် အိမ်နီးချင်းအင်ဒိုနီးရှားနိုင်ငံတို့တွင် အမေရိကန်နိုင်ငံ ဆူနာမီသတိပေးစနစ်က ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားပြီး ကမ်းရိုးတန်းဒေသပြည်သူများကို ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းကြရန် တိုက်တွန်းထားသည်။ ငလျင်ဗဟိုချက်အနီးရှိ ဖိလစ်ပိုင်နိုင်ငံ ဆာရန်ဂါနီပြည်နယ်တွင် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေပြီး စာသင်ကျောင်းများကို ယာယီပိတ်ထားရကြောင်း ဒေသအခြေစိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြီးအကဲ ရီနေး ပွန်ဇာလန်က ဆိုသည်။ ငလျင်ဗဟိုချက်မှ ၁၅ ကီလိုမီတာခန့်အကွာရှိ ဖိလစ်ပိုင်နိုင်ငံ ၊ ဂျင်နရယ်ဆန်းတို့စ်မြို့တွင် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခဲ့ပြီး ဒေသခံပြည်သူများ နေအိမ်အတွင်းမှ ထွက်ပြေးကြရပြီး အိမ်ထဲရှိ ပရိဘောဂများ ပြုတ်ကျကာ ပစ္စည်းများ […]

ချွန်ဘူရီရှိ ဆောက်လုပ်ရေးတွင် အမြင့်က ပြုတ်ကျသည့် မြန်မာလုပ်သားတစ်ဦး ဆေးကုသခွင့်မရဘဲသေဆုံး

Dawei Watch

June 8, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် မြန်မာအလုပ်သမားတစ်ဦး အလုပ်လုပ်နေစဉ် အမြင့်က ပြုတ်ကျပြီး ဒဏ်ရာအပြင်းအထန်ရသော်လည်း ဆေးကုသခွင့် မရသဖြင့် သေဆုံးကြောင်း အမှုကိုကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ဇွန်လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က ဖနတ်နိခွန်ဒေသတွင် အသက် ၂၉ နှစ်အရွယ် ကိုလှိုင်မြင့်သည် တရုတ်နိုင်ငံသားပိုင် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေရင်း အမြင့်က ပြုတ်ကျခဲ့သည်။ ကိုလှိုင်မြင့်ကို ဆေးရုံသို့ ပို့ဆောင်းပေးမည်ဟုဆိုကာ ထိုင်းနိုင်ငံသားတစ်ဦးက ကားဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။ သို့သော်လည်း ဆေးရုံသို့ လုံးဝ ပို့ဆောင်ခဲ့ခြင်းမရှိဘဲ ဘုန်းကြီးကျောင်းသို့ ပို့ဆောင်ခဲ့ပြီး ည ၇ နာရီခန့်တွင် အလောင်းကို မီးသင်္ဂြိုဟ်ပြီးဖြစ်သည်ဟု မိသားစုဝင်များထံ အကြောင်းကြားလာခဲ့ကြောင်း WAG အဖွဲ့မှ […]

အိန္ဒိယပိုးဟပ်ပါတီ ထောက်ခံသူများ ပထမဆုံးအကြိမ် လမ်းပေါ် ထွက်ဆန္ဒပြ

Dawei Watch

June 7, 2026

အိန္ဒိယနိုင်ငံတွင် လူမှုကွန်ရက်၌ အကြီးအကျယ် ရေပန်းစားနေသည့် ပိုးဟပ်ပြည်သူ့ပါတီ (CJP) ကို ထောက်ခံသူ ရာပေါင်းများစွာသည် မြို့တော်ဒေလီတွင် ဇွန်လ ၆ ရက်က စုဝေးဆန္ဒပြကြသည်။ ယင်းမှာ ပိုးဟပ်ပြည်သူ့ပါတီ (CJP) ထောက်ခံသူများ၏ ပထမဆုံးအကြိမ် လမ်းပေါ်ဆန္ဒပြပွဲ ဖြစ်သည်။ ပညာရေး၊ အလုပ်အကိုင်၊ စီးပွားရေးအခွင့်အလမ်းများနှင့် ပတ်သက်၍ အိန္ဒိယလူငယ်များအကြား ကြီးထွားလာနေသည့် မကျေနပ်မှုများအပေါ် အခြေခံသည့် စနေနေ့က ဆန္ဒပြပွဲသည် ပိုးဟပ်ပြည်သူ့ပါတီ အွန်လိုင်းလှုပ်ရှားမှုကို ပိုမိုကျယ်ပြန့် သည့် လူထုလှုပ်ရှားမှုအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိ ကနဦးစမ်းသပ်မှုတစ်ခု ဖြစ်သည်။ ပိုးဟပ်ပြည်သူ့ပါတီ အွန်လိုင်းလှုပ်ရှားမှုကို စတင်တည်ထောင်ခဲ့သူ အဗ်ဟီဂျီးတ် ဒစ်ပ်ကေးသည် စနေနေ့က ဆန္ဒပြပွဲတွင် ပါဝင်ရန် အမေရိကန်ပြည်ထောင်စုမှ နယူးဒေလီမြို့သို့ စနေနေ့က ရောက်ရှိလာခဲ့သည်။ ရဲတပ်ဖွဲ့သည် နယူးဒေလီ အပြည်ပြည်ဆိုင်ရာလေဆိပ်၏ […]

ကန်ချနဘူရီတွင် ဆော့ကစားရင်း ၇ နှစ်အရွယ် မိန်းကလေး သေဆုံးသွား၍ အလောင်းစွန့်ပစ်ဟုဆို

Dawei Watch

June 6, 2026

အိမ်တွင် ဆယ်ကျော်သက်အရွယ် အစ်မ၊ ဦးလေးဖြစ်သူတို့နှင့်အတူ ကစားနေကြစဉ် ကလေး၏ ခေါင်းကို အိတ်ဖြင့် စွပ်ထားမိခဲ့ရာမှ သေဆုံးသွားခြင်းဟု ဆိုသည်။

သရက်ချောင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်အာဏာရှင်တပ်ဖွဲ့ ပစ်ခတ်သဖြင့် KNLA ရဲဘော်တစ်ဦးသေဆုံး

Dawei Watch

June 6, 2026

သရက်ချောင်းမြို့နယ် မင်းဒပ်ရွာဝန်းကျင်တွင် ကင်းပုန်းဝပ်နေသည့် စစ်အာဏာရှင်တပ်ဖွဲ့က ပစ်ခတ်သဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၂) တပ်ခွဲ (၂) က ရဲဘော်တစ်ဦးသေဆုံးကြောင်း တပ်ခွဲတာဝန်ရှိသူတစ်ဦးနှင့် ဒေသခံအချို့က ပြောသည်။ ဇွန်လ ၄ရက် နံနက် ၇ နာရီခန့်တွင် KNLA တပ်ခွဲ (၂) က ရဲဘော်တစ်ဦးနှင့် အရပ်ဝတ် ဝတ်ထားသည့် ထောက်ပို့တစ်ဦးတို့ မင်းဒပ်ရွာဘက်သို့ ဆိုင်ကယ်ဖြင့်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ KNLA ရဲဘော်မှာ ကျည်ထိမှန်သေဆုံးပြီး ထောက်ပို့ဖြစ်သူမှာ လက်တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက် လာကြောင်း ၎င်းတို့က ပြောဆိုသည်။ “ခါတိုင်းလည်း သွားနေကျဆိုတော့ စကမတပ်တွေ မရှိဘူးပဲထင်တာ။ စကမတပ်တွေက အရပ်ဝတ်တွေလည်း ဝတ်ထား သလို တချို့လည်း PDF ယူနီဖောင်းတွေ ဝတ်ထားတယ်လို့ပြောတယ်၊ […]

လောင်းလုံးတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ ခရီးသွား သားအမိနှစ်ဦးဒဏ်ရာရ

Dawei Watch

June 5, 2026

လောင်းလုံးမြို့နယ်တွင် မေလတတိယပတ်မှစတင်ကာ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကော့သောင်းမှာ စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ် တိုက်ခိုက်

Dawei Watch

June 5, 2026

မိနစ် ၃၀ ကျော်အကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်သားတွေ အထိနာပြီး ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။