ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဖိလစ်ပိုင် အင်အားပြင်းငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်

June 8, 2026

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းအနီး ပင်လယ်ပြင်တွင် ယနေ့ ဇွန်လ ၈ ရက်နေ့က ရစ်ချ်တာစကေး ၇ ဒဿမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့၍ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားသည်။

ဖိလစ်ပိုင်နှင့် အိမ်နီးချင်းအင်ဒိုနီးရှားနိုင်ငံတို့တွင် အမေရိကန်နိုင်ငံ ဆူနာမီသတိပေးစနစ်က ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားပြီး ကမ်းရိုးတန်းဒေသပြည်သူများကို ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းကြရန် တိုက်တွန်းထားသည်။

ငလျင်ဗဟိုချက်အနီးရှိ ဖိလစ်ပိုင်နိုင်ငံ ဆာရန်ဂါနီပြည်နယ်တွင် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေပြီး စာသင်ကျောင်းများကို ယာယီပိတ်ထားရကြောင်း ဒေသအခြေစိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြီးအကဲ ရီနေး ပွန်ဇာလန်က ဆိုသည်။

ငလျင်ဗဟိုချက်မှ ၁၅ ကီလိုမီတာခန့်အကွာရှိ ဖိလစ်ပိုင်နိုင်ငံ ၊ ဂျင်နရယ်ဆန်းတို့စ်မြို့တွင် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခဲ့ပြီး ဒေသခံပြည်သူများ နေအိမ်အတွင်းမှ ထွက်ပြေးကြရပြီး အိမ်ထဲရှိ ပရိဘောဂများ ပြုတ်ကျကာ ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသအခြေစိုက် DZBB က သတင်းထုတ်ပြန်ခဲ့သည်။

ငလျင်ဒဏ်ကြောင့် လူသုံးဦးထက်မနည်း သေဆုံးပြီး လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Source: Reuters