ထိုင်း-မြန်မာနယ်စပ် KNLA ဘောဓိဂိတ်ကို KTLA ဆာကဆောတပ်မ ဝင်ရောက်တိုက်ခိုက်မီးရှို့ဟု KNUဆို
Dawei Watch
March 13, 2026ထိုင်း-မြန်မာနယ်စပ်ရှိ KNLA တပ်ဖွဲ့၏ ဘောဓိနယ်စပ်ဂိတ်ကို KTLA က ဆာကဆောတပ်မက ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။ ကော်သူးလေတပ်မတော်-KTLA ဆာကဆောတပ်မ တပ်မမှူး ဗိုလ်အယ်ခွီး (ခ) ကော်လဖိုး ဦးဆောင်သည့် တပ်ဖွဲ့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ ထီးမိုပွာဒေသ ဘောဓိ-အမိုနယ်စပ်လုံခြုံရေးဂိတ်ကို ယနေ့ မတ်လ ၁၃ရက် နံနက် ၆ နာရီတွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “ကျွန်တော်တို့ဘက်ကတော့ (ထိခိုက်သေဆုံးမှု) မရှိဘူး။ သူတို့ဘက်က (ထိခိုက်တာရှိမရှိ) လည်း ကျွန်တော်တို့ အသေးစိတ် […]


