စစ်အစိုးရရုံးစိုက်ရာ မော်လမြိုင်မြို့တွင် ဒုစရိုက်မှုများလာသဖြင့် စိုးရိမ်ကြောင်း မြို့ခံများပြော
Dawei Watch
July 23, 2026မွန်ပြည်နယ် စစ်အစိုးရရုံးစိုက်ရာ မော်လမြိုင်မြို့ပေါ်တွင် ခိုးမှု၊ လုယက်မှု၊ လိမ်လည်မှု၊ လုယက် လူသတ်မှု အစရှိသည့် ဒုစရိုက်မှုများ ပေါများလာသဖြင့် အများပြည်သူလုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာကြောင်း မြို့ခံများက ပြောသည်။ စစ်အာဏာရှင်တပ် လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးတင်းကျပ်ထားသော်လည်း မော်လမြိုင်မြို့ပေါ်တွင် ခိုးမှု၊ လုယက်မှုများ အပြင် လုယက် လူသတ်သည့်ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွားနေကြေင်း ၎င်းတို့က ဆိုသည်။ “မော်လမြိုင်မှာ ခိုးတာ လုယက်တာတွေက တော်တော်ကို ဆိုးလာပါတယ်။ ဆိုင်ကယ်ဆိုရင် နေ့တိုင်း အခိုးခံထိနေတယ်။ စျေးမှာလည်း အခိုးခံထိတယ်။ ဆေးရုံမှာလည်း ခိုးတယ်။ အိမ်ထဲထိကို ဝင်ခိုးခံနေရတယ်။ CCTV တပ်ထားလည်း ဘာမှလုပ်လို့ မရဘူး။ သူခိုးတွေက မိန်းကလေးတွေလည်း ပါတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ ဇူလိုင်လ ၂ ရက်က […]


