ဖူးခက်တွင် မြန်မာတစ်ဦး အရက်မူးပြီး မောင်းလာသောကား ဆိုင်ကယ်များကိုဝင်တိုက်၊ နှစ်ဦးသေဆုံး
Dawei Watch
July 27, 2026ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦး အရက်မူးပြီး မောင်းလာသော ကားသည် ဆိုင်ကယ်များကို ဝင်တိုက်ခဲ့ရာမှ ထိုင်းနိုင်ငံသား နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၂၅ ရက် ည ၇ နာရီခွဲခန့်က ဖူးခက်မြို ထလန်ဒေသ ရေတံခွန်သို့ အဝင်လမ်းပေါ်တွင် ကားတစ်စီးက ဆိုင်ကယ်များကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ရေတံခွန်လမ်းမှ ထွက်လာသော ပစ်ကပ်ကားသည် လမ်းမတွင် မောင်းနှင်နေသော ဆိုင်ကယ်ကို ဝင်တိုက်ခဲ့သဖြင့် ဆိုင်ကယ်စီးလာသော အသက် ၂၄နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ယင်းအချိန် ကားသည် မရပ်တန့်ဘဲ အရှိန်မြှင့်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့စဉ် အနီးရှိ ဆိုင်ရှေ့တွင် ရပ်နား ထားသော ဆိုင်ကယ်နှင့် လူများကို ဝင်တိုက်ခဲ့သဖြင့် နောက်ထပ် သုံးဦး […]


