ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်အုပ်စုက ကော့သောင်း-ရနောင်း နယ်စပ်တွင် စစ်ဆေးမှု ပိုတင်းကျပ်လာ

Dawei Watch

July 27, 2026

“CDM ဝန်ထမ်းတွေဖြစ်နေရင် စာအုပ်မလုပ်ပေးဘူး။ မိန်းကလေးဆို အိမ်ပြန်လွှတ်တယ်။ ယောက်ျားလေးဆို ဖမ်းပြီး စစ်မှုထမ်းဖို့ခေါ်သွားတယ်”

ပုလောမြို့မရဲစခန်းအနီး အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီးသေဆုံး

Dawei Watch

July 27, 2026

ပလုံကောက်ရန်သွားစဥ် ပုလောမြို့အဝင် တောင်ယာကမ်းကျေးရွာရှိ မြို့မရဲစခန်းအနီး လမ်းဆုံတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ထားဝယ် SEZ ကို အင်အားရာချီဖြင့် စစ်ကြောင်းထပ်ဝင်၊ ခရီးသည်ကားတချို့ကို ဖမ်းခေါ်လာ

Dawei Watch

July 27, 2026

စစ်ကြောင်းဝင်လာသဖြင့် ကျေးရွာခုနစ်ရွာက ဒေသခံများ ယခုလအတွင်း ဒုတိယအကြိမ် ထပ်မံထွက်ပြေးနေရသည်။

ချင်းမိုင်တွင် တစ်ရက်လျှင် နှစ်ဦးခန့် HIV ရောဂါပိုး ကူးစက်နေ၍ သတိထားစောင့်ကြည့်

Dawei Watch

July 27, 2026

ရွှေ့ပြောင်းအလုပ်သမားများနှင့် တိုင်းရင်းသားအများစုက HIV ရောဂါပိုးနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ပိုမိုကူးစက်ခံနေရကြောင်း ကျန်းမာရေးဌာနကဆိုသည်။

ရီးရဲလ်မက်ဒရစ်အသင်းက ဒိုင်အိုမန်ဒီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးညှိနှိုင်းမှုတွေ အဆင်ပြေပြီ

Dawei Watch

July 27, 2026

စွမ်းဆောင်ရည်အပေါ်မူတည်ပြီး တစ်နှစ်ချင်းအလိုက် အကျိုးခံစားခွင့် တိုးမြှင့်ပေးမယ့် စာချုပ်အမျိုးအစား ကမ်းလှမ်းလိုက်တဲ့အတွက် ကစားသမားက လက်ခံခဲတာလို့ဆိုပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်တောင်ပံကစားသမား ဘာကိုလာကို ပေါင်သန်း ၁၄၀ နဲ့ခေါ်မယ့် လီဗာပူး

Dawei Watch

July 27, 2026

ဘာကိုလာက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် လက်မှတ်ထိုးဖို့ ငြင်းဆိုထားတာကြောင့် သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေက ပိုပြီး လှုပ်ခတ်လာပါတယ်။

ထိုင်းတွင် အထောက်အထားသက်တမ်းတိုးကိစ္စ စကားများပြီး မြန်မာပွဲစား ဓားထိုးခံရ၍သေဆုံး

Dawei Watch

July 27, 2026

ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသားအချင်းချင်း အထောက်အထား စာရွက်စာတမ်း သက်တမ်းတိုးကိစ္စ စကားများရာမှ ဓါးထိုးမှုဖြစ်ခဲ့ပြီး မြန်မာနိုင်ငံသား အလုပ်သမားအကျိုးဆောင်(ပွဲစား)တစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၂၅ ရက်က ည ၆ နာရီခွဲခန့်က ပါကျင်ဘူရီခရိုင် စီမဟာဖိုဒေသ အလုပ်သမားအကျိုးဆောင်ရုံးရှေ့တွင် မြန်မာအလုပ်သမား ငါးဦးက အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးထားသော မြန်မာပွဲစားထံ သက်တမ်းတိုးစာရွက် လာတောင်းရာမှ အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားများတွင် ဓါးနှင့် အခြားပစ္စည်းများ ကိုင်ဆောင်ထားသည်ကို တွေ့ရပြီး စကားများ ရန်ဖြစ်ပြီးနောက် မြန်မာအလုပ်သမားများက မြန်မာပွဲစားကို ဓါးဖြင့် ထိုးခဲ့သည်ကို CCTV မှတ်တမ်းအရ တွေ့ရသည်။ အသက် ၄၀ နှစ်အရွယ် ကိုဇေထူးအောင်ခေါ် မြန်မာပွဲစားသည် ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ဓါးဒဏ်များရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်း […]