ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဝဲလ်ဘက်ခ် နဲ့ ဟန်ဒါဆန် တို့ကို ချယ်လ်ဆီး ခေါ်ယူအားဖြည့်

Dawei Watch

July 29, 2026

ချယ်လ်ဆီးနည်းပြသစ် အလွန်ဆို ဟာ တိုက်စစ်ကို အားဖြည့်ဖို့အတွက် ဝဲလ်ဘက်ခ်၊ ကွင်းလယ်ကို အားဖြည့်ဖို့အတွက် ဟန်ဒါဆန် တို့ကို အသင်းအတွက် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဆွေးနွေးမှုတွေ ပြီးစီးအောင်မြင်ခဲ့ပြီဖြစ်လို့ ဆေးစစ်ဖို့နဲ့ တရားဝင်စာချုပ်ချုပ်ဆိုမှုတွေ ဆောင်ရွက်ဖို့သာ ကျန်တော့တဲ့အကြောင်း ချယ်လ်ဆီးအသင်းဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ချယ်လ်ဆီးဟာ ဝဲလ်ဘက်ခ် ကို ၂ နှစ်သက်တမ်းရှိတဲ့စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးမှာဖြစ်ပြီး ပရီးမီးယားလိဂ် ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ ဝဲလ်ဘက်ခ်နဲ့ ဟန်ဒါဆန် တို့ဟာ အသင်းကို အများကြီး ကူညီပံ့ပိုးပေးနိုင်လိမ့်မယ်လို့ယုံကြည်မှုအပြည့်ရှိကြောင်း ချယ်လ်ဆီးနည်းပြ အလွန်ဆို က ပြောကြားထားပါတယ်။ ဝဲလ်ဘက်ခ် ဟာ အသက်အားဖြင့် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဟန်ဒါဆန်ကတော့ လက်ရှိမှာ အသက် ၃၆ နှစ်အရွယ်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ချယ်လ်ဆီးပရိသတ်တွေဟာ နည်းပြသစ် အလွန်ဆိုအနေနဲ့ လူငယ်မျိုးဆက်သစ် ပါရမီရှင်ကစားသမားတချို့ကို ခေါ်ယူအားဖြည့်ဖို့ […]

BGF ဗိုလ်မှူးချုပ် စောမုတ်သုန်ကို လူကုန်ကူးမှုဖြင့် ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်

Dawei Watch

July 29, 2026

ကရင်နယ်ခြားစောင့်တပ် (BGF) တပ်နယ် ၄ မှ ဗိုလ်မှူးချုပ် စောမုတ်သုန်ကို လူကုန်ကူးမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု စွပ်စွဲချက်များဖြင့် ထိုင်းနိုင်ငံ ရာဇဝတ်မှုတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဗိုလ်မှူးချုပ် စောမုတ်သုန်ကို တရားရုံးက လူကုန်ကူးမှု သံသယဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းထောက်ကလည်း အတည်ပြုထားသည်။ ဗိုလ်မှူးချုပ် စောမုတ်သုန်ကို လူကုန်ကူးမှုအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ၏ လျှောက်ထားချက်အရ တရားရုံးက ဇူလိုင်လ ၂၇ ရက် ရက်စွဲဖြင့် ဖမ်းဝရမ်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ် စောမုတ်သုန်သည် လူသုံးဦး သို့မဟုတ် သုံးဦးထက်ပိုသော နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့ကို ဖွဲ့စည်းပြီး လူကုန်ကူးရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း ဝရမ်းတွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံသားတစ်ဦးကို မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းထံသို့ […]

ကော့စမွေကျွန်းတွင် ရေရှားနေသဖြင့် ပြည်သူများ အခက်တွေ့

Dawei Watch

July 29, 2026

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်ရှိ နာမည်ကြီး ကော့စမွေကျွန်းတွင် ရေရှားနေသဖြင့် ကျွန်းတွင် နေထိုင်သူများ အခက်အခဲတွေ့နေကြကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ကျွန်းပေါ်ရှိ အစိုးရ၏ ရေပေးဝေရေးစနစ်သည် နေအိမ်၊ တိုက်ခန်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်များကို နေ့စဉ်ပုံမှန် ရေဖြန့်ဝေနိုင်ခြင်း မရှိတော့သဖြင့် သုံးရေ၊ ချိုးရေများအတွက် အခက်အခဲဖြစ်နေကြကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ “ရေက တစ်ပတ်မှာ သုံးရက်လောက်ပဲ လာတော့တယ်။ လာတာတောင် တစ်နေ့လုံးမဟုတ်ဘူး။ ခဏပဲ။ ရေလာတုန်း ပုံးတွေနဲ့ အကုန်ခံထားပြီး သုံးစွဲနေရတယ်။ ရေချိုးလို့မရ၊ အိမ်သာတက်လို့မရနဲ့ တော်တော် ဒုက္ခတွေရောက်ရတယ်” ဟု ကျွန်းနေ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။ တိုက်ခန်းများတွင် ရေပုံမှန်မရရှိသဖြင့် ရေချိုးရန်နှင့် အိမ်သာတက်ရန်အတွက်ပင် ရေရရှိသော အခန်းများသို့ သွားရောက်အကူအညီတောင်းခံနေရကြောင်း ၎င်းက ပြောသည်။ အချို့အခန်းများတွင် ရေကို […]

လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် လူငယ်တစ်ဦးကို စစ်အာဏာရှင်တပ် ပစ်သတ်

Dawei Watch

July 29, 2026

လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် လူငယ်အမျိုးသားတစ်ဦးကို စစ်အာဏာရှင်တပ် စစ်ကြောင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ ပစ်သတ်ခံရသည့် လူငယ်မှာ မြို့ဟောင်းကျေးရွာတွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ်ရှိ ဘိုဖြူ (ခေါ်) မောင်ဝေယံဖြိုး ဆိုသည့် လူငယ်အမျိုးသားဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ရွာထဲဝင်လာသည့် စစ်ကြောင်းနှင့်တိုးကာ ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “စစ်ကြောင်းက ဘူချိုင်းရွာဘက်ဝင်ပြီး မြို့ဟောင်းဘက် ပြန်ထွက်လာချိန်မှာ စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံလိုက်ရတာ။ ဆိုင်ကယ်ပေါ်မှာပဲ သေဆုံးတာ” ဟု ၎င်းက ပြောသည်။ မောင်ဝေယံဖြိုးမှာ ဆိုင်ကယ်မောင်းလာချိန် စစ်ကြောင်းနှင့်တွေ့၍ နောက်ပြန်လှည့်ချိန် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းစစ်ကြောင်းမှာ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရေဖြူမြို့ဘက်မှ ကျခတ္တပင်အင်းကျေးရွာသို့ ထွက်လာပြီး […]

မဟာချိုင်တွင် ထိုင်းနှင့် မြန်မာများ ဝါဆိုလပြည့်နေ့ အလှူပွဲစုပေါင်းကျင်းပ

Dawei Watch

July 29, 2026

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ထေ့နိုရာရတ်ဘုန်းကြီးကျောင်းတွင် ပြုလုပ်သော ဝါဆိုလပြည့်နေ့ အလှူပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ထိုင်းနှင့် မြန်မာနိုင်ငံသားများ စုပေါင်းကျင်းပခဲ့သည်။ ယနေ့ ဝါဆိုလပြည့်နေ့ နံနက် ၇ နာရီတွင် စတင်ကျင်းပသည့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် ထိုင်းနိုင်ငံသားများ၊ ထိုင်းရောက် မွန်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများ ရိုးရာဝတ်စုံများကို ဝတ်ဆင်၍ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ထေ့နိုရာရတ်ဘုန်းကြီးကျောင်းသည် မွန်တိုင်းရင်းသားများကြား လူသိများသော ဘုန်းကြီးကျောင်းဖြစ်ပြီး ဝါဆိုလပြည့်နေ့တွင် နေရာအသီးသီးက ထိုင်းနှင့် မြန်မာနိုင်ငံသားများ လှူဖွယ်ဝတ္တုများကို လှူဒါန်းလေ့ရှိကြောင်း ဘုန်းကြီးကျောင်း ဂေါပကအဖွဲ့က ပြောသည်။ “ဒီနေရာမှ ပဋိပက္ခတွေ မရှိပါဘူး။ တိုင်းရင်းသားတွေအားလုံးက ချစ်ချစ်ခင်ခင် နေကြပါတယ်။ ဘာသာရေး အခမ်းအနားတွေကလည်း စည်းလုံးမှုအားကို ပြသနေတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ အခမ်းအနားတွင် ငွေပဒေသာပင်များကို […]

မော်လမြိုင် – ရန်ကုန်အမြန်ရထားပေါ် အော်ဟစ်ဆူညံခဲ့သူ ၅၀ ကျော်ကို ဒဏ်ငွေတစ်သိန်းစီ ပြစ်ဒဏ်ချ

Dawei Watch

July 29, 2026

မော်လမြိုင်-ရန်ကုန် အမြန်ရထားပေါ် ဝိုင်းဖွဲ့စားသောက်ပြီး ဆူညံစွာအော်ဟစ်ကခုန်ခဲ့သူ ၅၄ ဦး ပါဝင်သည့်အဖွဲ့ကို မော်လမြိုင်မြို့နယ်တရားရုံးက ငွေဒဏ်ကျပ်တစ်သိန်းစီချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။ ဒေါ်မြသန်းအပါအဝင် ၅၄ ဦးအဖွဲ့သည် ‌ဇူလိုင်လ ၂၃ ရက်က မော်လမြိုင်-ရန်ကုန် DEMU အမြန်ရထားပေါ် စီးနင်း လိုက်ပါချိန် ရထားပေါ်တွင် ဆူညံစွာအော်ဟစ် ကခုန်ခြင်း၊ ဝိုင်းဖွဲ့စားသောက်ခြင်း စသည်တို့ကြောင့် ခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း အမှုဖွင့်တိုင်ကြားရာတွင် ဖော်ပြသည်။ ရထားတာဝန်ရှိသူတို့က သတိပေးတားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်း ဆိုသည်။ ထို့ကြောင့် ဒေါ်မြသန်းနှင့်အဖွဲ့ကို အရေးယူပေးရန် မော်လမြိုင်ဘူတာကြီး ရုံပိုင်ကြီးက ဇူလိုင်လ ၂၆ ရက်တွင် မော်လမြိုင်မြို့မရဲစခန်း၌ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့် တိုင်ကြားခဲ့သည်။ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ […]

သရက်ချောင်းမြို့ ရပ်ကွက်အချို့တွင် စစ်မှုထမ်းစုဆောင်း

Dawei Watch

July 29, 2026

သရက်ချောင်းမြို့ရှိ ရပ်ကွက်အချို့တွင် စစ်အုပ်စုက အဓမ္မစစ်မှုထမ်းစုဆောင်းနေကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင်လ ဒုတိယအပတ်တွင် သရက်ချောင်းမြို့မရပ်ကွက်အနီး ပန်းတော၊ ဆင်ဖြူပြင် စသည့် ရပ်ကွက်တို့တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ညအချိန် ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် လာရောက်ဖမ်းဆီးမှုများရှိသလို နေ့ခင်းတွင်လည်း အိမ်စီးကားများဖြင့် ဝင်ရောက်ဖမ်းဆီးမှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။ ဇူလိုင်လ ဒုတိယပတ်တွင် ဆင်ဖြူပြင်ရပ်ကွက်၌ လေးဦးဖမ်းဆီးခံရရာ ယင်းအနက် စိတ်မမှန်သူနှင့် အသက်ကြီးသူတို့ကို ပြန်လွှတ်ခဲ့ပြီး လူငယ်အမျိုးသားတစ်ဦးမှာမူ စစ်မှုထမ်း စုဆောင်းခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ဖြစ်တာက လှေဆိပ်ဘက်ပိုင်းမှာဖြစ်တာ။ တစ်ယောက်ကတော့ အသက် ၁၉နှစ်လောက်ပဲ ရှိဦးမယ်။ သူကတော့ ပြန်မလွတ်လာဘူး” ဟု ၎င်းက ဆိုသည်။ ပန်းတောရပ်ကွက်တွင်လည်း ယခုဇူလိုင်လအတွင်း အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး […]

ဂျပန်အင်အားပြင်း ငလျင်ကြောင့် ၁၃ ဦး သေဆုံး

Dawei Watch

July 29, 2026

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၁၃ ဦး တွေ့ရှိထားကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနအဲတာကအိချိက ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းတွင် ပြောကြားလိုက်သည်။ ဂျပန်နိုင်ငံတောင်ပိုင်း ပင်မကျွန်းကြီးဖြစ်သော ကျူရှူးကျွန်းရှိ ကူမာမိုတို ဒေသ၌ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု အင်္ဂါနေ့ မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည်။ ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းလည်း တာကအိချိက ဆိုသည်။ “ကယ်ဆယ်ရေး ရောက်လာဖို့ စောင့်မျှော်နေရတဲ့ လူတွေ ရှိနေပါသေးတယ်။ ဒါက အချိန်နဲ့ အပြိုင်လုလုပ်နေရတဲ့ ကိစ္စ ဖြစ်ပါတယ်” ဟု သူမက ပြောဆိုသည်။ “ကျွန်မတို့အနေနဲ့ တတ်နိုင်သလောက် လူများများကို ရှာဖွေကယ်ဆယ်သွားနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားပါမယ်” […]