ဘီးလင်းတွင် စစ်ကြောင်းက ဖမ်းသွားသည့် အရပ်သားနှစ်ဦး သတင်းအစအနမရ
Dawei Watch
July 31, 2026စစ်ကြောင်း ရွာထဲဝင်ချိန် ဆိုင်နဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေယူသွားသလို နေအိမ်တွေနဲ့ မော်တော်ယာဉ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါစစ်ကြောင်း ရွာထဲဝင်ချိန် ဆိုင်နဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေယူသွားသလို နေအိမ်တွေနဲ့ မော်တော်ယာဉ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ထဲက ရွာတချို့ကို စစ်ကြောင်းထိုးတဲ့ စစ်အာဏာရှင်တပ်ဟာ ဒေသခံတွေ ပိုင်ဆိုင်တဲ့ ထော်လာဂျီ သုံးစီးကို အဓမ္မယူဆောင်သွားတယ်လို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာတွင် နေအိမ်တစ်ဆောင် ဓားပြတိုက်ခံရပြီး ရွှေနှင့်ငွေကြေးများ ပါသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသားသုံးဦးက ဇူလိုင်လ ၃၀ ရက် ည ၈ နာရီဝန်းကျင်တွင် စမ်းလှမ်းရွာ ရွာလယ်ပိုင်းအစွန် (ကမ်းနားဘက်ခြမ်း) တွင်နေထိုင်သည့် ဦးဝင်းခိုင်၏ နေအိမ် ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “အိမ်ရှင်တွေကို အိမ်အပြင်ခေါ်ထုတ် ထိုင်ခိုင်းထားပြီး ပိုက်ဆံထားတဲ့နေရာကိုဝင်သွားပြီး ယူဆောင်သွားတယ်လို့ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အဆိုပါဓားပြတိုက်မှုကြောင့် ရွှေနှစ်ကျပ်သားနှင့် ခန့်မှန်းငွေကျပ်သိန်း ၄၀ မှ ၆၀ အကြား ပါသွားကြောင်း ဓားပြတိုက်ခံရသူနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ ဓားပြတိုက်သူများမှာ စမ်းလှမ်းကျေးရွာ သို့မဟုတ် အနီးဝန်းကျင်ရှိ တီဇစ်ကျေးရွာမှ မူးယစ်ဆေး ရောင်းဝယ် သုံးစွဲနေသူများထဲကဖြစ်နိုင်ကြောင်း ဒေသခံများကခန့်မှန်းထားပြီး […]
ထိုင်းနိုင်ငံ သစ်တောကြိုးဝိုင်းများထဲတွင် အရွယ်ရှိ ကျားအကောင်ရေ ၂၁၀ ကျော်အထိ ရှိလာကြောင်း ထိုင်းအမျိုးသားဥယျာဉ်ဌာနက ထုတ်ပြန်သည်။ သစ်တောကြိုးဝိုင်းများတွင် အရွယ်ရှိ ကျားအကောင်ရေ ၂၁၀ ကောင်မှ ၂၅၇ ကောင်အထိ ရှိနေပြီး အရှေ့တောင်အာရှနိုင်ငံများအနက် ကျားအကောင်ရေတိုးလာသော တစ်ခုတည်းသော နိုင်ငံဖြစ်လာကြောင်း ဇူလိုင်လ ၂၉ရက် အပြည်ပြည်ဆိုင်ရာ ကျားများနေ့တွင် ထုတ်ပြန်သည်။ ထိုင်းနိုင်ငံသည် ကျားအကောင်ရေ ပိုများလာစေရေးအတွက် စိန့်ပီတာစဘတ် ကြေညာစာတမ်းတွင် ၂၀၁၀ ခုနှစ်က လက်မှတ်ထိုးထားခဲ့ပြီး ၂၀၃၄ ခုနှစ်အထိ ကျားအကောင်ရေ ပိုများလာစေရေး နိုင်ငံတော်စီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ထိုင်းတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းပြီး သစ်တောကြိုးဝိုင်း ၃၀ နေရာကို လုံခြုံရေးကင်မရာများ တပ်ဆင်၍ ကျားအကောင်ရေများကို ရေတွက်ခဲ့ပြီး […]
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးနဲ့ သက်ဆိုင်တဲ့ ရှယ်ယာပမာဏ ၂၀ ရာခိုင်နှုန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့သားမက် ပါဝင်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းစုဆီ လက်လွှဲရောင်းချဖို့ စီစဉ်လိုက်တာကြောင့် ပြဿနာ ကြီးထွားနေပြီပဲဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ဒီလိုရှယ်ယာရောင်းမယ့်ကိစ္စကို အင်ဖန်တီနိုက ဖီဖာဘုတ်အဖွဲ့နဲ့တောင် တိုင်ပင်ဆွေးနွေးတာမျိုး မလုပ်ဘဲ တစ်ကိုယ်တော် ဆုံးဖြတ်ခဲ့တာဖြစ်လို့ ဖီဖာအတွင်းစည်းထဲမှာပါ ဂယက်ရိုက်ခတ်မှု ပြင်းထန်နေပါတယ်။ ဖီဖာကို ဘောလုံးအဖွဲ့ချုပ်ဆိုတာထက် ငွေရှာတဲ့ ကုမ္ပဏီကြီးတစ်ခုလို ပီပီပြင်ပြင် ပြောင်းလဲပစ်နေတဲ့ အင်ဖန်တီနို ကို ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က လုံးဝကို မထောက်ခံတော့ဘဲ အတိအလင်း ဝေဖန်ပြစ်တင်လာခဲ့ပြီပဲဖြစ်ပါတယ်။ တချို့သော သတင်းရင်းမြစ်တွေက ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ရဲ့ နောက်ဆုံးနေ့ရက်တွေ ရောက်လာပြီလားလို့တောင် ခေါင်းစဉ်တပ်ပြီး မေးခွန်းထုတ်လာခဲ့ပါတယ်။ ယူအီးအက်ဖ်အေ ဘက်ကတော့ “The Last […]
လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်နှင့် မြို့ ဟောင်းကျေးရွာတို့တွင် နှစ်ရက်အတွင်း စစ်အာဏာရှင်တပ်က နေအိမ် ၁၀ကျော်ကို မီးရှို့ဖျက်ဆီးကြောင်း စစ်ဘေးရှောင် ဒေသခံ များက ပြောသည်။ အင်အား တစ်ရာဝန်းကျင်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၂၉ရက်နှင့် ၃၀ ရက်တို့တွင် တောင်မင်းပြောင်နှင် မြို့ ဟောင်းကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့သည်။ ဇူလိုင်လ ၂၉ရက်တွင် တောင်မင်းပြောင် ကျေးရွာ၌ နေအိမ် လေးဆောင်ထက်မနည်း နှင့် မြို့ ဟောင်းကျေးရွာတွင် နေအိမ် ခြောက် ဆောင် စုစု ပေါင်း နေအိမ် ၁၀ကျော်ကို မီးရှို့ဖျက်ဆီး ခဲ့ ကြောင်း ဒေသခံများက ဆိုသည်။ ယင်းအပြင် ဒေသခံများ ပိုင်ဆိုင်သည့် ထော်လာဂျီ၊ ဘေးတွဲဆိုင်ကယ် ၊ ဆိုင်ကယ် နှင့် အခြား […]
ဇူလိုင်လဆန်းပိုင်းကစပြီး စစ်အာဏာရှင်တပ်က ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) ထဲကို အင်အား ထောင်ဂဏန်းအထိ သုံးပြီးတော့ စစ်ကြောင်းထိုးဝင်ရောက်လာနေပါတယ်။ စစ်အာဏာရှင်တပ်စစ်ကြောင်းက တပ်ခွဲတွေခွဲပြီး စီမံကိန်းဇုန်ဧရိယာတစ်လျှောက်နဲ့ အနီးဝန်းကျင်ကို တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးဝင်ရောက်နေတာပါ။ အဲဒီလို လှည့်ပတ်စစ်ကြောင်းထိုးနေစဉ်အတွင်းမှာပဲ အရပ်သားတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်တာ၊ နှိပ်စက်သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေ ယူဆောင်တာစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်းပဲ ကျူးလွန်ခဲ့ကြပါတယ်။ စစ်အာဏာရှင်တပ်ရဲ့ အခုလို ပြုမူဆောင်ရွက်ချက်တွေကြောင့် အထူးစီးပွားရေးဇုန်နဲ့ နီးစပ်ရာဧရိယာက အရပ်သားပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး ဘေးလွတ်ရာ တောတောင်တွေနဲ့ ဥယျာဉ်ခြံတွေထဲမှာ ခက်ခဲစွာ တိမ်းရှောင်နေကြရပါတယ်။ စစ်အာဏာရှင်တပ် စစ်ကြောင်းစတင်ဝင်ရောက်လာချိန်ကစပြီး ရက် ၂၀ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်လမ်းမီသမျှစုစည်းပြီး အချက်အလက် […]
ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များတွင် သုံးစွဲသူများ၏ တယ်လီဂရမ် (Telegram) အကောင့်များ နည်းပညာအရ ထိန်းချုပ် (Hack) ခံရပြီး အခြားသူများထံ ညစ်ညမ်းရုပ်သံ လင့်ခ် (Link) များ အလိုအလျောက် ပေးပို့နေသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလျက်ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ရင်းနှီးသည့် မိတ်ဆွေများထံမှ ပေးပို့လာသော လိင်ဖျော်ဖြေရေး ရုပ်သံကြည့်ရှုရန် ရေးသားထားသည့် လင့်ခ်များကို ဝင်ရောက်နှိပ်မိရာမှစတင်ကာ အကောင့်များ ထိန်းချုပ်ခံရခြင်းဖြစ်သည်။ အဆိုပါ လင့်ခ်ကို နှိပ်မိပါက အကောင့်ပိုင်ရှင် မသိရှိဘဲ ၎င်း၏ တယ်လီဂရမ် Contact စာရင်းတွင်ရှိသော အခြားသူများထံသို့ ညစ်ညမ်း မက်ဆေ့ချ်နှင့် လင့်ခ်များ အလိုအလျောက် ပြန့်နှံ့သွားခြင်း၊ အကောင့်မှ လော့ဂ်အောက် (Log out) ထွက်၍ မရတော့ခြင်းစသည့် […]