ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် မြန်မာအမျိုးသမီးကို သတ်ဖြတ်အလောင်းစွန့်ပစ်ခဲ့သူကို ဖမ်းမိ

Dawei Watch

August 3, 2026

ထိုင်းနိုင်ငံ ချာချင်စောင်ခရိုင်တွင် မြန်မာအမျိုးသမီးတစ်ဦးကို သတ်ဖြတ်အလောင်းစွန့်ပစ်ခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသော အသက် ၂၆နှစ်အရွယ် မစန္ဒာလင်း၏ ရုပ်အလောင်းကို ဇူလိုင်လ ၂၇ ရက် ညက လမ်းဘေးချုံတောထဲတွင် တွေ့ရှိခြင်းဖြစ်သည်။ မစန္ဒာလင်းသည် ဇူလိုင်လ ၂၅ ရက်က မြန်မာနိုင်ငံသားတစ်ဦးနှင့် ဖုန်းပြောဆိုပြီးနောက် အလုပ်ရှိ အဆောင်မှ ထွက်သွားပြီးနောက် အဆက်သွယ် ပြတ်တောက်သွားကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့က မစန္ဒာလင်း နောက်ဆုံး ဖုန်းပြောဆိုခဲ့သူကို စစ်ဆေးရာ ၎င်း အလုပ်လုပ်ကိုင်သည့် စက်ရုံက အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုသန်းဇော်ဝင်း ဖြစ်သည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။ ထို့နောက် စက်ရုံရှိ CCTV ကို စစ်ဆေးရာ မစန္ဒာလင်း ထွက်သွားပြီးနောက် ကိုသန်းဇော်ဝင်းလည်း ဓားကိုင်ဆောင်ကာ […]

ထားဝယ် SEZ တွင် စစ်အာဏာရှင်တပ် စစ်ကြောင်း ရဟန်းတစ်ပါးကို ပစ်ခတ်သတ်ဖြတ်

Dawei Watch

August 1, 2026

ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေဇုန် (DSEZ) ရေနက်ဆိပ်ကမ်းဧရိယာတွင် စစ်အာရှင်တပ်စစ်ကြောင်းသည် ဇူလိုင်လ ဒုတိယအပတ်က ရဟန်းတစ်ပါးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ သတ်ဖြတ်ခံရသည့် ရဟန်းသည် ရေဖြူမြို့နယ် ကုန်းသာယာအင်း (ခ) ကုန်းရပ်အင်း ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသည့် ရဟန်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “အသတ်ခံရတဲ့ရဟန်းက ပြီးခဲ့တဲ့ နွေက အလှူတစ်ခုမှာ အလှူရှင်နဲ့ ရင်းနှီးလို့ ရဟန်းလာခံပြီးကတည်းက လူပြန်မထွက်တော့ဘူး။ နယ်ခံတော့ မဟုတ်ဘူး။ ဒါပေမဲ့ ရဟန်းဝတ်ပြီးကတည်းက ကုန်ရပ်အင်းကျောင်းမှာပဲ နေတာ” ဟု DSEZ ဧရိယာမှ ဒေသခံတစ်ဦးက ပြောသည် ။ သက်တော် ၄၀အရွယ် အဆိုပါရဟန်းကို လူဝတ်လဲ၍ စစ်အာဏာရှင်တပ်က ပစ်သတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ “လူဝတ်လဲပြီးမှ ပစ်သတ်ခဲ့တာ။ ပစ်သတ်ခံရတာ ဇူလိုင် […]

ထားဝယ်မြို့နယ် ဒုအကောက်ခွန်မှူး ကို PDF နည်းဗျူဟာ ၃၃ က ဖမ်းဆီးစစ်ဆေး

Dawei Watch

August 1, 2026

ထားဝယ်မြို့နယ် ၊ အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူး ဦးဖြိုးစံ ကို တနင်္သါရီတိုင်းစစ်ဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ နည်းဗျူဟာ ၃၃ က ဖမ်းဆီးစစ်ဆေးနေကြောင်း ယနေ့ သြဂုတ်လ ၁ ရက်တွင် ယင်းဗျူဟာ က သတင်းထုတ်ပြန်သည် ။ ရေနက်ဆိပ်ကမ်းနှင့် ကမ်းခြေတစ်ဆက်တည်းတည်ရှိသည့် လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေရွာတွင် ဇူလိုင်လ ၂၀ ရက်က ဦးဖြိုးစံ ကို နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ အမှတ် ၈၀၀၃ တပ်ရင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည် ။ “ဌာနတွင်း သတင်းပေးချက်အရပဲ ဖမ်းတာပါ။ သူ့ကို စစ်ဆေးနေဆဲကာလဖြစ်တဲ့အတွက် အရေးယူမှုကတော့ အားလုံးစစ်ဆေးပြီးမှပဲ ဆောင်ရွက်မယ်။ အခုကတော့ လောလောဆယ်က စစ်ဆေးနေတုန်းပါ” ဟု နည်းဗျူဟာ ၃၃ ဗျူဟာမှူး […]

နယူးကာဆယ်ကွင်းလယ်လူ ဘရူနိုဂွီမာရေ့စ်ကို ပေါင် ၇၇ သန်းနဲ့ အာဆင်နယ်ခေါ်တော့မယ်

Dawei Watch

August 1, 2026

ဘရူနိုဂွီမာရေ့စ်ကို ရှေ့တစ်ပတ်ထဲမှာ ဆေးစစ်တော့မှာဖြစ်လို့ ဒီအပြောင်းအရွှေ့ဟာ ပြီးမြောက်ဖို့ ကျိန်းသေနေပြီလည်းဖြစ်ပါတယ်။

ထိုင်းတွင် ပျောက်နေသော ရုရှားမောင်နှမ အလောင်း ပြန်တွေ့၊ ထိုင်းသုံးဦးကိုပါ သတ်ပြီးမြှုပ်ထား

Dawei Watch

August 1, 2026

ဆိုင်ကယ်လိုချင်တဲ့အတွက် ရုရှားမောင်နှမကို သတ်ဖြတ်လိုက်တာလို့ ဖမ်းမိထားတဲ့ ထိုင်းနိုင်ငံသားနှစ်ဦးက ဝန်ခံလိုက်ပြီး အလောင်းမြှုပ်ထားတဲ့နေရာကို လိုက်ပြခဲ့တာပါ။

စစ်အာဏာရှင်တပ်က တပိုရွာ၊ ကြဲရွာအပါအဝင် စစ်ရှောင်ရွာများတွင် နေအိမ်ဖောက် ပစ္စည်းယူ

Dawei Watch

July 31, 2026

ပုလောမြို့နယ်၊ ပလမြို့၊ တပိုရွာ၊ ကြဲရွာနှင့် စစ်ဘေးရှောင်နေရသည့် ရွာများတွင် စစ်အာဏာရှင်တပ်က ဦးဆောင်ပြီး နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေကြောင်း ဒေသခံများထံမှ သိရသည်။ “အိမ်တံခါးပါခွာတယ်။ တအားဆိုးတယ်။ စစ်ဘေးရှောင်တဲ့ ရွာတွေမှာ တော်တော်ဆိုးတယ်” ဟု အထက်ပါ ဒေသခံကပြောသည်။ ဇူလိုင်လ ဒုတိယပတ်မှစ၍ ပလမြို့ဝန်းကျင်နှင့် ပုလော-ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ပြည်ထောင်စုလမ်းမပေါ်ရှိ စစ်ဘေးရှောင်နေသည့် ရွာများနှင့် တပိုရွာ၊ ကြဲရွာတို့တွင် စစ်အာဏာရှင်တပ်သားများက ဦးဆောင်ကာ နေအိမ်များ ဖောက်ထွင်းခိုးယူနေပြီး သံတိုသံစ ရောင်းဝယ်သူအချို့ကလည်း ယင်းသို့ပင်ဖောက်ထွင်းခိုးယူနေကြောင်း ၎င်းက ဆိုသည်။ ကြဲရွာတွင် ပြီးခဲ့သည့်နှစ်မှစ၍ နေအိမ်များရှိ ပစ္စည်းများကို ဖောက်ထွင်းယူခဲ့ကြပြီး ယခုနှစ် ဇူလိုင်လတွင်မူ ကျန်နေသေးသည့် ပစ္စည်းမှန်သမျှကို ယူကြကြောင်း […]

နံပါတ် ၆ ကို အနား‌ပေးပြီး ဂုဏ်ပြုခံခဲ့ရတဲ့ အီတလီဂန္ထဝင်နောက်ခံလူ ဘာရီဆီ အသက် ၆၆ နှစ်မှာ ကွယ်လွန်

Dawei Watch

July 31, 2026

အေစီမီလန်အသင်းနဲ့ အီတလီလက်ရွေးစင်အသင်းတို့ရဲ့နာမည်ကျော် နောက်ခံလူ ဘာရီဆီ ဟာ ဇူလိုင်လ ၃၁ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီလို့ BBC Sports သတင်းတစ်ရပ်က ဖော်ပြလိုက်ပါတယ်။ ဂန္ထဝင်နောက်ခံလူ ဘာရီဆီ ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝဖြတ်သန်းမှု တစ်လျှောက်လုံးကို အေစီမီလန်တစ်သင်းတည်းအတွက် ကစားပေးခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝဖြတ်သန်းမှု နှစ်ပေါင်း ၂၀ ကာလအတွင်း ၁၅ နှစ်ကို အေစီမီလန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားခွင့်ရရှိခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ ဘာရီဆီ ကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်အဖြစ် ကျောနံပါတ်ကို ၆ ကို ထာဝရအနားပေးခဲ့ပါတယ်။ ဂန္ထဝင်ကစားသမားကြီး ဘာရီဆီ ကွယ်လွန်တဲ့သတင်းကို ကြားသိလိုက်ရတဲ့အတွက် မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း အေစီမီလန်အသင်းနဲ့ အီတလီဘောလုံးအဖွဲ့ချုပ်တို့က သတင်းထုတ်ပြန်ထားပြီလည်းဖြစ်ပါတယ်။ ကျောနံပါတ်ကို ၆ ကို အနားပေးပြီး ဂုဏ်ပြုခံခဲ့ရတဲ့ ဘာရီဆီ ဟာ […]

လှိုင်း လေကြမ်းချိန် ခိုလှုံရန်သတ်မှတ်ထားသည့်နေရာ ငါးဖမ်းလျှင် အရေးယူမည်

Dawei Watch

July 31, 2026

ရာသီဥတုဆိုးရွားပြီး လှိုင်းလေ ကြမ်းတမ်းပါက ခိုလှုံရန် သတ်မှတ်ပေးထားသည့် နေရာများတွင် ငါး၊ ပုစွန် ဝင်ရောက် ဖမ်းဆီးသည့် ကမ်းနီး၊ ကမ်းဝေးလှေများကို ဖမ်းဆီးမည်ဖြစ်ကြောင်း စစ်အုပ်စုလက်အောက်ခံ ငါးလုပ်ငန်းဦးစီးဌာနက ဇူလိုင်လ ၃၀ ရက်တွင် ထုတ်ပြန်သည်။ ထိုသို့ဖမ်းဆီးမည့် နေရာများအထဲ တနင်္သာရီတိုင်းတွင် လောင်းလုံးမြို့နယ်ရှိ လောင်းလုံးဘုတ်ကျွန်း၊ မောင်းမကန် ဘုတ်ကျွန်း၊ မြိတ်မြို့နယ်ရှိ တနင်္သာရီကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ပြင်စဘုကျွန်း အနီးဝန်းကျင်ဒေသများ ပါဝင်သည်။ အဆိုပါနေရာများမှာ ကမ်းနီးဟု သတ်မှတ်ထားသည့်နေရာလည်းဖြစ်သည့်အပြင် ရေလုပ်သားများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ခိုလှုံရာနေဟုလည်း သတ်မှတ်ထားပြီး ငါးဖမ်းဆီးခွင့် မပြုထားပေ။ အဆိုပါကျွန်းများသည် ရာသီဥတုဆိုးရွားချိန် လှိုင်းဒဏ်၊ လေဒဏ် ခိုလှုံရန် သတ်မှတ်ပေးထားခြင်းသာဖြစ်ပြီး ရာသီဥတု ဆိုးရွားသည်ဟု အကြောင်းပြကာ ယင်းနေရာများတွင် ငါး၊ ပုစွန် ဖမ်းဆီးသည့် […]