ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စီးပွားရေး အဆင်မပြေ၍ ဘုတ်ပြင်းတွင် ဝါတွင်းဥပုသ်ရက် တစ်ဦးတည်းအလှူရှင် နည်းလာ

Dawei Watch

July 30, 2026

ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် စီးပွားရေးကျပ်တည်းမှုကြောင့် ဝါတွင်းဥပုသ်ရက် တစ်ဦးတည်းအလှူရှင်များ နည်းပါးလာသည့်အတွက် စုပေါင်းလှူဒါန်းနေရကြောင်း ဒေသခံများထံမှ သိရသည်။ မနိုးရုံး၊ ဘန်ဂလား၊ ထောင်ကမတ်၊ ရေငံကြီး၊ အလယ်မန် စသည့် ကျေးရွာအုပ်စုများတွင် ဝါတွင်းဥပုသ်ရက်များအတွက် တစ်ဦးတည်းအလှူရှင်က လှူမည့်ရက်ကို ကြိုတင်သတ်မှတ်ပြီး ခွဲဝေထားလေ့ရှိသည်။ ဥပုသ်ရက်တွင် ဘုန်းကြီးကျောင်းရှိ သံဃာများ၊ ဥပုသ်လာစောင့်သူများနှင့် ဖိတ်ကြားထားသူများကို ထမင်း၊ ဟင်းများ ချက်ပြုတ်ကျွေးမွေးပြီး လှူဒါန်းကြခြင်းဖြစ်သည်။ ယခုနှစ် ဝါဝင်ချိန်တွင်မူ စစ်ရေးအခြေအနေနှင့် ကုန်ဈေးနှုန်းကြီးနေခြင်းကြောင့် ဒေသခံများ ငွေကြေးကျပ်တည်းလာပြီး တစ်ဦးတည်းအလှူရှင် မရှိသလောက် နည်းပါးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ပြီးခဲ့သည့်နှစ်က တစ်ဦးတည်းအလှူရှင်များ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ငွေကြေးချောင်လည်သူများပင် မလှူနိုင်တော့ကြောင်း မနိုးရုံးကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ကုန်ဈေးနှုန်းတွေပဲ တက်တက်လာတယ်။ ရောင်းရေးဝယ်ရေး အလုပ်အကိုင်တွေက အဆင်မပြေဘူး။ […]

စစ်အာဏာရှင်တပ်က မိန်းမမြို့ရွာကို မီးရှို့

Dawei Watch

July 30, 2026

ပလမြို့၊ မိန်းမမြို့ရွာကို ယနေ့ (ဇူလိုင် ၃၀) နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နေအိမ်အချို့ကို မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ “မီးရှို့နေတာ မီးခိုးတက်နေတာ တွေ့နေရတယ်။ ဘယ်နေရာကို ရှို့နေတာလဲ အတိအကျ မသိရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ ဇူလိုင်လ ဒုတိယအပတ်တွင် မိန်းမမြို့ရွာကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် ထိတွေ့မှုဖြစ်ပြီးနောက် ရွာသားများ စစ်ဘေးရှောင်ထွက်ပြေးနေကြ၍ ရွာထဲတွင် လူမရှိဟု ဒေသခံများကဆိုသည်။ မိန်းမမြို့ရွာမှ တော်လှန်ရေးတပ်များ ဆုတ်ခွာပြီးနောက် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ရွာသို့ အဝင်အထွက်လုပ်နေကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။ “ခုလောက်ဆို မီးငြိမ်းနေလောက်ပြီ။ မိုးလည်း (၂ နာရီ ၃၀ မိနစ်က) ရွာနေတယ်ဆိုတော့။ စစ်ကြောင်းက ပေါ်လိုက် ပျောက်လိုက်ပဲ” ဟု […]

ရိုဟင်ဂျာ ငါးထောင်ကျော်ကို မြန်မာဘက်က ပြန်လက်ခံမည်ဟု မလေးရှားဝန်ကြီးချုပ်ပြော

Dawei Watch

July 30, 2026

မလေးရှားနိုင်ငံတွင် ခိုလှုံနေသော ရိုဟင်ဂျာ ငါးထောင်ကျော်ကို မြန်မာနိုင်ငံဘက်က လက်ခံရန် သဘောတူထားပြီး ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က‌ ပြောသည်။ မလေးရှားဝန်ကြီးချုပ်သည် ဇူလိုင်လ ၂၉ ရက်က နာဂရီဆမ်ဘီလန်ပြည်နယ်ရှိ လူထုတွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ မလေးရှားနှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေး ကောင်းမွန်နေရန် အရေးကြီးပြီး မလေးရှားရှိ ရိုဟင်ဂျာ ငါးထောင်ကျော်ကို ပြန်လက်ခံရန် မြန်မာဘက်က သဘောတူထားကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာ သုံးသိန်းကိုလည်း ပြန်လက်ခံရန် မြန်မာဘက်က သဘောတူထားကြောင်း မလေးရှားဝန်ကြီးချုပ်က ဆိုသည်။ ယခင်က ရိုဟင်ဂျာများကို မြန်မာနိုင်ငံဘက်က လက်မခံသဖြင့် နေရပ်ပြန်ပို့ရန် ခက်ခဲခဲ့ကြောင်း ၎င်းက ပြောသည်။ သို့သော်လည်း ရိုဟင်ဂျာ ငါးထောင်ကျော်ကို ပြန်ပို့မည့်အချိန်နှင့် […]

ချင်းမိုင်တွင် ပျောက်သွားသော မြန်မာကလေးငယ်ကို ကီလိုမီတာ ၆၀၀ ခန့် ဝေးသောမြို့တွင်ပြန်တွေ့

Dawei Watch

July 30, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် အသက် ၁၅ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး တစ်ရက်ကျော်ကြာ ပျောက်ဆုံးသွားခဲ့ပြီးနောက် မိသားစုဝင်များနှင့် ပြန်လည်ဆုံတွေ့ရပြီဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ ၂၉ ရက်နေ့၌ ထိုင်းနိုင်ငံအလယ်ပိုင်း လွတ်ဘူရီမြို့တွင် ပြန်လည်တွေ့ရှိခဲ့ပြီးနောက် မိဘများက ပြန်လည်ခေါ်ယူ စောင့်ရှောက်ထားပြီဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောသည်။ အသက် ၁၅ နှစ်အရွယ် မောင်စွမ်းပြည့်ပိုင်စိုးအမည်ရှိ မြန်မာကလေးငယ်သည် ဇူလိုင်လ ၂၈ ရက်နေ့က ချင်းမိုင်မြို့ နေအိမ်မှ ထွက်သွားပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ကလေးသည် ချင်းမိုင်အဝေးပြေးကားကွင်းမှတစ်ဆင့် အခြားမြို့တစ်မြို့သို့ ထွက်သွားခဲ့ကြောင်း ခြေရာခံနိုင်ခဲ့သဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ခြင်းဖြစ်သည်။ မိသားစုဝင်များက ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ကလေး၏ တည်နေရာကို ခြေရာခံရာမှ ထိုင်းနိုင်ငံအလယ်ပိုင်း လွတ်ဘူရီမြို့ရှိ ဟိုတယ်တစ်ခုတွင် ရှိနေသည်ကို ခြေရာခံနိုင်ခဲ့ကြောင်း မိသားစုဝင်များက […]

ကော့စမွေကျွန်းက မြန်မာများ၏ ဝါဆိုလပြည့်နေ့ နိဗ္ဗာန်ဈေး

Dawei Watch

July 29, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းရှိ ဓမ္မဒီပအန်ကောကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် စတုဒီသာ နိဗ္ဗာန်ဈေးအလှူပွဲကို ယနေ့ (ဇူလိုင် ၂၉) ဝါဆိုလပြည့်နေ့တွင် ကျင်းပနေခြင်းဖြစ်သည်။ နိဗ္ဗာန်ဈေးသို့ လာရောက်သော မြန်မာနိုင်ငံသားများက သံဃာတော်များကို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ကြသည်ကို တွေ့ရသည်။ လာရောက်သူများကို စတုဒီသာမုန့်ဆိုင်ပေါင်း ဆယ်ချီဖြင့် ကျွေးမွေးဧည့်ခံနေပြီး ထားဝယ်မုန့်လက်သုပ်၊ ဖာလူဒါ၊ ကြက်ကြော်၊ အကြော်စုံ၊ ပြည်ထမင်းသုပ်၊ အအေးများနှင့် မုန့်အချိုများစွာ ပါဝင်သည်။ နိဗ္ဗာန်ဈေးတွင် မြန်မာဆိုင်းဝိုင်းဖြင့်လည်း တီးခတ်ဖျော်ဖြေနေသလို မီးအကအလှများဖြင့်လည်း ဖျော်ဖြေခဲ့သည်။ ကော့စမွေကျွန်းသည် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများစွာ ရှိနေသဖြင့် မြန်မာအလုပ်သမားများစွာ လာရောက်လုပ်ကိုင်လျက်ရှိသော ကျွန်းဖြစ်သည်။

လောင်းလုံး တောင်မင်းပြောင်ရွာတွင် စစ်အာဏာရှင်တပ် အိမ်ဖောက်ထွင်း၊ မြို့ဟောင်းရွာတွင် အိမ်မီးရှို့

Dawei Watch

July 29, 2026

လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ကျေးရွာရှိ နေအိမ်များကို စစ်အာဏာရှင်တပ်က ဖောက်ထွင်းကာ ပစ္စည်းများ ယူဆောင်နေပြီး မြို့ ဟောင်းကျေးရွာရှိ နေအိမ်များကိုမူ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သည် ယနေ့ ဇူလိုင်လ ၂၉ ရက် မွန်းတည့်တွင် ခမောင်းတောင်ကျေးရွာမှ မြို့ဟောင်းရွာသို့ စစ်ကြောင်းထိုးဝင် ရောက်ရှိလာကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်အဏာရှင်တပ်သည် လူ အမည်စာရင်းအတိအကျဖြင့် မြို့ဟောင်းကျေးရွာတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးရှာဖွေခဲ့ပြီး မွန်းတည့်ပိုင်းတွင် နေအိမ်ခြောက်ဆောင်ထက်မနည်းကို မီးရှို့ခဲ့ကြောင်း ၎င်းက ဆိုသည်။ မြို့ဟောင်းကျေးရွာတွင် မီးရှို့ပြီးနောက် တောင်မင်းပြောင်ကျေးရွာသို့ ပြန်ဆုတ်လာပြီး နေအိမ်များကို ဖောက်ထွင်းကာ ဆိုင်ကယ်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်နေကြကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။ “တောင်မင်းပြောင်မှာ အိမ်တွေကို ဖောက်ပြီး ကားနဲ့ ပစ္စည်းသယ်နေတယ်။ မြို့ ဟောင်းကိုတော့ […]

ထားဝယ်ဘုရားကြီး ဝါဆိုလပြည့်နေ့ မြင်ကွင်းများ

Dawei Watch

July 29, 2026

ထားဝယ်မြို့ ဘုရားကြီးဝင်းအတွင်းရှိ ရွှေတောင်စားစေတီနှင့် လောကမာရဇိန်ရုပ်ပွားတော်တို့တွင် ယနေ့ ဝါဆိုလပြည့် (ဇူလိုင်လ ၂၉ ရက်) ညနေပိုင်း၌ ဘုရားဖူးများ လာရောက်ဖူးမြော်နေသည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ ဓာတ်ပုံ – Dawei Watch

ရိုဒရီ အပြောင်းအရွှေ့ မန်စီးတီးဆီကို ရီးရဲလ်မက်ဒရစ် တရားဝင်ကမ်းလှမ်း

Dawei Watch

July 29, 2026

ရီးရဲလ်မက်ဒရစ်အသင်းဟာ ရိုဒရီ ကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းဆီကို တရားဝင်ဆက်သွယ်ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်လိုက်ပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ် ကလည်း သူတို့အနေနဲ့ ရိုဒရီရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပြီးပြီဖြစ်လို့ ကလပ်နှစ်ခုကြား တရားဝင် စကားပြောဆိုဖို့အတွက် စတင်ဆောင်ရွက်လိုက်တာဖြစ်တယ်လို့ အသိပေးထားပါတယ်။ မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကစားခွင့်ရနိုင်ဖို့ အရမ်းပဲ ဆန္ဒပြင်းပြနေပြီး ဒီအပြောင်းအရွှေ့ဖြစ်မြောက်လာရေးအတွက် ရီးရဲလ်မက်ဒရစ်ဘက်က စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ကို အသုံးပြုရမှာ ကျိန်းသေနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်က ရိုဒရီအတွက် ပထမတစ်ကြိမ် ကမ်းလှမ်းထားတဲ့ ပြောင်းရွှေ့ကြေးပမာဏ ယူရို သန်း ၅၀ ကို ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူးလို့ မန်စီးတီးဘက်က ငြင်းဆန်ထားပြီးပြီဖြစ်ပါတယ်။ အခုတစ်ကြိမ် နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးမှုမှာ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က မျှော်လင့်ထားပါတယ်။ မန်စီးတီးအသင်းဟာ ရိုဒရီ ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်ပေမယ့် […]