ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မဟာချိုင်တွင် မူးယစ်ဆေးဝါးများနှင့်အတူ မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

July 24, 2026

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် မူးယစ်ဆေးဝါးများနှင့်အတူ မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စမွတ်စခွန်မြို့ ထလေထိုင်းဈေးအနောက်တွင် မြန်မာနိုင်ငံသားများ မူးယစ်ဆေး ရောင်းချနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် အရပ်ဝတ်ဖြင့် သွားရောက်စုံစမ်းစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ယင်းအချိန် တိုင်ကြားခံရသူနှင့် ပုံစံဆင်တူသူတစ်ဦးသည် လက်တွင် ပစ္စည်းတစ်ခုကို ကိုင်လျက် ဈေးအနောက် နံရံအနီး ရောက်ရှိလာသဖြင့် ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးစဉ် မူးယစ်ဆေးဝါးများကို တွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ ဖမ်းဆီးခံရသူသည် အသက် ၄၀ နှစ်အရွယ် ကိုဇော် ဆိုသူဖြစ်ပြီး ၎င်းထံတွင် WY မူးယစ်ဆေး ၆၄၀၀ ပြားနှင့် အိုင်းစ်မူးယစ်ဆေး ရှစ် ဂရမ်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ ကိုဇော်ကို စစ်ဆေးရာ […]

ထားဝယ်တွင် တစ်ခန်းနေသူအချင်းချင်း ရန်ဖြစ်ပြီး လူသတ်မှုဖြစ်

Dawei Watch

July 24, 2026

ထားဝယ်မြို့အဝင်ရှိ သဗြေချောင်းအထပ်သားစက်ရုံအနီး အလုပ်သမားတန်းလျားတစ်ခုတွင် ဇူလိုင်လ ၂၃ ရက် ညနေပိုင်းက အတူနေထိုင်ကြသူအချင်းချင်း စကားများရန်ဖြစ်ကြရာမှ လူသတ်မှုဖြစ်ကြောင်း မြို့ခံများက ပြောသည်။ အဝေးပြေးကွင်း ဆောက်လုပ်စဉ်က ရှိသည့် အလုပ်သမားတန်းလျားတစ်ခုတွင် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၃၀အရွယ် အမျိုးသားနှစ်ဦးတို့ နေထိုင်နေခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ ၎င်းတို့ သုံးဦးစလုံးသည် ရွှေ့ပြောင်းကျပမ်းအလုပ်သမားများဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ အဆိုပါတန်းလျားတွင် အသက် ၂၀ အရွယ် လူငယ်အမျိုးသားက ဦးစွာနေထိုင်ခြင်းဖြစ်ပြီး အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးမှာ နေထိုင်ရန် နေရာမရှိ၊ အလုပ်အကိုင်မရှိသဖြင့် ခေါ်ယူနေထိုင်ခွင့်ပြုခဲ့ကြောင်း မြို့ခံများက ပြောဆိုသည်။ ဇူလိုင်လ ၂၃ ရက်ညတွင် အရက်သောက်စားရာမှ ပြန်လာကြရန်မှာ အချင်းချင်း စကားများကြပြီး အသက် […]

မောတောင် စစ်ရှောင်များကို နေရပ်ပြန်ရန် စစ်အာဏာရှင်တပ်က ဖိအားပေး

Dawei Watch

July 24, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်သားများ ပြန်လည်သိမ်းယူပြီးနောက် ဥယျာဉ်ခြံများထဲတွင် စစ်ဘေးရှောင်နေသည့်ဒေသခံများကို ရွာသို့ ပြန်လာနေရန် ဖိအားပေးနေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်က မေလ ၁၉ ရက်နေ့တွင် မောတောင်မြို့ကို ပြန်လည်သိမ်းယူပြီးနောက် ဥယျာဉ်ခြံများတွင် စစ်ဘေးရှောင်နေကြသည့် ဒေသခံများကို ရွာတွင် ပြန်လည်နေထိုင်ရန် ဇူလိုင်လ ပထမပတ်မှစ၍ ဖိအားပေးနေကြောင်း ဒေသခံများက ဆိုသည်။ စစ်အာဏာရှင်တပ်က ဖိအားပေးသဖြင့် ဥယျာဉ်ခြံထဲတွင် နေထိုင်ကြသည့် ဒေသခံအချို့သည် ရွာအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ပြောင်းရွှေ့နေထိုင်ကြပြီး စားသောက်နေထိုင်ရေးများ ခက်ခဲနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့က ပြန်မလာရင် သူပုန်သတ်မှတ်ပြီး ပစ်သတ်မယ်ပြောလို့သာ ပြန်ဝင်လာရတယ်။ အိမ်တွေမှာလည်း ဖောက်ခံထားရလို့ ဘာမှမရှိတော့ဘူး။ ခုက (ဇူလိုင် ၂၀ ရက်) ဘုန်းကြီးကျောင်းမှာပဲ ဝိုင်း(စုပေါင်း)ပြီးနေနေကြတယ်” ဟု အထက်ပါ […]

အန္ဒိယတက်ကြွလှုပ်ရှားသူ ဆိုနမ်ဝမ်ချွတ် အစာငတ်ခံ ဆန္ဒပြမှု အဆုံးသတ်

Dawei Watch

July 24, 2026

ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းပေါက်ကြားမှုဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသား တက်ကြွလှုပ်ရှားသူ ဆိုနမ်ဝမ်ချွတ်က အစာငတ်ခံဆန္ဒပြနေခြင်းဖြစ်ပြီး ၎င်း၏ဆန္ဒပြမှုကို ၂၆ ရက်အကြာတွင် အဆုံးသတ်လိုက်ပြီဖြစ်သည်။ သို့ရာတွင် အိန္ဒိယပညာရေးဝန်ကြီး နုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြမှုများမှာ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ အကြောင်းအရပ်အမျိုးမျိုးအပေါ် အချိန်ယူဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လွှတ်တော်အမတ် အမြောက်အမြား၏ တိုက်တွန်းမှုများအရ နိုင်ငံအတွင်း အကြမ်းဖက်မှုဖြစ်ပေါ်လာနိုင်မှုကို ငဲ့ကွက်သောအားဖြင့် အိန္ဒိယဗဟိုအစိုးရဝန်ကြီးနှစ်ဦး၏ ရှေ့မှောက်တွင် ၎င်း၏ အစာငတ်ခံဆန္ဒပြမှုကို ရပ်ဆိုင်းခဲ့ကြောင်း ဆိုနမ်ဝမ်ချွတ်က X လူမှုကွန်ရက်စာမျက်နှာတွင် ပြောဆိုခဲ့သည်။ ၎င်းက အဆိုပါ ဆွေးနွေးပွဲများ၏ အသေးစိတ်ကို ရှင်းလင်းပြောကြားခဲ့ခြင်းမရှိသော်လည်း ရုပ်သံဗီဒီယိုတစ်ခုတွင် အသေးစိတ်အချက်အလက်များကို မကြာမီ ထုတ်ဖော်ပြောကြားသွားမည်ဟု ကတိပြုခဲ့သည်။ ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲမေးခွန်းပေါက်ကြားမှု ဖြစ်စဉ်သည် ကျောင်းသားများ စာခိုးချမှု ဖြစ်ပေါ်စေကြောင်း ဆန္ဒပြသူများဘက်က စွပ်စွဲထားသည်။ ယင်းစာမေးပွဲမေးခွန်းပေါက်ကြားမှုကြောင့် ကျောင်းသားပေါင်း […]

အရပ်သားကား ချောဆွဲလာသည့် စစ်အာဏာရှင်တပ် ရေဖြူ၊ ဘုရားသုံးဆူရွာတွင် မိုင်းဆွဲခံရ

Dawei Watch

July 24, 2026

ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စု၊ ဘုရားသုံးဆူရွာအနီးတွင် စစ်အာဏာရှင်တပ်သားများ လိုက်ပါလာသည့် ယာဉ်တန်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ပြည်ထောင်စုကားလမ်း အနောက်ဘက်ရှိ မင်းသားကျေးရွာအုပ်စုမှ ပြည်ထောင်စုကားလမ်းမပေါ်ရှိ ရာဖူးရွာသို့ တပ်အချိန်းအပြောင်းလုပ်ရန် ပို့ဆောင်စဉ် ဇူလိုင်လ ၂၃ ရက် ညနေပိုင်းက တိုက်ခိုက်ခံရခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကို မွန်ပြည်နယ်အခြေစိုက် ရေးဘီလူးတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်(KNLA) တပ်ရင်း ၂၇ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ်တန်းတွင် လိုက်ပါလာသည့် မောရဝတီရေတပ် အရာရှိတစ်ဦးနှင့် တပ်သားသုံးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာအပြင်းအထန် ရရှိကြောင်း၊ ကားတစ်စီး ချောက်ထဲကျကာ ပျက်စီးနေသည့် ဓာတ်ပုံနှင့်အတူ ရေးဘီလူးတပ်ဖွဲ့က တိုက်ပွဲသတင်း ထုတ်ပြန်သည်။ ထိခိုက်သေဆုံးမှုများကို အသေးစိတ် အတည်ပြုမေးမြန်းနိုင်ရန် ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူထံ […]

ONE မှာ နောက်တစ်ပွဲထိုးဖို့ ကျော်စွာဝင်း စာချုပ်ရပြီ

Dawei Watch

July 24, 2026

မြန်မာဖိုက်တာလေး ကျော်စွာဝင်း ဟာ ONE မှာ နောက်တစ်ပွဲ ထိုးဖို့အတွက် စာချုပ် လက်မှတ်ရေးထိုးလိုက်ပါပြီ။ Fairtex Gym ရဲ့သူဌေးကလည်း ကျော်စွာဝင်း စာချုပ်လက်မှတ်ရေးထိုးစဉ်အခိုက် နံဘေးမှာ ရှိနေခဲ့ပြီး နှစ်ယောက်လုံးက ကျော်စွာဝင်းရဲ့ရှေ့လာမယ့်ပွဲစဉ်အတွက် ဝမ်းသာပီတိဖြစ်နေခဲ့တာကို မြင်တွေ့ရပါတယ်။ ကျော်စွာဝင်းဟာ ONE Friday Fights ၃ ပွဲ ထိုးပြီးပါပြီ။ ၂ ပွဲ အနိုင်ရရှိပြီး ၁ ပွဲ ရှုံးနိမ့်ထားပါတယ်။ ဒါပေမဲ့ ကျော်စွာဝင်း အရေးနိမ့်ခဲ့ရတဲ့ပွဲစဉ်ကို ပရိသတ်တွေက အခုချိန်ထိတိုင် ဘဝင်မကျမှုတွေ ရှိနေဆဲပါပဲ။ ကျော်စွာဝင်းဟာ ပုံစံကောင်းတစ်ခုကို ထုတ်ပြနိုင်ခဲ့ပါလျက်နဲ့ အမှတ်ပေးဒိုင်လူကြီးတွေရဲ့ ဘက်လိုက်ဆုံးဖြတ်မှုကြောင့် လိပ်နင်ဂျာကို အရှုံးပေးလိုက်ရတာဖြစ်တယ်လို့ အဲ့ဒီပွဲစဉ်အပြီးမှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ကျော်စွာဝင်းရဲ့ မကြာခင်ရောက်လာတော့မယ်ဆိုတာကို ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်ကတည်းကပဲ စတမ့်ဖဲတက် က […]

အာဆင်နယ်နောက်ခံလူ ဆာလီဘား နောက်ကျောဒဏ်ရာကြောင့် ကာလကြာအနားယူရမယ်

Dawei Watch

July 24, 2026

အာဆင်နယ်အသင်းရဲ့ အဓိကခံစစ်မှူးတစ်ယောက်ဖြစ်တဲ့ ဝီလီယံ ဆာလီဘာ ဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်တုန်းက ရရှိခဲ့တဲ့ နောက်ကျောဒဏ်ရာကြောင့် အချိန်တစ်ခုကြာ အနားယူရတော့မှာဖြစ်တယ်လို့ အာဆင်နယ်အသင်းက တရားဝင် အတည်ပြုလိုက်ကြောင်း BBC က သတင်းဖော်ပြလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဆာလီဘားဟာ နောက်ကျောဒဏ်ရာပြဿနာကို သီတင်းပတ်နဲ့ချီပြီး ခံစားနေခဲ့ရတာဖြစ်ပါတယ်။ ဒီဒဏ်ရာရှိနေပါလျက်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့တာမှာ ဒဏ်ရာအခြေအနေက ပိုမိုဆိုးရွားသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စပိန်က ပြင်သစ်ကို အနိုင်ယူသွားခဲ့တဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆလီဘားက နာရီဝက်ပဲ ပြင်သစ်အသင်းအတွက် ကစားပေးနိုင်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ ဒဏ်ရာပြဿနာကြောင့် သူ့ကို လူစားလဲလိုက်ရပါတယ်။ ဒီဒဏ်ရာကြောင့်ပဲ သူဟာ အင်္ဂလန်နဲ့ ကစားခဲ့တဲ့ တတိယနေရာလုပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။ လန်ဒန်မြို့ကို ပြန်လည်ရောက်ရှိလာပြီးနောက် ဆလီဘားရဲ့ဒဏ်ရာကို […]

ရေး-ထားဝယ်လမ်းပိုင်းတွင် ကားဝင်တိုက်မိပြီး PDF ရဲဘော်တစ်ဦးသေဆုံး

Dawei Watch

July 23, 2026

ပြင်ဆင်ဖြည့်စွက်ခြင်း PDF ရဲဘော်တစ်ဦး ကုန်တင်ကားတိုက်မိခြင်းမှာ စစ်ဆေးရန် ကားထွက်တားခြင်းကြောင့် မဟုတ်ဘဲ ဆိုင်ကယ်မောင်းနေစဉ် ဝင်တိုက်သွားခြင်းသာဖြစ်ကြောင်း သိရှိရသည်။ “ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှရဲဘော်သည် တာဝန်ဖြင့် ဆိုင်ကယ်မောင်း၍သွားစဉ် အမှတ်(၈) လမ်းမတစ်နေရာ၌ ကုန်ကားတွဲကားနှင့် တိုက်မိပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်” ဟု ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ Dawei Watch ထံသို့ ဆက်သွယ်ပြောကြားလာပါသည်။ သတင်းမထုတ်မီ ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဖြေကြားမှု မရခဲ့သည့်အတွက် ဒေသခံများ၏ အသံဖြင့်သာ သတင်းထုတ်ခဲ့ရပါသည်။ သတင်းထုတ်ပြီး တစ်ရက်အကြာ ချိုးဖြူပြောက်ကျား တပ်ဖွဲ့မှ တရားဝင်ဆက်သွယ်ပြောကြားလာချိန်တွင် ကွဲလွဲမှုများ ရှိကြောင်းတွေ့ရပါသည်။ သေဆုံးရသည့်ဖြစ်စဉ် ကွဲလွဲဖော်ပြမှုကြောင့် စာဖတ်ပရိသတ်များနှင့် ကာယကံရှင်များကို တောင်းပန်အပ်ပါသည်။ ရေဖြူမြို့နယ် ရေး-ထားဝယ် ပြည်ထောင်စုလမ်းပိုင်း ၂၇ မိုင်အနီးတွင် ကုန်တင်ကားဝင်တိုက်မိပြီး PDF ရဲဘော်တစ်ဦး သေဆုံးကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူများနှင့် ဒေသခံအချို့က […]