ဘီးလင်းတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း နေအိမ်နှင့် ပစ္စည်းများကို မီးရှို့ဖျက်ဆီး
Dawei Watch
July 22, 2026မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် နေအိမ်၊ ကားနှင့် အဖိုးတန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။ စစ်အာဏာရှင် အမှတ် (၄၄)ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခလရ (၈) ၊ ပျူစောထီးအဖွဲ့နှင့် အမှတ် (၃၁၄) အမြောက်တပ်ရင်းတို့ ပူးပေါင်းအင်အား တစ်ရာကျော်ဖြင့် ဇူလိုင်လ ၅ရက်ကစပြီး ဘီးလင်းမြို့နယ်၊ ဒေါရပ်ကျေးရွာအုပ်စု၊ တက်တူကုန်းကျေးရွာနှင့် ကဒီပုကျေးရွာအုပ်စု၊ ကြက်ခြေခတ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။ ယင်းနောက် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် အရပ်သားပြည်သူများ၏ ကုန်ပစ္စည်းများနှင့် […]


