ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်-ထားဝယ်ကားလမ်းပိတ်စဥ် ပျောက်ဆုံးသည့် မြိတ်ဒေသခံလူငယ်နှစ်ဦး တစ်လကျော်အထိ အဆက်အသွယ်မရ

Dawei Watch

March 20, 2026

မြိတ်-ထားဝယ်ကားလမ်းပိုင်းတွင် တိုက်ပွဲများပြင်းထန်၍ လမ်းပိတ်နေစဥ် ဖေဖော်ဝါရီလက ပျောက်ဆုံးခဲ့သည့် အသက် ၂၀ ဝန်းကျင် မြိတ်ဒေသခံလူငယ်နှစ်ဦး တစ်လကျော်ကြာသည်အထိ အဆက်အသွယ်မရကြောင်း ကာယကံရှင်၏ မိသားစုနှင့် နီးစပ်သူများ ထံမှ သိရသည်။ ပျောက်ဆုံးနေသူ နှစ်ဦးမှာ ကိုဘုန်းနိုင်အောင်နှင့် ၎င်း၏သူငယ်ချင်း ကိုချမ်းမြေ့ပိုင်တို့ဖြစ်ကြပြီး ထားဝယ်မှ မြိတ်သို့ ပြန်လာစဥ် သရက်ချောင်းမြို့တွင် အဆက်အသွယ်ပြတ်သွားကြောင်း ကိုဘုန်းနိုင်အောင်၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ ကားလမ်းပိတ်သဖြင့် သရက်ချောင်းမြို့၊ တပ်ရာကုန်းဘုန်းကြီးကျောင်းတွင် အခြားခရီးသည်များနှင့်အတူ တည်းခိုနေ သည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်က ဖုန်းဖြင့် နောက်ဆုံးအဆက်အသွယ်ရခဲ့ကြောင်း ၎င်းက ဆိုသည်။ ယင်းနောက် ၎င်းတို့နှစ်ဦးစလုံး၏ ဖုန်းနှင့် လူမှုကွန်ရက်အကောင့်များအားလုံး ယနေ့ မတ်လ ၂၀ရက်အထိ ဆက်သွယ်၍ မရတော့ကြောင်း မိသားစုထံမှ […]

ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် ကူညီမည်ဟု အင်အားကြီးနိုင်ငံ ၇ခု ပြော

Dawei Watch

March 20, 2026

ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း အင်အားကြီးနိုင်ငံ ၇ နိုင်ငံက မတ်လ ၁၉ ရက်တွင် ပြောကြားလိုက်သည်။ ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက် သင့်လျော်သည့် ကြိုးပမ်းဆောင်ရွက်မှု များတွင် ပါဝင်ကူညီရန် အဆင်သင့်ရှိကြောင်း ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နှင့် နယ်သာလန်နိုင်ငံတို့က ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြသည်။ သို့ရာတွင် ယင်းတို့အနက် သုံးနိုင်ငံကမူ အပစ်အခတ်ရပ်စဲပြီးမှသာ မည်သည့်လုပ်ငန်းစဉ်ကိုမဆို စတင်မည်ဖြစ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။ မကြာသေးမီက အီရန်၏ ပင်လယ်ကွေ့ဒေသအတွင်း လက်နက်မဲ့ကုန်သွယ်သင်္ဘောများအပေါ် တိုက်ခိုက်မှုများကိုလည်း ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြထားသည်။ ၎င်းတို့အနေဖြင့် လက်ငင်းချက်ချင်း စစ်ရေးအရ ကူညီရန် ပြောဆိုနေခြင်းမျိုးမဟုတ်ဘဲ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံအများအပြား ပါဝင်သော လုပ်ငန်းစဉ်အကြောင်းကိုသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း […]

တကူရွာတွင် ဓာတ်ဆီတစ်လီတာ တစ်သောင်းခွဲအထိဖြစ်လာ၊ ဆီရှာရခက်သဖြင့် ခြံလုပ်ငန်းအခက်တွေ့

Dawei Watch

March 19, 2026

တနင်္သာရီမြို့နယ်၊ တကူရွာတွင် ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းခွဲဖြစ်လာသည့်အပြင် ဝယ်ယူရလည်း ခက်ခဲသဖြင့် ဒေသခံများ အလုပ်လုပ်ကိုင်ရန် အခက်အခဲများစွာကြုံနေရကြောင်း ဒေသခံများက ပြောသည်။ မတ်လ ၇ရက်မှစတင်ကာ မြိတ်မြို့မှ ဆီဘောက်ဆာကားများ မလာတော့သောကြောင့် မြို့ပေါ်သို့ သွားရောက်ကာ သယ်ဆောင်နေရသဖြင့် တကူရွာတွင် စက်သုံးဆီစျေးတက်ပြီး ဝယ်ယူရခက်ခဲလာကြောင်း ၎င်းတို့က ဆိုသည်။ တကူရွာတွင် ဓာတ်ဆီကို တန်းစီဝယ်ယူနေရာပြီး သုံးရက်၊ လေးရက်ခန့်ကြာမှသာ တစ်ကြိမ် ဝယ်ယူရရှိသည့်အပြင် တစ်ကြိမ်ဝယ်ယူလျှင်လည်း တစ်လီတာသာရရှိကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “အလုအယက်ပေါ့။ (ဆီဆိုင်တွေမှာ) သူတို့ရှိတဲ့ ရက်ကျ ရောင်းပေးတယ်။ အမြဲတမ်းတော့ မရဘူး။ တစ်ခါသွားတန်းစီပြီး ရလာလည်း တစ်ဘူးပဲ” ဟု ၎င်းက ပြောသည်။ မတ်လအစပိုင်းတွင် တကူရွာ၌ ဓာတ်ဆီတစ်လီတာလျှင် ၃၅၀၀ ကျပ်ဝန်းကျင်သာ စျေးရှိရာမှ လက်ရှိတွင် […]

အာဏာသိမ်းကာလအတွင်း အမျိုးသမီးလစဉ်သုံးပစ္စည်းဈေး ၁၀ ဆအထိ စျေးမြင့်တက်

Dawei Watch

March 19, 2026

စစ်အုပ်စုအာ‌ဏာသိမ်းပြီး ငါးနှစ်တာကာလအတွင်း အမျိုးသမီးလစဉ်သုံးပစ္စည်းဈေးနှုန်းမှာ ၇ ဆ မှ ၁၀ ဆနီးပါးအထိ စျေးမြင့်တက်လာကြောင်း မြိတ်နှင့် ဘုတ်ပြင်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးအချို့ထံမှ သိရသည်။ အာဏာမသိမ်းမီက Pinky အမှတ်တံဆိပ် အမျိုးသမီးလစဉ်သုံးပစ္စည်းတစ်ထုပ်လျှပ် ကျပ် ၇၀၀ ၊ Blue တံဆိပ် တစ်ထုပ်လျှင် ကျပ် ၅၀၀၊ ပျိုမေတံဆိပ် တစ်ထုပ်လျှင် ကျပ် ၈၀၀နှင့် Shuya တံဆိပ် တစ်ထုပ်လျှင် ကျပ်တစ်ထောင်ကျော် ဝန်းကျင်သာ ဈေးရှိခဲ့သည်။ လက်ရှိတွင် Pinky တစ်ထုပ်လျှင် ကျပ် ၅၀၀၀၊ Blue တစ်ထုပ်လျှင် ၄၅၀၀ကျပ်၊ ပျိုမေတစ်ထုပ်လျှင် ကျပ် ၅ဝဝဝ နှင့် Shuya တစ်ထုပ်လျှင် ကျပ် ၇၀၀၀ ဝန်းကျင်အထိ ပေးဝယ်နေရကြောင်း အမျိုးသမီးအချို့က […]

ဟော်မုဇ်ရေလက်ကြားလုံခြုံရေး မဟာမိတ်များသာ တာဝန်ယူရန် ထရမ့် အရိပ်အမြွက်ပြော

Dawei Watch

March 19, 2026

ဟော်မုဇ်ရေလက်ကြား လုံခြုံရေးကိစ္စကို မဟာမိတ်နိုင်ငံများကိုသာ တာဝန်ယူစေမည့်သဘောမျိုး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မတ်လ ၁၈ ရက်တွင် ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်၌ အရိပ်အမြွက်ပြောဆိုရေးသားလိုက်သည်။ ကမ္ဘာလုံးဆိုင်ရာ ရေနံသယ်ယူပို့ဆောင်ရေးအဓိကလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားလုံခြုံရေးအတွက် အီရန်ကို အမေရိကန်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရန် အမေရိကန်၏ မဟာမိတ်နိုင်ငံများက ငြင်းဆန်ပြီးနောက် သမ္မတထရမ့်က ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။ အဆိုပါ ရေလက်ကြားမှာ အမေရိကန်အတွက် မလိုအပ်ဘဲ ယင်းရေလက်ကြားကို အမှန်တကယ် အသုံးပြုနေသည့် နိုင်ငံများကိုသာ အဖြေရှာခိုင်းလိုက်မည်ဖြစ်ကြောင်း ထရမ့်က ဆိုသည်။ “အကြမ်းဖက်အီရန်နိုင်ငံရဲ့ လက်ကျန်တွေကို ကျွန်ုပ်တို့ အပြတ်ရှင်းလိုက်ပြီ။ အမေရိကန်က မသုံးတဲ့ ဒီရေလက်ကြားကိစ္စမှာ သူ့ကို သုံးနေတဲ့ နိုင်ငံတွေကိုပဲ တာဝန်ယူခိုင်းလိုက်ရင် ဘာဖြစ်မလဲ သိချင်မိတယ်။ ဒါဆိုရင်တော့ တုံ့ပြန်မှုနှေးကွေးနေတဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ လျင်လျင်မြန်မြန် လှုပ်လှုပ်ရှားရှား […]

မွန်တွင် စက်သုံးဆီ ဝယ်မရသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူများ အခက်ကြုံ

Dawei Watch

March 19, 2026

မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဝယ်ယူရ ခက်ခဲသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲ ကြုံနေရကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။ စက်သုံးဆီ ဝယ်မရသည့်အတွက် စိုက်ခင်းထဲ ရေတင်ရန်၊ နွေစပါးရိတ်သိမ်းရန်နှင့် နွေစိုက်ခင်း ထွန်ယက်စိုက်ပျိုးရန် အခက်ကြုံရကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။ “ဆီ ဝယ်မရရင် ဘာမှလုပ်လို့ မရဘူး။ အခုက စျေးကြီးပေးဝယ်ရင်တောင် မရတဲ့အခြေအနေဖြစ်နေတယ်။ ရရင်လည်း နည်းနည်းပါးပါးပဲ ရတယ်။ နွေစိုက်ပျိုးရေးလုပ်တဲ့သူတွေအတွက်က အခက်အခဲဖြစ်တယ်။ စိုက်ခင်းထဲ ရေတင် ရေသွင်း‌ မလုပ်နိုင်ရင် သွားပြီ” ဟု နွေးစပါးစိုက် တောင်သူတစ်ဦးက ပြောဆိုသည်။ လယ်သမားများအတွက် ဆီဝယ်ယူရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး ထောက်ခံစာဖြင့် ဝယ်ယူရရှိနိုင်သော်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည့်အတွက် လုံလောက်မှု မရှိကြောင်း လယ်သမားများထံမှ သိရသည်။ မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဝယ်ယူရရှိရန် ခက်ခဲနေပြီး […]

ထားဝယ်တွင် စက်သုံးဆီအခက်အခဲကြောင့် ကမ်းနီးငါးဖမ်းလှေအချို့ရပ်နား

Dawei Watch

March 19, 2026

ထားဝယ်ခရိုင်တွင် စက်သုံးဆီ ပြတ်လပ်ခြင်းနှင့် ဝယ်ယူရခက်ခဲခြင်းတို့ကြောင့် ကမ်းနီးငါးဖမ်းလှေ့အချို့ လုပ်ငန်းရပ်နား နေကြကြောင်း ကမ်းနီးငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဒီဇယ်စက်သုံးဆီတစ်ပီပါလျှင် ၆၈၀,၀၀၀ ကျပ်ခန့်သာ စျေးရှိရာမှ မတ်လ ပထမပတ်တွင် ၁၂သိန်း၊ ဒုတိယပတ်တွင် ၁၃သိန်းဝန်းကျင်အထိ ဖြစ်လာသည့်အပြင် ဝယ်ယူ၍လည်း မရတော့ကြောင်း လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ ကမ်းနီးငါးဖမ်းလှေလုပ်ငန်း လုပ်သူအမျိုးသမီးတစ်ဦးက ဆိုသည်။ “အခုက ၁၄ သိန်းပေးတာတောင် ဝယ်မရတော့ဘူး။ ဒီတစ်ခေါက်ပြီးရင် နားဖို့ စဉ်းစားနေတယ်” ဟု ၎င်းက ပြောဆိုသည်။ စက်သုံးဆီ စျေးကြီးပြီး အခက်အခဲအပြင် စျေးကောင်းသည့်ငါးများ ရှာဖွေဖမ်းဆီးရမိမှု နည်းလာခြင်းတို့ကြောင့် အကျိုးအမြတ် နည်းသဖြင့် လုပ်ငန်းယာယီ ရပ်ဆိုင်းရန် ဆုံးဖြတ်ကြခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာရှိ ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။ […]

လက်ရှိထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဝီရကူကို ဝန်ကြီးချုပ်အသစ်အဖြစ် ထပ်မံရွေးချယ်

Dawei Watch

March 19, 2026

ရွေးကောက်ပွဲ အနိုင်ရ Bhumjaithai ပါတီခေါင်းဆောင် အနုထင်ချန်ဝီရကူ အား ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က ထပ်မံရွေးချယ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ လက်ရှိဝန်ကြီးချုပ် အနုထင်ချန်ဝီရကူ အစိုးရက ဖေဖော်ဝါရီလ ၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် Bhumjaithai ပါတီက အမတ်နေရာ ၁၉၀ ကျော်ဖြင့် ပထမနေရာက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်ရန် အောက်လွှတ်တော်အမတ် ၄၉၉ ဦးအနက် ၄၉၈ ဦး တက်ရောက်လာခဲ့သည်။ ယနေ့ နံနက်ပိုင်း ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်အသစ် ရွေးချယ်ရန် အနိုင်ရ Bhumjaithai ပါတီက အနုထင်ချန်ဝီရကူ အား အမည်စာရင်းတင်သွင်းခဲ့ပြီး ဒုတိယအနိုင်ရပါတီဖြစ်သော ပြည်သူ့ပါတီ (People’s Party) က နတ္တဖွန် ရွမ်ပန်ရာဝတ်ကို အမည်စာရင်း […]