ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့တွင် စက်သုံးဆီပြတ်သဖြင့် တစ်လီတာဝယ်ခွင့်ရရန် နာရီနှင့်ချီတန်းစီရ

Dawei Watch

March 18, 2026

ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ယခုရက်ပိုင်းအတွင် ဆီပြတ်လတ်သောကြောင့် နာရီနှင့်ချီ တန်းစီဝယ်ယူနေရပြီး ဆိုင်ကယ်ဆိုလျှင် တစ်လီတာသာ ဝယ်ယူခွင့်ရကြောင်း ဆီတန်းစီဝယ်ယူသည့် မြို့ခံများနှင့် ခရီးသားပြည်သူများက ပြောသည်။ ထာဝယ်မြို့ရှိ စက်သုံးဆီ ခွဲတမ်းရရှိသည့် ဆီဆိုင်အချို့တွင် မတ်လ ၁၆ ရက်ကစပြီး ဆီပြတ်လပ်သောကြောင့် လက်ကျန်ဆီ ရောင်းချနေသည့် ဆီဆိုင်အချို့တွင် တိုးကျိတ်ဝယ်ယူနေရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “အခုက စုံမ ကလည်း သတ်မှတ်ထားတော့ လမ်းပေါ် ဆိုင်ကယ်ကားတွေ နည်းလာတယ်။ ကြည့်လိုက်ရင် ဆီဆိုင်တွေမှာပဲ လူတွေ အများကြီးတန်းနေတာတွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။ ရွှေဝယ်သီရိအားကားစားကွင်းအနီးရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင်မူ မတ်လ ၁၇ ရက်က စက်သုံးဆီ လာရောက်ဝယ်ယူ သည့် ကား၊ ဆိုင်ကယ်များ စီတန်းထားသည်မှာ သုံးဖာလုံခန့်ရှိကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ […]

ချွန်ဘူရီတွင် လမ်းဘေးစွန့်ပစ်ထားသော မွေးကင်းစကလေးငယ်ကို မြန်မာအမျိုးသမီးက ကယ်တင်

Dawei Watch

March 18, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင် လမ်းဘေးရှိ အမှိုက်ပုံးဘေးတွင် စွန့်ပစ်ထားသော မွေးကင်းစကလေးငယ်ကို မြန်မာအမျိုးသမီးတစ်ဦးက တွေ့ရှိပြီး ကယ်တင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၁၇ ရက် နံနက် ၁၀ နာရီခွဲက ချွန်ဘူရီခရိုင် ကော့ကျန်းဒေသ အမှတ် ၃၃၁ အဝေးပြေးလမ်းမကြီးဘေး အမှိုက်ပုံဘေးတွင် မွေးကင်းစကလေးငယ်တစ်ဦး စွန့်ပစ်ထားသည်ကို ဆိုင်ကယ်စီးလာသော မြန်မာအမျိုးသမီးတစ်ဦးက တွေ့ရှိခြင်းဖြစ်သည်။ ကလေးငယ်သည် တစ်ရက် သို့မဟုတ် နှစ်ရက်သားအရွယ်ဖြစ်ပြီး ပလပ်စတစ်အိတ်အနက်ရောင်ဖြင့် ထုပ်ထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီးသည် ကလေးငယ်ကို အခန်းသို့ ခေါ်ယူလာခဲ့ပြီး ကနဦးတွင် ပြုစုစောင့်ရှောက်ပေးရန် စဉ်းစားခဲ့သော်လည်း မတတ်နိုင်ကြောင်း ဆိုသည်။ ထို့ကြောင့် မူလနေရာတွင် ပြန်သွားထားရန် စဉ်းစားနေစဉ် အဆောင်ပိုင်ရှင်က တွေ့၍ ရဲတပ်ဖွဲ့ထံ တိုင်ကြားပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ […]

ဘီးလင်းတွင် အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

Dawei Watch

March 18, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြင်သာကျေးရွာတွင် အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၁၅ရက် နံနက်ပိုင်းက ပြင်သာကျေးရွာအနီးတွင် အမျိုးသားနှစ်ဦးသည် တဲဆောက်လုပ်ရန်အတွက် မြေရှင်းလင်း နေစဉ် မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ မြေမြှုပ်မိုင်းနင်းမိသည့် အမျိုးသားနှစ်ဦးသည် ရွှေတူးဖော်ရေး အလုပ်သမားများဖြစ်ကြပြီး အသက် ၂၀ ကျော် အရွယ်များကြကြော်း ဒေသခံများက ဆိုသည်။ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးစလုံးသည် ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိသဖြင့် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အရေးပေါ် တက်ရောက် ဆေးကုသမှု ခံယူနေရကြောင်း ၎င်းတို့က ပြောဆို သည်။ “မိုင်းနင်းမိတဲ့ နှစ်ယောက်က ရွှေတွင်းလုပ်သားတွေ ဖြစ်ကြတယ်။ အခု မိုင်းနင်းမိတဲ့နေရာက စစ်ကြောင်းတွေလည်း ရောက်တယ်။ […]

နယူးဇီလန် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများ ပိုတင်းကျပ်လာဖွယ်ရှိ

Dawei Watch

March 18, 2026

ပြည်နှင်ဒဏ်ပေးခြင်း ၊ ခိုလှုံခွင့်တောင်းခံခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းများကို ပိုမိုတင်းကျပ်မည့် ဥပဒေကြမ်းတစ်ရပ်ကို နယူးဇီလန်အစိုးရက ယနေ့ မတ်လ ၁၈ ရက်တွင် လွှတ်တော်သို့ တင်သွင်းမည် ဖြစ်သည်။ ယင်းဥပဒေကြမ်းသည် ကြီးလေးသည့် ပြစ်မှုကျူးလွန်မှု၊ ရွှေ့ပြောင်းလုပ်သားများအပေါ် ခေါင်းပုံဖြတ်မှုနှင့် မရိုးမသား ခိုလှုံခွင့်တောင်းခံမှုများကို ဖြေရှင်းရန် ရည်ရွယ်ကြောင်း နယူးဇီလန်အစိုးရက ဆိုသည်။ ယင်းဥပဒေကြမ်းသည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိန်ခေါ်မှုများကို စီမံခန့်ခွဲရာတွင် အာဏာပိုင်များအတွက် မျှတဆီလျော် သည့် လုပ်ပိုင်ခွင့်များ ရရှိစေမည်ဖြစ်ကြောင်း နယူးဇီလန်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး အဲရီကာစတန်းဖို့ဒ်က ပြောသည်။ ယင်းအပြင် နယူးဇီလန် လူဝင်မှုကြီးကြပ်ရေးစနစ်တစ်ခုလုံးကို မျှတထိရောက်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ နယူးဇီလန်တွင် နေထိုင်ခွင့်ရရှိထားသူတစ်ဦးသည် ကြီးလေးသည့် ပြစ်မှုကျူးလွန်ပါက ပြည်နှင်ဒဏ်ပေးခံရနိုင်သည့် သတ်မှတ်ကာလကို ၁၀ နှစ်မှ အနှစ် ၂၀ အထိ […]

မြိတ်-ကျွန်းစုသွား အမြန်ရေယာဉ်ပေါ် လူငယ် ၃၀ခန့်ကို စစ်အာဏာရှင်တပ်ဖမ်းဆီးပြီး ကျပ်သိန်းဆယ်ချီဖြင့်ပြန်ရွေးခိုင်း

Dawei Watch

March 18, 2026

မြိတ်မြို့မှ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ကျေးရွာများကို ပြေးဆွဲနေသည့် ခရီးသည်တင်အမြန်ရေယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသား ၃၀ ဦးခန့်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ပြီး တစ်ဦးစီအတွက် ကျပ်သိန်းဆယ်ချီ တောင်းခံနေကြောင်း ကာယကံရှင်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ မတ်လ ၁၆ ရက်တွင် ကျွန်းစုဘက်မှ မြိတ်မြို့သို့လာသည့် ခရီးသည်တင် ၉၉၉ အမြန်ရေယာဥ်သည် မြိတ်မြို့ ရွှေသာလျောင်းအနီးရှိ စစ်သင်္ဘောတွင် လက်မှတ်ဝင်ထိုးစဥ် ယင်းကဲ့သို့ ဖမ်းဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။ “ဖမ်းခေါ်သွားတဲ့ အရေအတွက်က တော်တော်များတယ်။ ကံမော်ရွာခံရော၊ မြိတ်က သားငယ် (လူငယ်) တွေရော ပါတယ်။ မိသားစု‌ဝင်တွေလိုက် စုံစမ်းတာတော့ ငွေပေးရင် ပြန်လွှတ်ပေးမယ့် အခြေအနေရှိနေတယ်။အဆင်မပြေတဲ့ မိသားစုတွေလည်း ရှိတော့ ဘယ်လိုဆက်ဖြစ်မယ် မသိရသေးဘူး” ဟု ကျွန်းစုမြို့နယ်၊ ကံမော်ရွာခံတစ်ဦးက ပြောသည်။ […]

ဂျပန်တွင် အရပ်သားဗုံးခိုနေရာများ ထပ်တိုးချဲ့ ဗုံးခိုနေရာပေါင်း ၆၂၅၀၀ ကျော်ရှိလာ

Dawei Watch

March 17, 2026

အရှေ့မြောက်အာရှဒေသ လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာနေမှုကြောင့် အရပ်သားပြည်သူများအတွက် ဗုံးခိုနေရာအသစ် ၁၅၀၀ နီးပါးကို ဂျပန်အစိုးရက ထပ်မံတိုးချဲ့သတ်မှတ်လိုက်သည်။ အရပ်သားပြည်သူများအတွက် ဗုံးခိုနေရာများကို တိုးချဲ့ရန် ဂျပန်အစိုးရက ၂၀၂၄ ခုနှစ်တွင် စတင်လေ့လာခဲ့သည်။ အဆိုပါ လေ့လာမှုအရ မြေအောက်ရထားဘူတာများနှင့် မြေအောက်ကားပါကင်များအပါအဝင် နေရာပေါင်း ၁,၄၈၉ ခုကို ရေတိုဗုံးခိုရန် သင့်တော်သည့် နေရာများအဖြစ် ဂျပန်အစိုးရက အတည်ပြုလိုက်သည်။ ယခင်ရှိနှင့်ပြီးသား အရပ်သားပြည်သူများ ဗုံးခိုရာနေရာ ၆၁,၁၄၂ ခုနှင့်ပေါင်းပါက ဗုံးခိုနေရာပေါင်း ၆၂,၅၀၀ ကျော်ရှိသွားပြီဖြစ်သည်။ ယင်းဗုံးခိုနေရာများ အားလုံးကို ကွန်ရက်တစ်ခုသဖွယ် ပေါင်းစပ်ချိတ်ဆက်သွားမည်ဖြစ်ကြောင်း Sankei သတင်းစာက မတ်လ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။ အဆိုပါ ဗုံးခိုနေရာကွန်ရက်အနေဖြင့် လူပေါင်း ၁၀ ဒသမ ၈ သန်းဝန်းကျင်ကို အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ […]

ထိုင်းတွင် ဒီဇယ်ဈေးနှုန်း မြင့်တက်လာ၍ ငါးဖမ်းလှေများ အလုပ်ရပ်နား

Dawei Watch

March 17, 2026

ထိုင်းနိုင်ငံအတွင်း ဒီဇယ်ဈေးနှုန်းများသည် မနက်ဖြန် မတ်လ ၁၈ ရက်နေ့မှစ၍ တစ်လီတာလျှင် ၃၃ ဘတ်အထိ ဈေးတက်လာမည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့က ထုတ်ပြန်သည်။ နိုင်ငံအတွင်းရှိ ဓါတ်ဆီနှင့် ဒီဇယ်ဆီဈေးနှုန်းများကို တသတ်မတ်တည်း ၁၅ ရက်ကြာ ရောင်းချရန် အစိုးရက သတ်မှတ်ခဲ့သဖြင့် ဒီဇယ်ဈေးနှုန်းသည် တစ်လီတာလျှင် မူလ ၂၉ ဒသမ ၉၅ ဘတ်ကို သတ်မှတ်ထားခဲ့သည်။ ယနေ့ညနေပိုင်းတွင် အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒီဇယ်ဈေးနှုန်းများကို တစ်လီတာလျှင် ၃၃ ဘတ်အထိ မြှင့်တင်ရန် ဆုံးဖြတ်ကြောင်း ထုတ်ပြန်လိုက်သည်။ လောင်စာဆီများ ဈေးနှုန်းတည်ငြိမ်ရန်အတွက် စိုက်ထုတ်အသုံးပြုနေသော လောင်စာဆီရန်ပုံငွေမှ ဘတ် ၁၂ ဘီလီယံအထိ လိုငွေပြလာသဖြင့် လောင်စာဆီဈေးနှုန်းများကို မြှင့်တင်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ဒီဇယ်ဆီဈေးနှုန်းများ တက်လာမှုနှင့်အတူ ထိုင်းတောင်ပိုင်း စွန်ခရာခရိုင်ရှိ […]

ရွှေ့ပြောင်းကလေးငယ်များ ပညာအခမဲ့သင်ယူခွင့် ထိုင်းမျိုးချစ်အဖွဲ့က ပညာရေးဝန်ကြီးဌာနသို့ ကန့်ကွက်စာတင်

Dawei Watch

March 17, 2026

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များအားလုံး အခမဲ့ ပညာသင်ယူခွင့်ကို ကန့်ကွက်ကြောင်း နှုတ်ခမ်းမွှေးအဖွဲ့ဟု လူသိများသည့် ထိုင်းမျိုးချစ်အဖွဲ့က ယနေ့တွင် ပညာရေးဝန်ကြီးဌာနသို့ စာပေးပို့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြည်သူများ၏ လက်မှတ်ပေါင်း ၈၆၀၀၀ ကျော်ဖြင့် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း ဖော်ပြသည်။ ထိုင်းနိုင်ငံသား သို့မဟုတ် အိမ်ထောင်စုထဲတွင် မပါဝင်သော ရွှေ့ပြောင်းကလေးငယ်များအား အခမဲ့ ပညာသင်ယူခွင့် ပေးသည့် ဥပဒေကို ဆန့်ကျင်ကြောင်း မျိုးချစ်အဖွဲ့ခေါင်းဆောင် နှုတ်ခမ်းမွှေးဟုခေါ်သည့် Tae Archiwa ကိုယ်တိုင် ဝန်ကြီးဌာနသို့ စာပေးပို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းကလေးငယ်အားလုံးသည် တရားဝင် မှတ်ပုံတင် အထောက်အထား မရှိသည်ဖြစ်စေ၊ ထိုင်းနိုင်ငံသား မဟုတ်သည်ဖြစ်စေ ကျောင်းအပ်နိုင်၍ ပညာသင်ယူခွင့် ရရှိမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၃၀ ရက်တွင် ထိုင်းဘုရင်က လက်မှတ်ထိုး၍ ဥပဒေပြဋ္ဌာန်းခဲ့သည်။ […]