ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောမြို့နယ်၊ ပလမြို့ကို စစ်ကြောင်းထိုးလာ၍ စစ်ရှောင်များ ထပ်မံထွက်ပြေး

Dawei Watch

July 15, 2026

ပုလောမြို့နယ်၊ ပလမြို့ကျေးရွာအချို့ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် စစ်ရှောင်နေသော ဒေသခံများမှာ ရှောင်နေသည့်နေရာမှ ထပ်မံပြောင်းရွှေ့ထွက်ပြေးနေရကြောင်း သိရသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်အာဏာရှင်တပ်စစ်ကြောင်းက ဇရပ်ဆိပ်ရွာဘက်ကို စစ်ကြောင်းထိုးလာသဖြင့် မြိတ်-ထားဝယ်လမ်းပိုင်းရှိ ကျေးရွာများမှဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးကြရကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ဆိုသည်။ မြိတ်-ထားဝယ်လမ်းပိုင်းရှိ ကြဲရွာ၊ စက်တော်ရာရွာ၊ တပိုရွာ၊ ဘိုင်းပြင်ရွာ၊ ဇရပ်ဆိပ်ရွာနှင့် မင်းပြင်ရွာရှိ ဒေသခံများသည် နီးစပ်ရာရွာအနီးရှိ တောတောင်များတွင် ရှောင်နေကြရကြောင်း၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် စစ်အာဏာရှင်စစ်ကြောင်းက ဇရပ်ဆိပ်ရွာသို့ ရောက်ရှိလာသဖြင့် ထပ်မံပြောင်းရွှေ့ ထွက်ပြေးရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ထပ်ပြောင်းရတော့ လမ်းမှာရေတွေကလည်းကြီး၊ မိုးကလည်းရွာ၊ စစ်ကြောင်းလည်းထိုးနေတယ်။ ပြေးဖို့မြေမရှိသလိုမျိုး ဖြစ်နေတယ်။ မိုးရွာထဲ အကုန်ပြေးနေရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။ ဥယျာဉ်ခြံထဲသို့ ရှောင်သည့်စစ်ရှောင်အများစုသည် […]

ထိုင်းတွင် ပြစ်မှုကျူးလွန်သူများကို ချက်ချင်းနေရပ်ပြန်ပို့ရန် အစိုးရအဖွဲ့စတင်လုပ်ဆောင်

Dawei Watch

July 15, 2026

ထိုင်းနိုင်ငံအတွင်း ပြစ်မှုကျူးလွန်ထားသော နိုင်ငံခြားသားများကို အမြန်ဆုံး နေရပ်ပြန်ပို့မည့် နည်းဥပဒေကြမ်းကို အစိုးရအဖွဲ့က ဇူလိုင်လ ၁၄ ရက်နေ့တွင် အတည်ပြုလိုက်သည်။ ပြီးခဲ့သော ဇွန်လက ထိုင်းနိုင်ငံထဲ ဖမ်းဆီးခံရသော နိုင်ငံခြားသားများကို ချက်ချင်း နေရပ်ပြန်ပို့နိုင်မည့် နည်းဥပဒေကို ပြင်ဆင်ရေးဆွဲရန် ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဝီရကူက ညွှန်ကြားခဲ့ပြီးနောက် နည်းဥပဒေကြမ်းကို အစိုးရအဖွဲ့က အတည်ပြုလိုက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း သတ်မှတ်ထားသော ပြစ်မှု ခြောက်မျိုးအနက် တစ်မျိုးမျိုးကို ကျူးလွန်ခဲ့သော နိုင်ငံခြားသားများကို နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်အား အမြန်ဆုံးလုပ်ဆောင်မည်ဖြစ်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ ပြစ်မှု ခြောက်မျိုးတွင် တရားမဝင် ဝင်ရောက်လာမှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှု၊ တရားမဝင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်မှု၊ စာရွက်စာတမ်း အတုပြုလုပ်မှု၊ သုံးနှစ်နှင့်အထက် ထောင်ချနိုင်သော ပြစ်မှုနှင့် ပြစ်မှုများကို အားပေးအားမြှောက်လုပ်ဆောင်မှုများ ပါဝင်သည်။ […]

ဗင်နီဇွဲလားငလျင်ကြောင့် သေဆုံးသူ ငါးထောင်နီးပါး ရှိလာ

Dawei Watch

July 15, 2026

ထိခိုက်ဒဏ်ရာရသူ တစ်သောင်းခြောက်ထောင်ကျော် အထိရှိနေပြီး အိုးအိမ်မဲ့သွားသူများလည်း အများအပြားရှိနေသည်။

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်လာပြီး အနိမ့်ပိုင်းရပ်ကွက်အချို့ စတင်ရေလွှမ်း

Dawei Watch

July 14, 2026

တနင်္သာရီမြို့အနီး စီးဆင်းနေသည့် တနင်္သာရီမြစ်ရေသည် ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းတွင် စိုးရိမ်ရေအမှတ် ၁၇ ပေအထိ ရောက်ရှိနေပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ မြစ်ရေ စိုးရိမ်ရေအမှတ်မှာ ၁၇ ပေနှင့် အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ ဟု သတ်မှတ်ထားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ တနင်္သာရီမြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အားလုံးတွင် မိုးကြီးနေပြီး မြစ်ရေ တဖြည်းဖြည်း တက်လာပြီးနောက် ယနေ့နံနက်ပိုင်းတွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ “ဒီအတိုင်းသာဆို နောက်တစ်နေ့မှာတင် ရွှေ့ရနိုင်တယ်။ မနေ့ကထက် (မြစ်ရေ) ၅ ပေ တိုးတာဆိုတော့လေ။ မိုးကတော့ ရွာနေဆဲပဲ” ဟု တနင်္သာရီမြို့ခံတစ်ဦးက ပြောသည်။ ယနေ့နံနက်ပိုင်း တနင်္သာရီမြစ်ရေတက်မှုကြောင့် တနင်္သာရီမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် […]

အီးယူနိုင်ငံများတွင် ကလေးသူငယ်များ လူမှုကွန်ရက်သုံးစွဲမှု ကန့်သတ်မည်

Dawei Watch

July 14, 2026

၂၇ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်နိုင်ငံများတွင် ကလေးသူငယ်များ လူမှုကွန်ရက်သုံးစွဲမှု ကန့်သတ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်က ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။ ယင်းမှာ အွန်လိုင်းအန္တရာယ်များမှ ကလေးသူငယ်များကို ကာကွယ်ရန် လက်ရှိအချိန်အထိ အကြီးမားဆုံး ကြိုးပမ်းအားထုတ်မှုဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆင့်ဆင့်ကန့်သတ်သည့် နည်းလမ်းတစ်ခုကို အကြံပြုထားသော ကျွမ်းကျင်သူနှစ်ဦး၏ စာတမ်းတစ်စောင်ကို ဗွန်ဒါလေယန်က သတင်းထောက်များကို ပြသခဲ့သည်။ ယင်းတွင် အသက် ၁၃ နှစ်အောက် ကလေးများကို မိဘ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူများနှင့် ဆရာ၊ ဆရာမများ၏ ကြီးကြပ်မှုအောက်တွင် သတ်မှတ်ထားသော အချိန်ကာလတစ်ခုအထိသာ လူမှုကွန်ရက်သုံးစွဲခွင့်ပြုရန် ဖော်ပြထားသည်။ ဆယ်ကျော်သက်များ အသက်ကြီးလာသည်နှင့်အမျှ ယင်းကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးသွားမည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။ “လူမှုကွန်ရက်ပလက်ဖောင်းတွေအတွက် အသက်အရွယ်နဲ့ […]

အက်စတွန်ဗီလာ ကွင်းလယ်လူ တိုင်လီမန်းစ် ကို စာချုပ်လျော်ကြေးနဲ့ မန်ယူ ခေါ်မယ်

Dawei Watch

July 14, 2026

မန်ယူနိုက်တက်အသင်းဟာ ကွင်းလယ်ကို အင်အားဖြည့်ဖို့အတွက် အက်စတွန်ဗီလာ ကွင်းလယ်လူ တိုင်လီမန်းစ် ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့်တင်ကာ စီစဉ်နေပြီလို့ Daily Mail က ဖော်ပြထားပါတယ်။ တိုင်လီမန်းစ်နဲ့ မန်ယူနိုက်တက်တို့အကြားမှာ နှုတ်ကတိ သဘောတူညီမှု ရရှိထားပြီးသားဖြစ်လို့ မန်ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို အက်စတွန်ဗီလာဘက်က လက်ခံလိုက်ရင် အပြောင်းအရွှေ့ အထမြောက်လာတော့မှာပဲဖြစ်ပါတယ်။ မန်ယူနိုက်တက် ဟာ တိုင်လီမန်းစ်အတွက် အက်စတွန်ဗီလာဘက်က သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းခ ယူရို ၄၁ သန်းကို ပေးချေပြီး ဆွေးနွေးနေတာဖြစ်လို့ အပြောင်းအရွှေ့ဖြစ်မြောက်ရေးက အရမ်းပဲ နီးစပ်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က အီဒါဆင် ကို ခေါ်ယူမယ့် အစီအစဉ် အဆင်မပြေဖြစ်သွားခဲ့ရအပြီးမှာ ယူနိုက်တက်က ချက်ချင်းဆိုသလိုပဲ တိုင်လီမန်းစ်ဘက်ကို ဦးလှည့်လိုက်ပြီး လက်ရှိမှာလည်း တိုင်လီမန်းစ်ကိုယ်တိုင်က မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့ကစားချင်နေလို့ အပြောင်းအရွှေ့ဖြစ်မြောက်ရေးက အရမ်းကိုပဲ […]

စစ်အာဏာရှင်တပ်၏ ပလကဖတပ်ဖွဲ့ဝင် ကော့သောင်းမြို့ခံတစ်ဦး တော်လှန်ရေးတပ်ထံ ဘက်ပြောင်း

Dawei Watch

July 13, 2026

တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်နီးပါးကာလအတွင်း ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပြီး လေးကြိမ်မြောက်တွင် လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဆိုသည်။

ကော့စမွေကျွန်းတွင် ဘတ်တစ်သန်းခန့်ဖိုး ခိုးမှုဖြင့် မြန်မာသုံးဦးဖမ်းဆီးခံရ

Dawei Watch

July 13, 2026

ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံပြီးနောက် ဆောက်လုပ်ရေးအလုပ်သမားတန်းလျားတွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။