ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဗင်နီဇွဲလားငလျင်ကြောင့် သေဆုံးသူ ငါးထောင်နီးပါး ရှိလာ

July 15, 2026

Source: Reuters ဓာတ်ပုံ - ndtv

နိုင်ငံအတွင်း ပြီးခဲ့သည့်လက ဆက်တိုက်လှုပ်ခတ်ခဲ့သည့် ငလျင်နှစ်ခုကြောင့် သေဆုံးသူ အရေအတွက် ၄,၇၃၄ ဦးအထိ မြင့်တက်လာကြောင်း ဗင်နီဇွဲလားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျော်ဂျီ ရိုဒရီဂွက်ဇ်က ဇူလိုင်လ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူဦးရေ စုစုပေါင်း ၁၆,၇၄၀ ဦးအထိ ရှိကြောင်း ၎င်းက ပြောသည်။

ဗင်နီဇွဲလားအာဏာပိုင်များက မိသားစုပေါင်း ၁၂၈,၃၂၄ စုကို ကူညီထောက်ပံ့ပေးခဲ့ပြီး လူဦးရေ ၂၀,၉၀၃ ဦးကို နေရာချထားပေးသည့် ယာယီခိုလှုံရေးစခန်း ၁၀ ခုကို တည်ဆောက်ပေးထားခဲ့ကြောင်း ၎င်းက ဆိုသည်။

သို့ရာတွင် လူဦးရေ ၁၇,၉၀၇ ဦးမှာ အမြဲတမ်းနေထိုင်ရန် အိမ်ရာမရှိသေးဘဲ ဖြစ်နေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ငလျင်ဒဏ်ကြောင့် အဆောက်အအုံ ၈၅၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ယင်းတို့အနက် အဆောက်အအုံ ၁၉၀ လုံးမှာ လုံးဝပြိုကျပျက်စီးခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ် ဇွန်လ ၂၄ ရက်နေ့က ဗင်နီဇွဲလားနိုင်ငံတွင် ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ အဆင့်ရှိ ငလျင်နှစ်ခု လှုပ်ခတ်ခဲ့သည်။

Source: Reuters

ဓာတ်ပုံ – ndtv