မင်းပြင်နှင့် တပိုရွာကို စစ်အာဏာရှင်တပ် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်
Dawei Watch
July 11, 2026ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာနှင့် တပိုရွာတို့ကို စစ်အဏာရှင်တပ်က လေကြောင်းဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ဇူလိုင်လ ၉ရက်နှင့် ၁၀ရက်တို့တွင် ဂျိုင်ရိုကော်ပတာနှင့် ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ဇူလိုင်လ ၁၀ရက်တွင် နံနက် ၁၁နာရီကျော်တွင် ဂျိုင်ရိုကော်ပတာ လေးစင်းဖြင့် မင်းပြင်ရွာကို ဗုံးသီး နှစ်လုံးနှင့် တပိုရွာကို ဗုံးလေးလုံး ချကာတိုက်ခိုက်ပြီး ညနေ ၃နာရီခွဲတွင်လည်း ဂျိုင်ရိုကော်ပတာ သုံးစင်းဖြင့် ထပ်မံဗုံးချတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ “မနေ့ (ဇူလိုင် ၁၀) က တစ်နေ့လုံးလည်း ဒရုန်းနဲ့ ဗုံးချနေတယ်။ တိုက်ပွဲလည်း ဖြစ်နေတယ်။ ထိခိုက်မှုကိုတော့ အတိအကျ မသိရသေးဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ စစ်အာဏာရှင်တပ်သည် […]


