လောင်းလုံးတွင် တိုက်ပွဲထပ်ဖြစ်၊ တပ်သား သုံးဦးထွက်ပြေးနေ၍ စစ်အာဏာရှင်စစ်ကြောင်းက လိုက်ရှာနေ
Dawei Watch
July 10, 2026စစ်အာဏာရှင်စစ်ကြောင်းသည် ညင်းမော်၊ ဂေါ့အင်းကြားရှိ ကြယ်တောင်မှ လေးသွန်းခံကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာစဉ် ယနေ့ (ဇူလိုင် ၁၀) မွန်းလွဲ ၁ နာရီခန့်တွင် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ “လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော အများကြီးပဲ ပစ်နေကြတာ” ဟု လေးသွန်းခံဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ ၁ နာရီကျော်အချိန်တွင် ပြောဆိုသည်။ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်သား သုံးဦး ထွက်ပြေးသွား၍ စစ်အာဏာရှင်တပ်က လိုက်ရှာနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များနှင့် ဒေသခံများထံမှသိရသည်။ သရက်ချောင်းမြို့နယ်အခြေစိုက် တပ်ရင်းမှတပ်သား သုံးဦးမှာ လောင်းလုံးမြို့နယ်တွင် တာဝန်ကျနေစဉ် ထွက်ပြေးသွားသဖြင့် စစ်အာဏာရှင်တပ်စစ်ကြောင်းက လိုက်လံရှာဖွေနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှသိရသည်။ အင်အား ဆယ်ဂဏန်းပါသည့် ယင်းစစ်ကြောင်းမှာ ဇူလိုင်လ ၈ ရက်နေ့ […]


