ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို အင်အား ၇၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး

Dawei Watch

July 9, 2026

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ စစ်အာဏာရှင်တပ်က စစ်အင်အား ၇၀၀ ခန့်ဖြင့် ယနေ့ (ဇူလိုင် ၉) စစ်ကြောင်းထိုးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။ ယင်းစစ်ကြောင်းသည် ယနေ့ နံနက် ၆ နာရီခွဲခန့်က ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းမှ ဒေသခံများ စီးနင်းလိုက်ပါလာသော ခရီးသည်တင်ကား ၆ စီးကို ဝက်ချောင်းကျေးရွာအနီးတွင် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက်အမျိုးသားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ခမောင်းချောင်းကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံများကဆိုသည်။ “ကားတွေကို ဝက်ချောင်းရွာနားမှာ ထားခဲ့တယ်။ ခရီးသည်အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ပေးပြီး ကားသမားနဲ့ ခရီးသည်အမျိုးသားတွေကိုတော့ စစ်ကြောင်းထိုးရာမှာ တစ်လျှောက်လုံး ဖမ်းခေါ်သွားနေတယ်လို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းစစ်ကြောင်းမှာ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ခမောင်းချောင်းကျေးရွာအတွင်း ရောက်ရှိနေပြီး ကျေးရွာဘောလုံးကွင်းအနီး၌ ယာယီတပ်စွဲထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ […]

စစ်အာဏာရှင်တပ်က တပိုရွာနှင့် မင်းပြင်ရွာကို ဂျိုင်ရိုကော်ပတာဖြင့် ဗုံးချတိုက်ခိုက်

Dawei Watch

July 9, 2026

ပလမြို့၊ တပိုရွာနှင့် မင်းပြင်ရွာကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာဖြင့် ဗုံးချတိုက်ခိုက်ခဲ့သလို ဒရုန်းဖြင့်လည်း ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉) နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် တပိုရွာနှင့် မင်းပြင်ရွာကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာသုံးစီးဖြင့် ဗုံးသီး ငါးလုံးချ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ စစ်အာဏာရှင်တပ်က မင်းပြင်ရွာကို ဗုံးသီး သုံးလုံးနှင့် တပိုရွာကို ဗုံးသီး နှစ်လုံးချ၍ တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းကရှင်းပြသည်။ “ထိခိုက်မှုတော့ မသိရသေးဘူး။ ရွာသားတွေတော့ ပြေးကုန်ပြီ။ စောစောပိုင်းက တိုက်ပွဲတော့ ခဏဖြစ်သွားတယ်” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။ စစ်အာဏာရှင်တပ်က မွန်းလွဲ ၂ နာရီတွင်လည်း ဒရုန်းဖြင့် […]

စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ကင်းနီကျွန်းရွာကို ဗုံးကြဲ

Dawei Watch

July 9, 2026

တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာအုပ်စု၊ ကင်းနီကျွန်းရွာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်များနှင့် ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၈ ရက်နေ့ ညနေ ၄ နာရီတွင် စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ကင်းနီကျွန်းရွာကို ဗုံး လေးလုံးကြဲ၍ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကင်းနီကျွန်းရွာအတွင်းသို့ စစ်အာဏာရှင်တပ်က ပေါင် ၂၅၀ ဗုံးသီး ၄ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကင်းနီကျွန်းရွာသည် တနင်္သာရီမြစ်နံဘေးရှိ စစ်အာဏာရှင်တပ်၏ ကျောက်လုံးကြီးစခန်းနှင့် တစ်ဆက်တည်းရှိသည့် ကရင်တိုင်းရင်းသားများ နေထိုင်သည့်ရွာဖြစ်သည်။ ကင်းနီကျွန်းရွာနှင့် အနီးဝန်းကျင်ရှိ ဒေသခံများသည် စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားမှုများရှိပါက တိမ်းရှောင်ကြပြီး၊ အခြေအနေကောင်းမွန်ပါက ရွာထဲတွင် ပြန်လည်နေထိုင်ကြလေ့ရှိကြောင်း ဒေသခံအချို့က […]

စက်သုံးဆီ တရားမဝင်ရောင်းသည်ဟုဆိုကာ ရာဇာမင်းပိုင်ရှင်ကို ထောင်နှစ်နှစ်ချ

Dawei Watch

July 9, 2026

တရားမဝင်စက်သုံးဆီ ဖြန့်ဖြူးရောင်းချသည်ဟုဆိုကာ ပြည်နယ်အတွင်းရှိ ရာဇာမင်းကုမ္ပဏီပိုင်ရှင်၊ စွမ်းမြန်မာစက်သုံးဆီဆိုင်ပိုင်ရှင်၊ မိဘမေတ္တာစက်သုံးဆီဆိုင်ပိုင်ရှင်နှင့် မင်းသန့်စက်သုံးဆီဆိုင်ပိုင်ရှင်တို့ ဖမ်းဆီးခံထားရသည်။

အီရန်ကို အမေရိကန် တိုက်ခိုက်၊ ယာယီငြိမ်းချမ်းရေးသဘောတူညီချက် ပြီးဆုံးသွားပြီဟုဆို

Dawei Watch

July 9, 2026

အီရန်စစ်ပွဲတွင် အမေရိကန်အား ပံ့ပိုးကူညီခြင်းမရှိသည့် မဟာမိတ်နိုင်ငံများကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး အီရန်ခေါင်းဆောင်များကိုလည်း စိတ်မမှန်သူများအဖြစ် သမ္မတထရမ့်က ရည်ညွှန်းပြောဆိုခဲ့သည်။

ထားဝယ်တွင် ပြည်သူ့စစ် အင်အားတိုးချဲ့ရန် စစ်အုပ်စုက ပေါ်ပေါ်ထင်ထင် စတင်လုပ်ဆောင်

Dawei Watch

July 9, 2026

ဆယ်ကျော်သက်အရွယ် ထားဝယ်မြို့ခံ ပြည်သူ့စစ်ဆိုသူများက TikTok လူမှုကွန်ရက် စာမျက်နှာများတွင် အဖွဲ့ဝင်သစ်များ အလိုရှိကြောင်းနှင့် လာရောက်ဆက်သွယ်နိုင်ကြောင်း ရေးသားနေကြသည်။

ထိုင်းတွင် ညစ်ညမ်းဗီဒီယို အွန်လိုင်းပေါ်တင်လျှင် ထောင်ဒဏ်ငါးနှစ်နှင့် ဘတ်တစ်သိန်းအထိ ပြစ်ဒဏ်ကျနိုင်

Dawei Watch

July 9, 2026

ထိုင်းနိုင်ငံတွင် ညစ်ညမ်းဗီဒီယိုများကို အင်တာနက်ပေါ်တွင် မတင်ကြရန်၊ မမျှဝေကြရန် ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၈ ရက်တွင် သတိပေးလိုက်သည်။ အင်တာနက်ပေါ်ရှိ မည်သည့်ပလပ်ဖောင်းတွင်ဖြစ်စေ ညစ်ညမ်းဗီဒီယိုများကို ပိုစ့်တင်ပါက သို့မဟုတ် မျှဝေပါက တရားဥပဒေကို ဆန့်ကျင်နေကြောင်း ဖော်ပြသည်။ အွန်လိုင်းပေါ်တွင် တင်ထားသည်ဖြစ်စေ ကွန်ပျူတာများထဲတွင် လက်ခံထားရှိသည်ဖြစ်စေ စစ်ဆေးတွေ့ရှိပါက ကွန်ပျူတာအက်ဥပဒေအရ ထောင်ဒဏ် ငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ် ဘတ် တစ်သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ကြောင်း ရေးသားထားသည်။ ညစ်ညမ်းဗီဒီယိုများကို ကိုယ်တိုင်ရိုက်ကူးခြင်းမဟုတ်သော်လည်း လက်ခံထားရှိခြင်း၊ အွန်လိုင်းပေါ် မျှဝေခြင်းတို့သည် တရားမဝင်ကြောင်း သတိပေးထားသည်။

ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်

Dawei Watch

July 8, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ အင်အားရာချီရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းများသည် ဘီးလင်းမြို့နယ်အတွင်းသို့ ဇူလိုင်လ ပထမအပတ်မှစတင်၍ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်များသည် ဇူလိုင် ၅ ရက်နေ့က တက်တူးကုန်းကျေးရွာဘက်သို့ ရောက်ရှိလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ “စစ်ကြောင်းက တက်တူးကုန်းဘက် ရောက်လာတဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ စဖြစ်တယ်။ နှစ်ရက်ဆက်တိုက် ဖြစ်တယ်။ အခုထိလည်း စစ်ကြောင်းက ဝင်လာနေတော့ တိုက်ပွဲက ဆက်ဖြစ်နေတယ်” ဟု သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ် စစ်ကြောင်းက တက်တူးကုန်းရွာထဲ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့သွားခဲ့ကြောင်းလည်း […]