ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်စာဖြင့် ရေးသားထုတ်ဝေသည့် “ခေရာ” စာစောင် ယနေ့စတင်ဖြန့်ချိ

Dawei Watch

July 8, 2026

ထားဝယ်စာရေးဟန်ဖြင့် ရေးသားထုတ်ဝေသည့် “ခေရာ” (ခြေရာ) အွန်လိုင်းစာစောင် အတွဲ (၁)၊ အမှတ် (၁) ကို ယနေ့ ဇူလိုင်လ ၈ ရက်တွင် စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။ “ခေရာ” အမည်ဖြင့် ဖွင့်လှစ်ထားသည့် Facebook လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖြန့်ချိခြင်းဖြစ်သည်။ စိတ်ကူးစိတ်သန်းများ၊ ဖန်တီးမှုများ၊ ခံစားမှုများ၊ ဖြတ်သန်းမှုများကို သမိုင်းခြေရာအဖြစ် မှတ်တမ်းတင် လက်ဆင့်ကမ်းရန် ရည်ရွယ်ချက်ဖြင့် ထုတ်ဝေရကြောင်း “ခေရာ” စာစောင်၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ “အဓိက ထားဝယ်စာ ဖွံ့ဖြိုးရေးအတွက် အခြေခံအရင်းအမြစ်ရအောင် ရည်ရွယ်ပါတယ်။ ဆိုလိုတာက ထားဝယ်စာသည် စာမရှိလို့ မရေးဖြစ်၊ မရေးဖြစ်ကြတော့ ကိုးကားလို့ရတဲ့ စာမရှိဘူး ဆိုပြီး လည်နေတယ်။ ရေးလက်စရှိနေတဲ့ အသုံးအနှုန်းတွေကို အခြေခံပြီး ဖြည်းဖြည်းချင်း ရေးသွားကြရင် အချိန်ကာလတစ်ခုမှာ ပိုကောင်းတဲ့ […]

ရေဖြူတွင် တောကောင် သွားရှာသည့်အမျိုးသားနှစ်ဦး ပျောက်ဆုံး

Dawei Watch

July 8, 2026

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ခမောင်းချောင်းနှင့် ဝက်ချောင်းကျေးရွာတို့က ဒေသခံအမျိုးသားနှစ်ဦး တောကောင်ရှာရန် သွားစဉ် ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။ ခမောင်းချောင်းရွာသားမှာ အသက် ၂၀ကျော်အရွယ်ဖြစ်ပြီး ဝက်ချောင်းရွာသားမှာ အသက် ၃၀ ကျော်အရွယ်ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ အဆိုပါအမျိုးသားနှစ်ဦးသည် ဇူလိုင်လ ၇ ရက် နံနက် ၁၀ နာရီခန့်တွင် ကျေးရွာအနီးရှိ တောအုပ်အတွင်း တောကောင်ရှာဖွေရန် ထွက်သွားခြင်းဖြစ်ပြီး ယနေ့ ဇူလိုင်လ ၈ ရက် မွန်းလွဲအထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံး နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “မနေ့ကတည်းက ထွက်သွားတယ်။ အိမ်ကို ပြန်မရောက်လာကြသေးလို့ မိသားစုက လိုက်ရှာနေတာ အခုအထိ မတွေ့ရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ အမျိုးသားနှစ်ဦး ပျောက်ဆုံးနေသည့် ကျေးရွာအနီးဝန်းကျင်တွင် […]

စစ်အာဏာရှင်တပ်က မော်တုန်းရွာ (အရှေ့ကမ်း) ဒေသခံများကို အပြင်ထွက်ခွင့်ပိတ်

Dawei Watch

July 8, 2026

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာ (အရှေ့ကမ်း) သို့ စစ်အာဏာရှင်တပ် စစ်ကြောင်းပြန်ဝင်လာပြီးနောက် ရွာသားများကို ရွာပြင်သို့ ထွက်ခွာခွင့် ပိတ်လိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ထံမှ သိရသည်။ ဇူလိုင် ၆ ရက်နေ့ ည ၇ နာရီတွင် မော်တုန်းရွာ (အရှေ့ကမ်း) သို့ အမှတ် (၃၀၆) အမြောက်တပ်မှ တပ်သားများ စစ်ကြောင်းပြန်ဝင်လာခဲ့ပြီး ယနေ့(ဇူလိုင် ၈) အထိ စစ်ကြောင်းရှိနေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ရွာထဲကို ဝင်လိုက်ထွက်လိုက် လုပ်နေတယ်။ အင်အားလည်း ၆၀ လောက် (ဇူလိုင် ၇ ရက်နေ့က) နောက်ထပ် ထပ်ဖြည့်ထားတယ်။ လမ်းမကြီးမှာလည်း အင်အားများနေတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ စစ်အာဏာရှင်တပ်သားများသည် ဇူလိုင်လ ၇ ရက်နေ့မှစ၍ […]

မြိတ်မြို့၊ အိုးလုပ်ပြင်ကမ်းတွင် မီးလောင်မှုဖြစ်

Dawei Watch

July 8, 2026

မြိတ်မြို့၊ ရေနံမြေရပ်ကွက်၊ အိုးလုပ်ပြင်ကမ်းနားအနီး ဇူလိုင်လ ၇ ရက် ည ၈ နာရီဝန်းကျင်က မီးလောင်ခဲ့ကြောင်း မြို့ခံများနှင့် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ကမ်းနားအနီး ငါး၊ ပုစွန်ထည့်သည့် ရေခဲပုံးများ စီထားသည့်နေရာတွင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ မီးလောင်မှုကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု မရှိကြောင်း မြိတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “လမ်းကြားလေးထဲမှာ လောင်တာပါ။ အိမ်တွေကို မီးကူးတာ၊ ထိခိုက်တာ မရှိပါဘူး။ ဘယ်ကစဖြစ်လဲတော့ အတည်ပြုနေဆဲပါ” ဟု ၎င်းက ပြောဆိုသည်။ မီးလောင်သည့် အိုးလုပ်ပြင်ကမ်းနားတွင် မီးသတ်ကားများနှင့် လူမှုကူညီရေးအသင်းများ၏ ကားများ လာရောက်ကူညီပေးခဲ့ကြောင်း မြို့ခံအချို့ မှတ်တမ်းတင်ထားသည့် ရုပ်သံများ၌ တွေ့ရသည်။ ပုံစာ – အိုးလုပ်ပြင်ကမ်းနား မီးလောင်မှုတွင် […]

ထိုင်းတွင် အငှားယာဉ်မောင်းကို မျက်စိကွယ်သည်အထိ ထိုးသည်ဆိုပြီး မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

July 8, 2026

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် အသက် ၆၁ နှစ်အရွယ် ထိုင်းနိုင်ငံသား အငှားယာဉ်မောင်းကို မျက်စိတစ်ဖက် ကွယ်သည်အထိ ထိုးနှက်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၂၆ နှစ်အရွယ် ကိုသန့်ဇင်ဝင်း ကို ချွန်ဘူရီခရိုင်ရှိ ဟိုတယ်တစ်လုံးတွင် ဇူလိုင်လ ၃ ရက်က ဘန်းကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော ဧပြီလ၁၂ရက်က မြန်မာနိုင်ငံသား ၅ ဦးသည် အငှားယာဉ် (တက္ကစီ) စီးနင်းကြစဉ် ယာဉ်ငှားခ ပေးချေသည့်ကိစ္စနှင့် ပတ်သက်၍ ထိုင်းယာဉ်မောင်းနှင့် စကားများခဲ့ကြကြောင်း ဖော်ပြသည်။ ဘန်ကောက်မြို့ မော်ချစ်ကားဝင်းမှ စမွတ်ပရကန်ကို ကားငှါးစီးကြစဉ် အမြန်လမ်းအသုံးပြုခ ဘတ် ၅၀ ပိုတောင်းသည့်ကိစ္စနှင့် ပတ်သက်၍ စကားများခြင်းဖြစ်ပြီး ကိုသန့်ဇင်ဝင်းက ယာဉ်မောင်း၏ မျက်နှာကို လက်သီးဖြင့် […]

မြန်မာအမျိုးသမီးကို ထိုင်းအမျိုးသားက တစ်နှစ်ကျော်ကြာ ပိတ်လှောင်ပြီး ရိုက်နှက်နှိပ်စက်

Dawei Watch

July 8, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထိုင်းအမျိုးသားက မြန်မာအမျိုးသမီးကို ကွန်ဒိုထဲတွင် တစ်နှစ်ကျော်ကြာ ပိတ်လှောင်ကာ မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်ပြီး ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ အသက် ၂၅ နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသားသည် ရည်းစားဖြစ်သူ အသက် ၂၂ နှစ်အရွယ် မနန်းကို ပိတ်လှောင်နှိပ်စက်ခဲ့ကြောင်း ဖော်ပြသည်။ မနန်း ထွက်ပြေးပြီး ဇူလိုင်လ ၆ ရက်တွင် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာမှ ဖြစ်စဉ်အားလုံးကို သိရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းအမျိုးသားသည် ဘန်ကောက်မြို့ ကျရမ်စနစ်ဝမ်းဒေသရှိ ကွန်ဒိုတိုက်ခန်းတွင် နေထိုင်သူ ဖြစ်သည်။ ကွန်ဒိုထဲ ပိတ်လှောင်ထားစဉ် ထိုင်းအမျိုးသားက မနန်း၏ ဖုန်းနှင့် နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်း၍ အခြားသူများနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး ရေချိုးခန်းအပါအဝင် ကွန်ဒိုတစ်ခုလုံးကို CCTV တပ်၍ စောင့်ကြည့်နေခဲ့ကြောင်း ဆိုသည်။ မနန်းသည် […]

သံမဏိလိပ်ပြာတပ်ဖွဲ့ ထားဝယ်ခရိုင် PDF တပ်ခွဲအဖြစ်ပြောင်းလဲဖွဲ့စည်း

Dawei Watch

July 8, 2026

လောင်းလုံးမြို့နယ်အခြေစိုက် စစ်ရေးလှုပ်ရှားသည့် သံမဏိလိပ်ပြာတပ်ဖွဲ့သည် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း (T1) ၏ တပ်ခွဲတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်ကြေညာသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း (T1) ၏ တပ်ခွဲအဖြစ် ဇူလိုင်လ ၇ ရက်တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ သံမဏိလိပ်ပြာတပ်ဖွဲ့သည် တပ်ခွဲအဖြစ် မပြောင်းလဲမီကတည်းက ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း နှင့် စစ်ရေးပူးပေါင်း လှုပ်ရှားမှုများရှိခဲ့သည်။ သံမဏိလိပ်ပြာတပ်ဖွဲ့သည် ယခုနှစ်ဆန်းပိုင်းမှစ၍ စုဖွဲ့ပြင်ဆင်ပြီးနောက် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း ၏ တပ်ခွဲတစ်ခုအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး စစ်ရေးကွပ်ကဲမှုနှင့် ထောက်ပို့ဆိုင်ရာကဏ္ဍတွင် တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၄ ၏ […]