ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

June 25, 2026

မြိတ်မြို့၊ ချောင်းကူးငယ် ရပ်ကွက်တွင် ဇွန်လ ၂၄ ရက် နေ့လယ်ပိုင်းက လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချ၍ သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ သေဆုံးသူသည် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး နေအိမ်၌ပင် ကြိုးဆွဲချသေဆုံးခဲ့ ကြောင်း ၎င်းတို့ကဆိုသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို မြိတ်မြို့အခြေစိုက် ပါရမီနာရေးကူညီမှုအသင်းက မြိတ်ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။ “နေ့လယ်ထမင်းစားချိန် (၁၁နာရီခွဲ ဝန်းကျင်) လောက်မှ ကြိုးဆွဲချတာကို တွေ့ပြီး ရပ်ကွက်က အကြောင်းကြားလို့ သွားသယ်ပေးတာ ။ ဖြစ်တာက အဲဒီထက်စောလိမ့်မယ်” ဟု ပါရမီနာရေးကူညီမှုအသင်းဝင်တစ်ဦးကပြောသည်။ မည့်သည်အကြောင်းအရင်းကြောင့်ကြိုးဆွဲချသေဆုံးသည်ကိုမူ မသိရသေးပေ။ ဇွန်လ ၁၉ ရက်ကလည်း မြိတ်မြို့၊ မြိတ်တောင်နယ်မြေ တွင် အသက် ၂၇ အရွယ် လူငယ်အမျိုးသား […]

ရေးတွင် မွန်ပြည်သစ်ပါတီ ကင်းစခန်းတစ်ခုကို စစ်အာဏာရှင်တပ် ဝင်သိမ်း

Dawei Watch

June 25, 2026

တပ်ဖွဲ့ဝင် အနည်းငယ်ရှိသည့် ကင်းစခန်းဖြစ်ပြီး စစ်အာဏာရှင်တပ်က စခန်းသိမ်းပြီးနောက် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးထားကြောင်း ဆိုသည်။

ထားဝယ်၊ မောင်မယ်ရှောင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှု ရှိဟုဆို

Dawei Watch

June 25, 2026

မှီအုံးတောင်ဘုရားကုန်းပေါ်တွင် တပ်လာစွဲသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထားဝယ်မြစ်အတွင်း မိကျောင်းတွေ့

Dawei Watch

June 24, 2026

ထားဝယ်မြစ်အတွင်း ဇွန်လ ၂၃ရက်က မိကျောင်း တွေ့ရှိကြောင်း ကိုယ်တိုင်မျက်မြင်တွေ့ရှိသူက ပြောသည်။ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက် ဆီဘောအနီးနေထိုင်သည့် မိသားစုဝင်သုံးဦးသည် ဇွန်လ ၂၃ရက် နံနက် ၇ နာရီခန့်တွင် ထားဝယ်မြစ် ရေလယ်သောင်တွင် ဓနိလုပ်ငန်းလုပ်ကိုင်ရန် သွားရောက်ခဲ့ကြကြောင်း အဆိုပါမိသားစုထံမှ သိရသည်။ ယင်းသို့သွားရောက်ရာ မြစ်ကမ်းစပ်တွင် မိကျောင်းတစ်ကောင်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်မျက်မြင်တွေ့ရှိရသူ အသက် ၅၈နှစ်အရွယ်ရှိ ဦးအောင်ရွှေက ပြောသည်။ “ကျွန်တော် အသက် ၁၈ နှစ်ကတဲ့ ဓနိလုပ်ငန်းလုပ်လာတာ အခု အရွယ်ထိ တစ်ခါမှာ ထားဝယ်မြစ်ထဲ မိကျောင်း တွေ့တယ် လို့လည်း မမြင်ဖူးဘူး ကြားလည်း မကြားဖူးဘူး။ လှေသံကြားတော့မှ မျက်လုံးဖွင့်လိုက်တယ်။ ကျွန်တော်တို့လည်း အံ့ဩ နေတယ်။ တစ်ခါမှာ မတွေ့ရဖူးတော့ တစ်သက်တစ်ကိုယ်” ဟု […]

မြိတ်မြို့ ကန်ဖျားလမ်းမကြီးပေါ်ရှိ နေအိမ်တစ်အိမ် နေခင်းဘက် သူခိုးတက်

Dawei Watch

June 24, 2026

မြိတ်မြို့ ၊ ကန်ဖျားလမ်းမကြီးပေါ်ရှိ ကြံတောရပ်ကွက်က နေအိမ်တစ်အိမ်တွင် ယမန်နေ့ ဇွန်လ ၂၃ ရက် နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင် တွင် သူခိုးတက်ခဲ့ကြောင်း မြို့ခံများထံမှသိရသည် ။ နေအိမ်၌ အိမ်ရှင်အမျိုးသမီးတစ်ဦးတည်းရှိနေချိန် နေအိမ်အောက်ထက် အနောက်ဘက်တံခါးကို ဖောက်၍ သူခိုးဝင်လာခြင်း ဖြစ်ကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည် ။ “အိမ်ရှင်က အခန်း(အိပ်ခန်း)ထဲကနေ ခြေသံကြားလို့ ထွက်ကြည့်တာ၊ ဘုရားခန်းမှာသူခိုးက ပစ္စည်းရှာနေတာတွေ့လို့ ဝရံတာကို ထွက်ပြေးပြီး လမ်းကလူတွေကို အကူအညီတောင်းတာ၊ သူခိုးကထွက်ပြေးသွားတယ် ” ဟု ဖြစ်စဥ်အနီး ရှိခဲ့သည့် ရပ်ကွက်နေသူတစ်ဦးက ပြောသည် ။ အိမ်ရှင်က အကူအညီတောင်းခံသဖြင့် လမ်းသွားလမ်းလာများ နှင့် ရပ်ကွက်နေသူများက ရောက်ရှိလာသောကြောင့် သူခိုးထွက်ပြေးသဖြင့် မည်သည့်ပစ္စည်းမျှ ခိုးယူခံခဲ့ရခြင်းမရှိကြောင်း ၎င်းက […]

အနန်းကွင်းဗျူဟာကို စစ်အင်အားဖြည့်၊ လက်နက်ကြီးရက်ဆက်ပစ်သဖြင့် အရပ်သားခြောက်ဦးဒဏ်ရာရ

Dawei Watch

June 24, 2026

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ စစ်အာဏာရှင်တပ်၏ အနန်းကွင်း ဗျူဟာကို စစ်အင်အားဖြည့်တင်းနေပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ရက်ဆက်ပစ်ခတ်သဖြင့် အရပ်သား ခြောက်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၂၁ရက် ညနေတွင် အနန်းကွင်းဗျူဟာတပ်စခန်းက လူနေကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ဝင်းခနကျေးရွာနှင့် ပန်းအောင်ကျေးရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးကြောင်း ၎င်းတို့က ပြောဆိုသည်။ ဇွန်လ ၂၂ရက်တွင်လည်း ပုတောကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မြေးအဘွား သုံးဦး ထပ်မံ ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးဖြင့် ရက်ဆက် ပစ်ခတ်နေသည့်အပြင် ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်တပ်သည် အနန်းကွင်းဗျူဟာသို့ စစ်အင်အားများ […]

ထားဝယ်မြို့ဝင်ဂိတ်များတွင် ငွေကြေးပေးရန်မလိုဟု စာကပ်ထားသော်လည်း ငွေကြေးပေးပြီးသွားလာနေရ

Dawei Watch

June 24, 2026

ထားဝယ်မြို့ အဝင်အထွက်ဂိတ်များတွင် ဇွန်လဒုတိယပတ်ကစပြီး မည်သည့်အကြောင်းအရင်းကြောင့်မျှ ငွေကြေး တစ်စုံတစ်ရာ ပေးဆောင်ရန်မလိုဟု စာကပ်ထားသော်လည်း မြေပြင်တွင်မူ ငွေကြေးပေးဆောင်ပြီး သွားလာနေရကြောင်း ငွေတောင်းခံရသည့် ခရီးသွားများနှင့် ခရီးသည်တင်ကား မောင်းနှင်သူများထံမှ သိရသည်။ ထားဝယ်မြို့အဝင်အထွက် စစ်အာဏာရှင်တပ်ဂိတ်များဖြစ်သည့် အိမ်ရှေ့ပြင်၊ ပေါက်တိုင်း၊ ဗျောတော၀နှင့် ကမြောကင်း တံတားဂိတ်တို့တွင် ဇွန်လဒုတိယပတ်ကစပြီး ယင်းသို့ အသိပေးစာ ထုတ်ပြန်ထားခြင်းဖြစ်သည်။ အများပြည်သူလုံခြုံရေးအတွက် စစ်ဆေးသော နေရာသာဖြစ်၍ ငွေကြေးတစ်စုံတစ်ရာ ပေးဆောင်ရန် မလိုကြောင်း တံတားပေါ်တွင် ကပ်ထားသည့် အသိပေးစာတွင် ဖော်ပြသည်။ အကယ်၍ ငွေကြေးတစ်စုံတစ်ရာ တောင်းခံပါက မိဘပြည်သူများအနေဖြင့် တိုင်ကြားနိုင်သည်ဟုဆိုပြီး ဖုန်းနံပါတ်သုံးခုဖြင့် အသိပေးထားသည်ကို တွေ့ရကြောင်း ခရီးသွားဒေသခံများက ပြောသည်။ သို့သော် လက်တွေ့တွင်မူ စာကပ်ပြီးနောက်ပိုင်းတွင်လည်း ခရီးသည်တင်ကားများ၊ ကုန်တင်ကားများကို အကြောင်းမျိုးမျိုး ပြပြီး ငွေကြေးတောင်းခံနေဆဲဖြစ်ကြောင်း […]

ထားဝယ်အရှေ့တောတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ပြီး သတ်ခံရ

Dawei Watch

June 24, 2026

ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးကျေးရွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကိုမုဒိမ်းကျင့်ပြီး သတ်ဖြတ်ထားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က အသက် ၁၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ဦးကို ခဲလုပ်သားက မုဒိမ်းကျင့်ပြီး ကျောက်ခဲဖြင့် ထုသတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါ မိန်းကလေးတွင် ကိုယ်ဝန် ၈ လဝန်းကျင်ရှိပြီဖြစ်ပြီး တောင်သုံးလုံးရွာ ဟိန္ဒားတံတားထိပ်ရှိ လမ်းဘေးတွင် ဖုန်းပြောနေချိန် အသက် ၁၉ နှစ်အရွယ် အထက်ပါခဲလုပ်သားက မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “ခဲလာလုပ်တဲ့သူပေါ့။ သူဌေး (ခဲ)မိုင်းပိုင်ရှင်တွေက အလုပ်သမားတွေကို ခေါ်လာတယ်။ ခဲလာလုပ်တဲ့အဖွဲ့ထဲကလို့ ပြောတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို Dawei Watch […]