ဖူးခက်တွင် တရားမဝင်လုပ်ကိုင်သော မြန်မာအပါ နိုင်ငံခြားသားများကို ဖမ်းဆီးမှုအရှိန်မြှင့်
Dawei Watch
June 26, 2026ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားများသည် တရားမဝင် အလုပ်လုပ် ကိုင်နေသည်ဟုဆိုကာ ဖမ်းဆီးနှိမ်နှင်းမှု အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ထိုင်းသတင်းဌာနနှင့် ဖူးခက်နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။ ဇွန်လ ၂၃ ရက်က ဖူးခက်မြို့ ချလောင်ဒေသက ဆောက်လုပ်ရေးလုပ်ငန်းထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား လေးဦးတို့ကို ဖမ်းဆီးရမိပြီးနောက် ခရိုင်အတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသူများကို ဖမ်းဆီးမှု အရှိန်မြှင့်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားများသည် ဖူးခက်မြို့တွင် ဝန်ဆောင်ခ ဘတ် ၁၅၀၀ နှုန်းယူပြီး အခြားသူများအတွက် ဘဏ်အကောင့် ဖွင့်ပေးနေသည်ဟု Phuket Times သတင်းဌာနက ဇွန်လ ၂၄ ရက်တွင် ဖော်ပြရာ ထိုင်းပြည်သူများကြား ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။ ယင်းနောက် ဈေးထဲရှိ ဈေးဆိုင်များတွင်လည်း မြန်မာနိုင်ငံသားများက […]


