ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လက်ညှစ်အရုပ်(Squishy) အချို့ ကျန်းမာရေး အန္တရာယ်ရှိဟု ထိုင်းအစိုးရ သတိပေး

Dawei Watch

June 29, 2026

ထိုင်းနိုင်ငံအတွင်း ရောင်းချနေသော Squishy ဟု ခေါ်သည့် ညှစ်စရာ အရုပ်အချို့တွင် ဓါတုပစ္စည်းများ အလွန်အကျွံ ပါဝင်နေသဖြင့် ကျန်းမာရေး အန္တရာယ်ရှိကြောင်း အာဏာပိုင်များက သတိပေးထားသည်။ Squishy အရုပ်များကို နာမည်ကြီး အွန်လိုင်းဆယ်လီနှင့် အနုပညာရှင်များက အသုံးပြုကြောင်း ပြသခဲ့သဖြင့် လူသိများလာကြပြီး လူကြီး၊ လူငယ်များက စိတ်သက်သာရာ ရစေသည့်အနေဖြင့် အသုံးပြုမှု များလာကြသည်။ Squishy ဟု ခေါ်သည့် ညှစ်စရာအရုပ် ဆိုသည်မှာ အရုပ်ကို ညှစ်လိုက်ပါက မူလပုံစံသို့ ပြန်လည်ရောက်ရှိလာသော ကလေးကစားစရာ အရုပ်တစ်ခုဖြစ်ပြီး ဈေးကွက်ထဲတွင် ပုံစံမျိုးစုံရှိသည်။ ထိုင်းနိုင်ငံဈေးကွက်အတွင်း ရောက်ရှိနေသော Squishy အရုပ်အချို့တွင် အမည်တံဆိပ်နှင့် ထုတ်လုပ်သော နိုင်ငံ မပါဝင်ဘဲ ဓါတုပစ္စည်းများ သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေသည်ကို တွေ့ရကြောင်း သတင်းတွင်ဖော်ပြသည်။ ထို့ကြောင့် […]

ထိုင်းတွင် စကားများရန်ဖြစ်ရာမှ မြန်မာသုံးဦး သေနတ်ဖြင့် ပစ်ခံရပြီးသေဆုံး၊ ထိုင်းတစ်ဦး ဓားထိုးခံရ

Dawei Watch

June 29, 2026

ထိုင်းနိုင်ငံ ချာချင်စောင်ခရိုင်တွင် မြန်မာအလုပ်သမား သုံးဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၂၇ ရက် ညက ဖနွန်စာရမ်ခမ်းဒေသတွင် မြန်မာနိုင်ငံသားများနှင့် ထိုင်းကျေးရွာလုံခြုံရေး လုပ်အားပေးသမားတို့ စကားများ ရန်ဖြစ်ပြီးနောက် မြန်မာနိုင်ငံသားများ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။ သေနတ်ပစ်ခတ်ခံရမှုကြောင့် မြန်မာနိုင်ငံသား သုံးဦး သေနတ်ဒဏ်ရာများစွာဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရပြီး သေဆုံးသွားသော မြန်မာနိုင်ငံသား သုံးဦး၏ အချက်အလက်များကို သတင်းတွင် ဖော်ပြထားခြင်းမရှိပေ။ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံသားတစ်ဦး ဓါးဒဏ်ရာ ရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့က ဖနွန်စာရမ်ခမ်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အခင်းမဖြစ်ပွားမီ မြန်မာနိုင်ငံသားများသည် အုပ်စုလိုက် ဝိုင်းဖွဲ့ စားသောက်နေကြပြီး စပီကာများ အသုံးပြု၍ အသံကျယ်လောင်စွာ ဖွင့်နေကြကြောင်း သတင်းတွင် ဖော်ပြထားသည်။ ယင်းအခြေအနေသည် […]

မက်ဆီရဲ့ ၃၉ နှစ်ပြည့်မွေးနေ့မှာ မွေးတဲ့ကလေးကို Messia လို့အမည်ပေး

Dawei Watch

June 29, 2026

သူက ဆေးရုံကုတင်ပေါ်မှာရှိနေတဲ့ ဇနီးဖြစ်သူ ဘရီဆာ ကို သမီးလေးအတွက်”အိုင်ဟိုအာ မက်ဆီယာ အဂီလာ (Ainhoa Messia Aguilar)” လို့ နာမည်သစ်ရွေးထားတဲ့အကြောင်းကို ပြောပြပြီး တိုင်ပင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဆေးရုံအခန်းထဲ ရောက်ရှိနေတဲ့ တခြား မိခင်တွေကလည်း ဒီနာမည်ဟာ ဒီသမီးလေးအတွက် အကောင်းဆုံးနဲ့ အလိုက်ဖက်ဆုံးဖြစ်တယ်လို့ ဝိုင်းဝန်း ထောက်ခံခဲ့ကြပါတယ်။

ကံပေါက်တွင် အမျိုးသားသုံးဦးကို စစ်အာဏာရှင်တပ်လှည့်ကင်းက ပစ်ခတ်ဖမ်းဆီး

Dawei Watch

June 27, 2026

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် ဒေသခံအမျိုးသားသုံးဦးထက်မနည်းကို ကင်းလှည့်နေသည့် စစ်အာဏာရှင်တပ်သားများက ယနေ့ ဇွန်လ ၂၇ ရက် ညနေပိုင်းတွင် ပစ်ခတ်ဖမ်းဆီးကြောင်း ဒေသခံများထံမှ သိရသည်။ ကံပေါက်ရွာ၊ ထန်းတစ်ပင်ရပ်ကွက်ရှိ ဓနိတောစပ်တွင် သေနတ်ပစ်ဖောက်သံများကြားရပြီး အမျိုးသားသုံးဦး ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မြင်တွေ့ရကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံ ကိုးချက်လောက်ဖောက်ပြီးတာနဲ့ ဓနိတောထဲမှာ ဖမ်းသွားတယ်။ ဘယ်သူဘယ်ဝါတွေလည်းတော့ သဲသဲကွဲကွဲ မမြင်လိုက်ရဘူး။ လူငယ်ပိုင်းတွေပဲ ဖြစ်ဖို့များတယ်” ဟု ၎င်းက ပြောဆိုသည်။ ဖမ်းဆီးခံရသူများ၏ အချက်အလက် အသေးစိတ်၊ ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် နောက်ဆက်တွဲ အခြေအနေတို့ကိုမူ Dawei Watch က စုံစမ်းနေဆဲဖြစ်သည်။ ကံပေါက်တိုက်နယ်တွင် အာဏာသိမ်းကာလနောက်ပိုင်း ပေါက်ကွဲမှု၊ ထိတွေ့ပစ်ခတ်မှု၊ ဖမ်းဆီးမှုရှိခဲ့သော်လည်း စစ်အုပ်စု ၏ ရွေးကောက်ပွဲကာလကတည်းက […]

မော်လမြိုင်-ရန်ကုန် နေ့ချင်းပြန် ရထားခရီးစဉ် ပြေးဆွဲမည်

Dawei Watch

June 27, 2026

မော်လမြိုင်-ရန်ကုန် နေ့ချင်းပြန် ရထားသည် ပြေးဆွဲချိန် ခြောက်နာရီကြာမြင့်မည်ဖြစ်ကြောင်း ဆိုသည်။

အီရန်ကို အမေရိကန် တိုက်ခိုက်

Dawei Watch

June 27, 2026

ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်တင်သင်္ဘောတစ်စီးအား အီရန်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုအပေါ် လက်တုံ့တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

ထားဝယ်အရှေ့တောရှိ ဖိုးလမိုင်း သတ္တုမိုင်းကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

June 26, 2026

ထားဝယ်အရှေ့တောဒေသ ဟိန္ဒားရွာအနီးက ဖိုးလမိုင်း ခဲသတ္တုမိုင်းရှိရာနေရာကို စစ်အာဏာရှင်တပ်က ယနေ့ ဇွန်လ ၂၆ ရက် မွန်းတည့်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့က ပြောသည်။ နေ့လယ် ၁၂ နာရီခန့်တွင် မြိတ်လေတပ်က တက်လာသည့် ဂျက်ဖိုက်တာ တစ်စီးသည် ဖိုးလမိုင်းကို ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ဖိုးလမိုင်းတောင်ခြေမှာ ကျတယ်လို့ပြောတယ်၊ လူထိခိုက်တယ်လို့တော့‌ ပြောသံမကြားရသေးဘူး” ဟု အရှေ့တောဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ခဲလုပ်ကွက်တွင် လုပ်ကိုင်နေသည့် ဒေသခံများ၊ ကွမ်းသီးနုဝယ်ရန် လာသူများ ထွက်ပြေးလာကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “အခုအဲ့ဒီ (ဖိုးလမိုင်း) မှာ တရုတ်လုပ်ငန်းရှင်တွေက စက်ယန္တရားတွေနဲ့ အကြီးအကျယ်ပဲလုပ်နေတာ။ စက်တွေ ဘတ်ဟိုးတွေဆိုလည်းမနည်းဘူး။ အခုလေယာဉ်ဗုံးကြဲတာ […]

ရေး – ထားဝယ်လမ်းတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်

Dawei Watch

June 26, 2026

ရေး – ထားဝယ်ကားလမ်း ရေဖြူမြို့နယ်၊ ရေပုံးရွာအနီးတွင် ရန်ကုန်ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် ကုန်တင်ကားတစ်စီး တိမ်းမှောက်ကြောင်း လမ်းသွားလမ်းလာများနှင့် ဒေသခံများထံမှ သိရသည်။ ရေပုံးရွာအနီး ၃၉ မိုင်တံတားအနီးတွင် လမ်းဘေးထိုးကျကာ တိမ်းမှောက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “တံတားပြုပြင်တုန်းက လမ်းလွဲလုပ်ထားတဲ့ မြေနိမ့်တဲ့အပိုင်းကို ကားက ထိုးဆင်းသွားတာပါ။ လမ်းလွဲက နိမ့်ပြီး ကျန်နေတော့ ချိုင့်လိုဖြစ်နေတယ်” ဟု ကားတိမ်းမှောက်မှုအနီး ရှိခဲ့သည့် ရေပုံးရွာသားတစ်ဦးက ပြောသည် ။ ကားမောင်းသူနှင့် ကားစပယ်ယာ နှစ်ဦးစလုံး ထိခိုက်မှု မရှိကြောင်း ၎င်းက ပြောဆိုသည်။ ကားတွင် သံထည် ကုန်မာအချို့ နှင့် စားသောက်ကုန်အချို့ တင်ဆောင်လာသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောဆိုသည်။ ကုန်ပစ္စည်းများကို အခြားကားတစ်စီးဖြင့် ပြန်သယ်ယူခဲ့ပြီး ကားကို […]