လောင်းလုံးမြို့အနီး စစ်ပြဲရွာတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်
Dawei Watch
July 1, 2026လောင်းလုံးမြို့နှင့် ကပ်လျက်တည်ရှိသည့် စစ်ပြဲကျေးရွာတွင် ယနေ့ ဇူလိုင်လ ၁ ရက် နံနက် ၁၁ နာရီကျော်က စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ စစ်အာဏာရှင်တပ်သည် လောင်းလုံးမြို့ဘက်မှ စစ်ပြဲကျေးရွာဘက်သို့ တောလမ်းအတိုင်း ရောက်လာစဉ် စစ်ပြဲကျေးရွာ ဘုန်းကြီးကျောင်း တစ်ကျောင်းအနီးအရောက်တွင် တော်လှန်ရေးတပ်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “အပြန်အလှန်ပဲ ပစ်တာလား၊ ဘယ်လို ပစ်တာလဲတော့ မသိဘူး။ ကိုယ့်ဘေးနားမှာ လာပစ်နေသလို ရုတ်တရက် ထပစ်တာဆိုတော့ ထမင်းစားဖို့ မပြောနဲ့ ဘာတစ်ခုမှကို မယူနိုင်ဘူး။ လူကို မနည်းလွတ်အောင် ပြေးထွက်လာရတယ်“ ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ပစ်ခတ်မှုမှာ မိနစ်ပိုင်းမျှသာ ကြာမြင့်ပြီး ယင်းနောက် ပစ်ခတ်သံများ ထပ်မံမကြားရတော့ကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ်သည် […]


