ပလမြို့ကို ဆန်သယ်ယူခွင့်ပိတ်ထား၍ ဒေသတွင်းဆန်ကိုသာ အားထားနေရ
Dawei Watch
July 2, 2026ပုလောမြို့နယ်၊ ပလမြို့တွင် စစ်အာဏာရှင်တပ်က ဆန်အပါအဝင်၊စားနပ်ရိက္ခာသယ်ယူခွင့် တားမြစ်ထား၍ ဒေသတွင်းဆန်များကိုသာ အားကိုးစားသောက်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် စစ်အာဏာရှင်တပ်က ပလမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။ ကားလမ်းများကို ရံဖန်ရံခါ ပိတ်ပင်ထားလေ့ရှိပြီး ပြီးခဲ့သည့်ဇွန်လမှစကာ ကားလမ်းကို နံနက် ၇ နာရီမှ နေ့လယ် ၁ နာရီခန့်အထိ ဖွင့်ပေးသော်လည်း ဆန်ကားများဖြတ်သန်းခွင့် မရရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဆန်ကလွဲရင် ကျန်တာအကုန် ဝယ်လို့ရတယ်။ မတင်ခိုင်းတော့ ဘယ်ကားမှလည်း မတင်ဘူး။ ဆန်ကားတွေလည်း မလာကြဘူး။ စပါးကြိတ်စက်တွေမှာ သွားဝယ်ရပြီး ဈေးတော့ တက်လာတယ်။ လယ်လုပ်သမားတွေတော့ ရှိတယ်လေ” ဟု အထက်ပါဒေသခံက ပြောသည်။ ဘိုင်းပြင်၊ ဇရပ်ဆိပ်၊ မင်းပြင်၊ တပို၊ စက်တော်ရာ၊ ကြဲနှင့် […]


