ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဆိုင်ကယ်လိုင်စင်လုပ်ရာတွင် ဘေးတွဲမတပ်ဟု ကညနတွင် ခံဝန်ထိုးရ

Dawei Watch

July 4, 2026

မော်တော်ဆိုင်ကယ်များအတွက် လိုင်စင်ပြုလုပ်ရာတွင် ဘေးတွဲ မတပ်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးတွင် ခံဝန်ထိုးရကြောင်း ဆိုင်ကယ်လိုင်စင်အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ ယခု ဇူလိုင်လ ၁ ရက်မှစတင်ပြီး လိုင်စင်စာအုပ်တွင်လည်း ‘ဘေးတွဲတပ်ဆင် အသုံးပြုခြင်းအား ခွင့်မပြု’ ဟု စာသားအနီဖြင့် တံဆိပ်တုံးထုပေးကြောင်း ၎င်းတို့က ဆိုသည်။ “အရင်က အဲဒီလို (ဘေးတွဲ ကတ်သန့်ချက်) မရှိဘူး။ ၁ ရက်နေ့ (ဇူလိုင် ၁ရက်) က စပြီး ခံဝန်ထိုးရတယ်။ တံဆိပ်တုံး အသစ် တစ်ခု ပိုလာတယ် ” ဟု ထားဝယ်မြို့ခံ ဆိုင်ကယ်လိုင်စင် အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းကန့်သတ်ချက် မတိုင်မီကတည်းက ထားဝယ်မြို့စည်ပင်သာယာ ဧရိယာအတွင်း၌ ဘေးတွဲစီးခွင့်မပြုကြောင်း မြို့ခံများက ပြောသည်။ […]

စစ်အာဏာရှင်တပ် ဖမ်းထားသည့် သထုံဒေသခံများ ပြန်မလွတ်သေး

Dawei Watch

July 3, 2026

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာကို စစ်အာဏာရှင်တပ် သေနတ်ပစ်ခတ်ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဒေသခံများ ပြန်မလွတ်သေးကြောင်း နီးစပ်သူများက ပြောသည်။ စစ်အာဏာရှင်တပ် အင်အား တစ်ရာခန့်သည် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်က ဝင်းစိန်ကျေးရွာထဲ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ အမျိုးသမီးနှစ်ဦး အပါအဝင် ဒေသခံ ကိုးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။ ဖမ်းဆီးခံရသူများသည် အသက် ၂၅ နှင့် ၄၀ နှစ်ဝန်းကျင်ကြား ရှိသူများဖြစ်ပြီး သထုံရှိ အမှတ် (၉) လေ့ကျင့်ရေးကျောင်း တွင် စစ်ကြောရေးလုပ်ဆောင်နေသည်ဟု သိရကြောင်း ဖမ်းဆီခံရသူများနှင့် နီးစပ်သူများက ပြောဆိုသည်။ “သူတို့ကို အမှတ် (၉) လေ့ကျင့်ရေးကျောင်းမှာ စစ်ဆေးနေတယ် ဆိုတာလောက်ပဲ သိထားရတယ်။ […]

ထိုင်းတွင် လူသစ် ဘတ်ရိုက်ထားသူများအား အလုပ်လုပ်ခွင့်တစ်နှစ် သက်တမ်းတိုးပေးမည်

Dawei Watch

July 3, 2026

ထိုင်းတွင် ပြီးခဲ့သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) စတင်ပြုလုပ်ထားသူများအား တစ်နှစ် သက်တမ်းထပ်တိုးပေးမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြုလိုက်သည်။ ယနေ့ ဇူလိုင်လ ၃ ရက်တွင် ပြုလုပ်သော နိုင်ငံခြားသား အလုပ်သမားများဆိုင်ရာ အစည်းအဝေးတွင် ဘတ်အသစ်ရိုက် ထားသော မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံသားများကို သက်တမ်းတစ်နှစ် ထပ်တိုးပေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ဘတ်အသစ် (အလုပ်လုပ်ခွင့်လက်မှတ်) ရိုက်ထားသူများသည် ယခု ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်း တစ်နှစ်ကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် ဘတ်အသစ်ရိုက်ထားသူများအတွက် အလုပ်လုပ်ခွင့်လက်မှတ်ကို လာမည့် ၂၀၂၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်အထိ သက်တမ်းထပ်တိုးပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အတည်ပြုလိုက်ခြင်းဖြစ်သည်။ အလုပ်သမားဝန်ကြီးဌာန၏ အတည်ပြုချက်ကို လာမည့် […]

ချွန်ဘူရီတွင် ပွဲစားများအပါအဝင် မြန်မာလုပ်သားရှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

July 3, 2026

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ပွဲစားအဖြစ် လုပ်ကိုင်နေသူ မြန်မာနှစ်ဦးနှင့် မြန်မာအလုပ်သမား ခြောက်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ချွန်ဘူရီခရိုင် အလုပ်သမားရုံးဝန်ထမ်းများက ဇူလိုင်လ ၂ ရက်တွင် စီရာချာနှင့် လတ်ချဘန်ဒေသအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေးစီမံချက်ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့သည်။ စီရာချာဒေသအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ငါးဦး၊ ကမ္ဘောဒီးယားအလုပ်သမား နှစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ၎င်းတို့သည် တားမြစ်ထားသော အလုပ်များဖြစ်သည့် ဆံပင်ညှပ်၊ အလှပြင်ဆိုင်၊ ကုန်စုံဆိုင်၊ ကွမ်းယာဆိုင်နှင့် စားသောက်ဆိုင်များတွင် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေကြကြောင်း ဆိုသည်။ လတ်ချဘန်ဒေသအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား တစ်ဦး၊ လာအိုနိုင်ငံသား လေးဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား နှစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ၎င်းတို့သည် ဈေးရောင်းသူများဖြစ်ကြောင်း […]

စစ်အုပ်စု အခါတော်ပေး ဒေါက်တာဖေဉာဏ် (ခ) အရှင်ပညာဝံသ အသတ်ခံရ၍ ပျံလွန်တော်မူ

Dawei Watch

July 3, 2026

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင်တရားရိပ်သာတွင် သီတင်းသုံးနေသည့် ဒေါက်တာဖေဉာဏ် (ခ) အရှင်ပညာဝံသသည် ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ပျံလွန်တော်မူသွားကြောင်း သိရသည်။ ကျောင်းတိုက်၌ပင် ထိုးသွင်းဒဏ်ရာများဖြင့် လုပ်ကြံခံရ၍ ပျံလွန်တော်မူကြောင်း စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များနှင့် ပြည်တွင်းသတင်းဌာနအချို့တွင် ဖော်ပြနေကြသည်။ သတ်ဖြတ်သွားသူကို မဖမ်းမိသေးဘဲ ရှာဖွေနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ အချက်အလက်ကို ကိုးကား၍ ယင်းသတင်းဌာနများက ဆိုသည်။ ဒေါက်တာဖေဉာဏ်သည် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ဇာတိဖြစ်ပြီး ပျံလွန်တော်မူချိန်၌ သက်တော် ၇၅ နှစ်၊ ဝါတော် ၁၅ ဝါရှိပြီဖြစ်သည်။ ၎င်းသည် ၂၀၀၀ ခုနှစ်ဝန်းကျင်၌ ရန်ကုန်မြို့တွင် စန္ဒကူးမြိုင်တရားရိပ်သာကို တည်ထောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင်လည်း ထားဝယ်မြို့နှင့် မောင်မကန်းကမ်းခြေသွား ကားလမ်းဘေးတစ်နေရာတွင် စန္ဒကူးမြိုင်တရားရိပ်သာခွဲတစ်ခုကို တည်ထောင်ခဲ့သည်။ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး […]

စစ်ရေးတင်းမာနေချိန် မွန်ပြည်သစ်ပါတီ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေး

Dawei Watch

July 3, 2026

မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေထဲ စစ်ရေးတင်းမာနေချိန်တွင် ပါတီ ဒုခေါင်းဆောင်နှင့်အဖွဲ့သည် စစ်အစိုးရနှင့် နေပြည်တော်တွင် သွားရောက် တွေ့ဆုံဆွေးနွေးသည်။ မွန်ပြည်သစ်ပါတီ (NMSP) သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ယမန်နေ့ ဇူလိုင်လ ၂ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ မေ၊ ဇွန်လအတွင်း၌ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ဆုံးအကြိမ်တွင် NMSP တပ်ဖွဲ့နှင့် မိသားဝင်များ၊ စစ်ဘေးရှောင်များ နေထိုင်နေသည့်နေရာကို တိုက်ခိုက်ခဲ့သည်။ ယင်းအပြင် ရေးမြို့နယ်မြောက်ပိုင်းရှိ NMSP ကင်းစခန်းတစ်ခုကိုလည်း စစ်အာဏာရှင်တပ်က ဝင်ရောက်သိမ်းပိုက်ပြီး တပ်ဖွဲ့ဝင်များကိုလည်း ဖမ်းဆီးခေါ်ဆောင်ခဲ့သေးသည်။ ထိုသို့ စစ်ရေးတင်းမာနေချိန်တွင် NMSP က နေပြည်တော်သို့ သွားရောက်ကာ […]

တနင်္သာရီကမ်းလွန်တွင် အသစ်တွေ့ထားသော သဘာဝဓာတ်ငွေ့သိုက် တူးဖော်ရန်မရှိသေးဟုဆို

Dawei Watch

July 3, 2026

တနင်္သာရီကမ်းလွန်တွင် အသစ်တွေ့ရှိထားသော သဘာဝဓာတ်ငွေ့သိုက် M 15 ကို မည်သည့်နိုင်ငံ၊ မည်သည့်ကုမ္ပဏီတို့နှင့်မျှ တူးဖော်ထုတ်ယူရန် သဘောတူညီချက်မရှိသေးဘဲ စမ်းသပ်အဆင့်တွင်သာ ရှိသေးကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း သမ္မတမင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။ ဇွန်လ ၃၀ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ခေါင်းဆောင်ဟောင်း၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ဒါကို ဘယ်သူနဲ့လုပ်မယ်၊ ဘယ်ဝါနဲ့လုပ်မယ် ကျွန်မတို့ဘာမှ မလုပ်ရသေးပါဘူး။ ရှာဖွေတွေ့ရှိတယ်၊ စမ်းသပ်နေတဲ့ အဆင့်ပဲရှိပါသေးတယ်။ ဆက်ပြီးတော့ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွေ၊ စမ်းသပ်ရမည့် လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အဲဒါတွေပြီးတော့မှ ဒါက ဘယ်နိုင်ငံနဲ့ ဘယ်ကုမ္ပဏီနဲ့ ဆက်လုပ်မယ်ဆိုတာ လိုပါသေးတယ်” ဟု ၎င်းကပြောဆိုသည်။ M 15 လုပ်ကွက်သည် တနင်္သာရီတိုင်း မြိတ်ခရိုင်ရှိ အကြီးဆုံးကျွန်းတစ်ကျွန်းဖြစ်သော ကတန်ကျွန်း […]

ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်အပေါ် အီရန်သတိပေး

Dawei Watch

July 3, 2026

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်နေသည့် ရေနံတင်သင်္ဘောအားလုံး ၎င်းတို့ ခွင့်ပြုထားသည့် လမ်းကြောင်းများကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း အီရန်ပူးတွဲစစ်ဌာနချုပ်က ဇူလိုင်လ ၂ ရက်တွင် သတိပေးလိုက်သည်။ ယင်းသို့ မလုပ်ဆောင်ပါက အင်အားသုံး တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။ ယင်းသတိပေးချက်ကြောင့် နိုင်ငံတကာစွမ်းအင်ထောက်ပံ့ပို့ဆောင်မှုအတွက် အင်မတန်အရေးပါသည့် ဟော်မုဇ်ရေလက်ကြားအရေး တင်းမာမှုများ တစ်ကျော့ပြန် မြင့်တက်စေခဲ့သည်။ ဟော်မုဇ်ရေလက်ကြားအရေးသည် အီရန်စစ်ပွဲ ရေရှည်အဆုံးသတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများတွင် အဓိကအကျဆုံးအကြောင်းကိစ္စများအနက်တစ်ခု ဖြစ်လာသည်။ ဗုဒ္ဓဟူးနေ့တွင် ကာတာနိုင်ငံ၌ အမေရိကန်နှင့် အီရန်သံတမန်များ ကြားဝင်စေ့စပ်ပေးသူများနှင့် တွေ့ဆုံခဲ့ပြီးနောက် အီရန်စစ်ဘက်က အဆိုပါ သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အီရန်ဘက်က ယင်းသတိပေးချက်ထုတ်ပြန်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့ရာတွင် ဘာရိန်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲနှင့်ပတ်သက်၍ အမေရိကန်စစ်တပ်၏ […]