ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီအပါအဝင် တိုင်းနှင့် ပြည်နယ်ရှစ်ခု မိုးကြီးမည်

Dawei Watch

July 2, 2026

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း၊ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

ဇွန်လအတွင်း တနင်္သာရီတိုင်းတွင် လူငယ် ၂၀၀ ခန့် စစ်မှုထမ်းစုဆောင်းခံရ

Dawei Watch

July 2, 2026

တနင်္သာရီတိုင်းတွင် သုံးလအတွင်း လူငယ်ငါးရာနီးပါး အဓမ္မစစ်မှုထမ်း စုဆောင်းခံခဲ့ရသည်။

ဘုရားသုံးဆူမြို့ပေါ်တွင် DKBA လုံခြုံရေးတိုးမြှင့်

Dawei Watch

July 1, 2026

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်တွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က လုံခြုံရေးတိုးမြှင့်ထားကြောင်း မြို့ခံများက ပြောသည်။ ယခုရက်ပိုင်းအတွင်း မြို့ပေါ် အဓိကလမ်းဆုံများနှင့် လူသွားလူလာများသည့် နေရာများတွင် လုံခြုံရေးတိုးမြှင့်ထားပြီး မြို့အတွင်း လှည့်ကင်းများကိုလည်း ယခင်ကထက် ပိုမိုဆောင်ရွက်လျက်ရှိကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအပြင် မြို့တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလုံခြုံရေးအတွက်ဆိုကာ လိုက်နာရမည့် စည်းကမ်းချက်လေးရပ်ကို ထုတ်ပြန်ထားပြီး လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန်လည်း DKBA က တိုက်တွန်းထားသည်။ ထုတ်ပြန်ချက်တွင် မြို့လုံခြုံရေးအတွက် စစ်ဆေးခြင်းကို ကြည်ဖြူစွာ လက်ခံရန်၊ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မြို့ပေါ် ဖြတ်သန်းသွားလာရာတွင် ကြိုတင်ချိတ်ဆက်ပြီးမှ သွားလာရန်နှင့် တရားမဝင် လက်နက်ကိုင်ဆောင်လာခြင်းကို လုံးဝ မပြုလုပ်ရန် ပါဝင်သည်။ “မြို့ပေါ် နေရာတိုင်းမှာ DKBA စစ်သားတွေ ချထားတယ်။ အရင်က […]

တနင်္သာရီတိုင်းက စစ်အာဏာရှင်တပ်သားခြောက်ဦး KNU ထံဘက်ပြောင်း

Dawei Watch

July 1, 2026

တနင်္သာရီတိုင်းအခြေစိုက် စစ်အာဏာရှင်တပ်ရင်းနှစ်ခုက စစ်အာဏာရှင်တပ်သား ခြောက်ဦးသည် ဇွန်လအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ဘက်ပြောင်းလာကြောင်း KNU ထံမှ သိရသည်။ KNU လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် (KNDO) တို့ထံ ဇွန်လပထမနှင့် ဒုတိယအပတ်အတွင်း ဘက်ပြောင်းခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ဇွန်လ ၁ ရက်တွင် တနင်္သာရီမြို့နယ်အတွင်းရှိ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ခံထားရသည့် မြိတ်အခြေစိုက် ခလရ ၁၀၁ စစ်အာဏာရှင်တပ်ရင်းက တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA၊ တပ်မဟာ ၄၊ တပ်ရင်း ၁၁ ထံ ဘက်ပြောင်းခဲ့ကြောင်း အဆိုပါတပ်မဟာက သတင်းထုတ်ပြန်ထားသည်။ ဇွန်လ ၉ ရက်တွင်လည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း ရှေ့တန်း စစ်မျက်နှာပြင်ရောက်နေသော ကော့သောင်း အခြေစိုက် […]

၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Dawei Watch

July 1, 2026

အင်္ဂလန် – ဒီအာရ်ကွန်ဂို အင်္ဂလန်ရဲ့ဘင်သံတွေ ဆူနေပါလိမ့်ဦးမယ်။ ကစားပုံ ကစားကွက် တည်ငြိမ်ကောင်းမွန်တဲ့ အင်္ဂလန်ကို ဒီအာရ်ကွန်ဂို မယှဉ်နိုင်လောက်ပါဘူး။ တစ်နေရာချင်းအလိုက်မှာ ဒီအာရ်ကွန်ဂိုက လိုအပ်ချက်တွေ များလွန်းလှပါတယ်။ ဒီအာရ်ကွန်ဂိုဟာ သူ့ရဲ့ပုံစံအတိုင်း ခံစစ်ကိုပိတ်ပြီး တန်ပြန်တိုက်စစ်တွေကနေ ဂိုးပေါက် ရှာဖွေပါလိမ့်မယ်။ အမှားများလွန်းလှတဲ့ ဒီအာရ်ကွန်ဂိုဟာ အင်္ဂလန်ကို အနိုင်ယူကျော်ဖြတ်ဖို့ မဖြစ်နိုင်လောက်ပါဘူး။ အင်္ဂလန်ရဲ့အနိုင်ရလဒ်ဟာ အနည်းဆုံးအဖြစ် နှစ်ဂိုးပြတ်ပါလိမ့်မယ်။ ဘယ်လ်ဂျီယံ – ဆီနီဂေါ ဘယ်လ်ဂျီယံရဲ့ရွှေရောင်မျိုးဆက်ဆိုတာ နာမည်ပဲ ကျန်ပါတော့တယ်။ ဆီနီဂေါက ကစားပုံ မာကျောသလို ကစားသမားအင်အားကလည်း ဘယ်လ်ဂျီယံကို ယှဉ်နိုင်စွမ်း ရှိပါတယ်။ ဘယ်လ်ဂျီယံဟာ အီဂျစ်နဲ့ အီရန်တို့လို အသင်းတွေကို သရေပဲ ကစားနိုင်ခဲ့တယ်ဆိုတာ မမေ့သင့်ပါဘူး။ ကစားအားကောင်းတဲ့အသင်းတွေနဲ့ဆုံရင် ဂိုးတစ်ဂိုးရဖို့အတွက် ဘယ်လ်ဂျီယံ ရုန်းကန်ရလေ့ရှိပါတယ်။ ဆီနီဂေါဟာ သူတင်ကိုယ်တင် […]

ထားဝယ်အရှေ့တောတွင် ကိုယ်ဝန်ဆောင် မုဒိမ်းကျင့်အသတ်ခံရမှု ကျူးလွန်ခဲ့သူကို သေဒဏ်စီရင်

Dawei Watch

July 1, 2026

ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာက ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့က ဖမ်းဆီးပြီး သေဒဏ်စီရင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၂၃ ရက် နံနက် ၁၁ နာရီခန့်တွင် တောင်သုံးလုံးရွာ ဟိန္ဒားတံတားထိပ်က လမ်းဘေးတစ်နေရာတွင် ဖုန်းပြောနေသည့် ကိုယ်ဝန်ဆောင်မိန်းကလေးကို သတ္တုမိုင်းလုပ်သားတစ်ဦးက မုဒိမ်းကျင့်ပြီး ကျောက်ခဲဖြင့် ထုသတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါအမျိုးသားကို ဇွန်လ ၂၄ ရက် ညနေ ၅ နာရီခန့်တွင် မြောင်းပြိုရွာသင်္ချိုင်းကုန်း၌ KNLA တပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ကာ စီရင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “ကောင်မလေးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့နေရာအနီးမှာ သူက ရေချိုးနေတယ်။ အစပိုင်းမှာ သူမဟုတ်ဘူးဆိုပြီး ငြင်းတယ်ပေါ့နော်။ နောက်မှ စစ်ဆေးမေးမြန်းမှ ဝန်ခံလာတာလို့ပြောတယ်” ဟု […]

အမေရိကန်သံတမန်နှင့် မတွေ့ဟု အီရန်ပြော

Dawei Watch

July 1, 2026

မကြာသေးမီက နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာသည့် အမေရိကန် ထိပ်တန်းသံတမန်များနှင့် တွေ့ဆုံမည် မဟုတ်ကြောင်း အီရန်ဘက်က ဇွန်လ ၃၀ ရက်တွင် ပြောကြားလိုက်သည်။ ယင်းကြောင့် နှစ်နိုင်ငံအကြား ရေရှည်ငြိမ်းချမ်းရေးရရှိရန် အလားအလာ ပို မရေမရာ ဖြစ်လာကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ အီရန်အဏုမြူစီမံကိန်း ကန့်သတ်ရေးကဲ့သို့ ခက်ခဲသည့် အကြောင်းအရာများကို မဆွေးနွေးမီ စစ်ပွဲအပစ်ရပ်ရေး ကနဦးသဘောတူညီချက်ပါ အချက်များကို ကြိုတင်ညှိနှိုင်းအဖြေရှာရန် လိုအပ်ကြောင်း အီရန်အရာရှိများက ဆိုသည်။ အမေရိကန်ဘက်မှ ဘဏ္ဍာရေးအထောက်အပံ့အတွက် အလဲအလှယ်အနေဖြင့် အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးရေးနှင့် ရက် ၆၀ အတွင်း ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် ဆွေးနွေးရေးစသည့် ကနဦး အပစ်ရပ် သဘောတူညီချက်ပါ အဓိကအချက်များအပေါ် အမေရိကန်နှင့် အီရန်အကြား သဘောထားကွဲလွဲနေဆဲ ဖြစ်သည်။ […]

ထားဝယ်မြို့ပေါ်တွင် နေအိမ်ထဲ ဓားဖြင့်ဝင်ခုတ်သဖြင့် အမျိုးသားတစ်ဦးသေဆုံး၊ ဇနီးဖြစ်သူ ဒဏ်ရာပြင်းထန်

Dawei Watch

July 1, 2026

ထားဝယ်မြို့ပေါ်တွင် ဇွန်လ ၃၀ ရက် ညက ဇနီးမောင်နှံနှစ်ဦး ရှိနေသည့် နေအိမ်သို့ အမျိုးသားနှစ်ဦးက ဓားဖြင့် ဝင်ခုတ်သဖြင့် ခင်ပွန်းဖြစ်သူ သေဆုံးကာ ဇနီးဖြစ်သူ ဒဏ်ရာအပြင်းအထန်ရကြောင်း မြို့ခံများက ပြောသည်။ ကြက်စားပြင်ရပ်ကွက်ရှိ ကမ္မဌာန်းကျောင်းအနီး နေအိမ်တွင် ဇွန်လ ၃၀ ရက် ည ၉နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြိုခံတစ်ဦးက ဆိုသည်။ “ညနေပိုင်း ကြက်ဝိုင်းကနေ စကားများပြီး ရန်ဖြစ်လာကြတယ်လို့ကြားရတယ်။ ဘာကိစ္စနဲ့ ဖြစ်ပွားခဲ့သလဲဆိုတာတော့ မသေးစိတ်မသိရသေးဘူး” ဟု အထက်ပါမြိုခံအမျိုးသားက ပြောဆိုသည်။ ဓားဒဏ်ရာရသဖြင့် သက်လတ်ပိုင်းအရွယ် ဦးထွန်းဝင်းကို ထားဝယ် ဆေးရုံကြီးသို့အရေးပေါ်ပို့ဆောင်ခဲ့စဉ် သေဆုံးခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း မြို့ခံများက ပြောသည်။ ဓားဖြင့်ခုတ်သူ အမျိုးသားနှစ်ဦးမှာလည်း ထွက်ပြေးသွားခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။ ၂၀၂၄ […]