ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် ကားမှောက်ပြီး မြန်မာနှစ်ဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ

Dawei Watch

July 6, 2026

မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများကို တင်ဆောင်လာသည့် ပစ်ကပ်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ကန်ဖမ်းဖက်မြို့ အဝေးပြေးလမ်းမကြီးပေါ်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ပေါင်မြို့တွင် လေပြင်းတိုက်ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ် ၇၀ ကျော်ပျက်စီး

Dawei Watch

July 6, 2026

ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးရာတွင် ရဟန်းနှစ်ပါးလည်း ထိခိုက်ဒဏ်ရာရကြောင်း ဆိုသည်။

ထားဝယ်တွင် ရေထွက်ကုန်များ စျေးမြင့်တက်

Dawei Watch

July 4, 2026

ထားဝယ်စျေးကွက်တွင် ယခုသီတင်းပတ်အတွင်း ရေထွက်ကုန်များ စျေးမြင့်တက်လျက်ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ ရေထွက်ကုန်စျေးကွက်နှင့် ရေလုပ်ငန်းရှင်အသိုင်းဝိုင်းထံမှ သိရသည်။ ပင်လယ်ပြင် ရာသီဥတုအခြေအနေကြောင့် ငါးနှင့် ပုစွန် ဖမ်းဆီးရရှိမှုနည်းကာ စျေးကွက်အတွင်း အဝင်နည်း၍ စျေးမြင့်တက်နေခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ အောင်တံခွန်ငါးစျေး၌ ဇွန်လနှောင်းပိုင်းက ပုစွန်ချောတစ်ပိဿာ ၃၅,၀၀၀ကျပ်၊ ငါးကွန်းရှပ် တစ်ပိဿာ ၂၅,၀၀၀ကျပ်နှင့် ပါတူးခေါ် ငါးလုံးငါးတစ်ပိဿာ ၁၃,၀၀၀ ကျပ်သာရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ယနေ့ ဇူလိုင်လ ၄ ရက်တွင် ပုစွန်ချောကြီးတစ်ပိဿာ ၄၅,၀၀၀ကျပ်၊ ငါးကွန်းရှပ် တစ်ပိဿာ ၃၂,၀၀၀ကျပ်နှင့် ငါးလုံးငါး တစ်ပိဿာ ၁၈,၀၀၀ကျပ်အထိ စျေးမြင့်တက်လျက်ရှိကြောင်း အဆိုပါစျေးတွင် ငါးနှင့် ပုစွန် လက်လီလက္ကား ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ပစ္စည်း အဝင်နည်းနေတာ […]

စစ်အာဏာရှင်တပ် မော်တုန်းရွာသားလေးဦးကိုဖမ်းပြီး နှစ်ရက်ကြာအထိပြန်မလွှတ်သေး

Dawei Watch

July 4, 2026

မော်တုန်း (အရှေ့ကမ်း) တွင် ညမထွက်ရအမိန့်ထုတ်ထားသလို အိမ်ထောင်စုစာရင်းလည်း တစ်အိမ်ချင်းစီ လိုက်လံစစ်ဆေးနေကြောင်း ဆိုသည်။

၂၀၂၆ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Dawei Watch

July 4, 2026

ပြင်သစ် – ပါရာဂွေး ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို သတိရစရာပါပဲ။ ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ပြင်သစ် ချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက အခုလို ၁၆ သင်းအဆင့်မှာ ပြင်သစ်နဲ့ ပါရာဂွေး ထိပ်တိုက်ဆုံခဲ့တာပါပဲ။ အဲ့ဒီတုန်းက ၃၂ သင်းအဆင့် မရှိသေးပါဘူး။ ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက ပြင်သစ်နဲ့ ပါရာဂွေးတို့ အကြိတ်အနယ် အားပြိုင်ခဲ့ရသလို ပါရာဂွေးဂိုးသမားကြီး ချီလာဗတ် လည်း အရမ်းပဲ လက်စွမ်းပြခဲ့ပါတယ်။ ချီလာဗတ် က ဒင်္ဂါးပြားလေး နမ်းပြီး ပါရာဂွေးအသင်းရဲ့ဂိုးပေါက်ကို စောင့်ရှောက်ခဲ့ပုံတွေက လွမ်းစရာပါပဲ။ ဒီတစ်ကြိမ်မှာလည်း ပါရာဂွေးက ဂျာမနီကို ကျော်ဖြတ်ပြီး ဒီအဆင့်ဆီကို တက်လှမ်းလာတာပါ။ ဒါကြောင့် ပါရာဂွေးကို ပြင်သစ် လျှော့တွက်လို့ မရပါဘူး။ ပါရာဂွေးဟာ ခံစစ်ကို ပိတ်ဆို့ပြီး […]

ငွေကျပ်သိန်း ၃၀၀ တောင်းမှုဖြင့် စစ်ဆေးခံနေရမှုကို လောင်းလုံးပလဖ တာဝန်ခံဖြေရှင်း

Dawei Watch

July 4, 2026

လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတာဝန်ခံ (ယာယီ) က ပြည်သူတစ်ဦးထံမှ ငွေကျပ်သိန်းသုံးရာ တောင်းခံသည်ဟု ပြောဆိုထားသည့် အသံဖိုင်တစ်ခု ဇူလိုင်လ ၃ ရက်နေ့က ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့လာခဲ့သည်။ ၅၈ စက္ကန့်ကြာသည့် အဆိုပါအသံဖိုင်တွင် ကျော်ဇင်ဝင်းဆိုသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပြီး လူပြန်လိုချင်ပါက ၃၀၀ (ကျပ်သိန်း ၃၀၀ ဖြစ်နိုင်) ဖြင့် လာရွေးရန် ပြောဆိုထားသည်။ လက်ရှိတွင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပလဖတာဝန်ခံ ကိုရသအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးလျက်ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ အထက်ပါအသံဖိုင် ပျံ့နှံ့လာသည့်ကိစ္စနှင့်ပတ်သက်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံအား Dawei Watch ဆက်သွယ်မေးမြန်းခဲ့ရာ အသံဖိုင်ထဲတွင် ငွေကြေးဖြင့် ပြန်လာရွေးရန် ပြောဆိုနေသူမှာ ၎င်းကိုယ်တိုင်ဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် […]

သရက်ချောင်းမြို့အနီး ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး မြိတ်-ထားဝယ်လမ်းယာယီပိတ်

Dawei Watch

July 4, 2026

စစ်အာဏာရှင်တပ်သည် ယနေ့ အရုဏ်တက်ချိန်တွင် သရက်ချောင်းမြို့ဘက်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဆိုသည်။