ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ ကော့မပြင်းရွာကို စစ်အာဏာရှင်တပ် ဂျိုင်ရိုကော်ပတာနှစ်စီးဖြင့် ဗုံးချ

Dawei Watch

June 25, 2026

တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာနှစ်စီးဖြင့် ယနေ့ ဗုံးချတိုက်ခိုက်ကြောင်း ‌တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံများထံမှ သိရသည်။ ယနေ့ ဇွန်လ ၂၅ရက်‌ မွန်းလွဲ ၂နာရီကျော်တွင် ဂျိုင်ရိုကော်ပတာနှစ်စီးဖြင့် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ကြောင်း ‌တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ကျတဲ့နေရာမှာက တွင်းကြီးတွေဖြစ်ကုန်တယ်။ လူတွေ ထိခိုက်မှု မရှိဘူး။ ဒီပုံံစံနဲ့ဆို တော်ရုံ (ဗုံး) ကျုံးတွင်းတွေ ခံနိုင်မှာမဟုတ်ဘူး။ ကျုံးတွင်းတွေကို အခိုင်အမာလုပ်ထားဖို့တော့ လိုမယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ ကော့မပြင်းရွာတွင် ဒေသခံများနေထိုင်နေကြပြီး စစ်အာဏာရှင်တပ်က ကျေးရွာ ဘောလုံးကွင်းကို ကြဲချတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “လူတွေတော့ ထိခိုက်မှုမရှိဘူး။ ရွာထဲမှာက လူတွေနေကြတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ ကော့မပြင်းရွာသည် တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့်ရွာဖြစ်ပြီး ကော့မပြင်းကျေးရွာအုပ်စုတွင် စစ်အာဏာရှင်တပ်၏ […]

တနင်္သာရီ ဘန်ကြုပ်ရွာအနီးကို စစ်အာဏာရှင်တပ် ဂျိုင်ရိုကော်ပတာနှစ်စင်းဖြင့် ဗုံးချ

Dawei Watch

June 25, 2026

တနင်္သာရီမြို့နယ်၊ ဘန်ကြုပ်ရွာအနီးကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာနှစ်စင်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၄ရက် မွန်းလွဲ ၂နာရီ ၄၀မိနစ်တွင် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “(ဗုံး) နှစ်လုံးလာကြဲချလိုက်တယ်။ တောထဲကျတယ်။ လူထိခိုက်မှုမရှိဘူး”ဟု အထက်ပါ ‌ဒေသခံက ပြောသည်။ ဂျိုင်ရိုကော်ပတာနှစ်စီးသည် မြိတ်မြို့မှပျံသန်းလာပြီး သိန္ဓောကျေးရွာအုပ်စု၊သာရဘွင်ကျေးရွာအုပ်စုနှင့် တကူကျေးရွာအုပ်စုများတွင်လည်း ပတ်ဝဲခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ “ပတ်ဝဲနေတယ်။ ပြီးမှပျံသွားတယ်။ နှစ်ကြိမ်တောင် (တကူကျေးရွာအုပ်စုမှာ) လာဝဲနေလို့ နှစ်ခါပြေးဝပ်လိုက်ရတယ်။ (ရဟတ်ယာဉ် ထက် ) နှေးတယ်။ အလျားတိုတယ်” ဟု တကူဒေသခံတစ်ဦးက ပြောဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များကလည်း စစ်အာဏာရှင်တပ်သည် ဂျိုင်ရိုကော်ပတာဖြင့် ဘန်ကြုပ်ရွာအနီးကို ဗုံးနှစ်လုံးကြဲရာ တောထဲတွင်ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုမရှိကြောင်း ပြောဆိုကြသည်။ ဘန်ကြုပ်ရွာသည် တကူ‌ကျေးရွာအုပ်စုနှင့် တစ်ဆက်တည်းရှိသည့်ရွာဖြစ်သည်။ […]

ထိုင်းတွင် ရွှေဆွဲကြိုး အလစ်သုတ်သဖြင့် မြန်မာအမျိုးသားတစ်ဦးဖမ်းဆီးခံရ

Dawei Watch

June 25, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နခွန်ပထုံခရိုင်တွင် မြန်မာအမျိုးသမီးထံမှ ရွှေဆွဲကြိုး အလစ်သုတ်ခိုးယူသွားသော မြန်မာအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၂၁ ရက်က နခွန်ပထုံခရိုင် အုန်းယိုင်ဒေသတွင် ဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦးသည် စက်ဘီးစီးလာသော အသက် ၂၆ နှစ်အရွယ် မြန်မာအမျိုးသမီး၏ လည်ပင်းမှ ရွှေဆွဲကြိုးတစ်ကုံးကို အလစ်သုတ်ခိုးယူထွက်ပြေး သွားကြောင်း ဖော်ပြသည်။ ရွှေဆွဲကြိုးသည် တစ်ဘတ်သား အလေးချိန်ရှိပြီး ကာလတန်ဖိုး ဘတ် ခုနစ်သောင်းဝန်းကျင်ရှိသည်။ မြန်မာအမျိုးသမီးသည် ဖြစ်စဉ်နှင့် သံသယရှိသူ အချက်အလက်များကို ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့က အမျိုးသား ထွက်ပြေးသွားသော လမ်းကြောင်းကို CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံ စုံစမ်းခဲ့ကြောင်း‌ ဖော်ပြသည်။ ယင်းနောက် ဇွန်လ ၂၃ ရက်တွင် စမွတ်စခွန်ခရိုင် အုန်းနွဲ့ဒေသ […]

ဘီးလင်းတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးထိပြီး အမြွှာကိုယ်ဝန်ဆောင်နှင့် ကလေးငယ်တစ်ဦးသေဆုံး

Dawei Watch

June 25, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကဒီပုကျေးရွာအုပ်စု၊ ပဏ္ဍိကုန်းကျေးရွာတွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမြွှာကိုယ်ဝန်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး KNUထံမှ သိရသည်။ စစ်အာဏာရှင်တပ် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ ၃ တပ်ရင်းက ဇွန်လ ၂၂ ရက် ညတွင် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။ ခမရ (၃) က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် ပဏ္ဍိကုန်းကျေးရွာရှိ နေအိမ်များပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြသည်။ ကိုယ်ဝန် ၇လ ဆောင်ထားသည့် အသက် ၄၁နှစ်အရွယ် ဒေါ်ဇင်မာစိုးနှင့် အသက် ၁၁ နှစ်အရွယ် မိစနေ တို့ သေဆုံးကြောင်း KNU […]

ဗင်နီဇွဲလားငလျင် လူတစ်သိန်းအထိ သေဆုံးနိုင်

Dawei Watch

June 25, 2026

ဗင်နီဇွဲလားနိုင်ငံ၌ ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် အင်အားပြင်းငလျင်များ လှုပ်ခတ်ခဲ့ရာ သေဆုံးသူ အနည်းဆုံး တစ်သောင်းမှ တစ်သိန်း အထိ ရှိနိုင်ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS)က ကနဦး ခန့်မှန်းတွက်ချက်ထားသည်။ ငလျင်ဒဏ်ကြောင့် မြို့တော်ကာရာကပ်စ်ရှိ အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး လူအများအပြား အပျက်အစီးများအောက်တွင် ပိတ်မိနေခဲ့ကာ ထိခိုက်သေဆုံးသူအမြောက်အများနှင့် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုများ ရှိလာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးလိုက်သည်။ ကာရာကပ်စ်မြို့၏ အနောက်ဘက် မိုင် ၁၀၀ ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုတ်ခတ်ပြီး တစ်မိနစ်ပင်မပြည့်မီ ပမာဏ ၇ဒသမ ၅ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ကာရာကပ်စ်မြို့၊ ဘာရူတာခရိုင်တွင် အဆောက်အအုံနှစ်ခု ပြိုကျမှုကြောင့် လူသုံးဦး […]

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန် ၂၈ ရက် ကြေညာမည်

Dawei Watch

June 25, 2026

၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ နှင့် ၂၀၂၆ ခုနှစ် စက်မှု ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး တက္ကသိုလ်ဝင်အောင်စာရင်း များကို ဇွန်လ ၂၈ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း စစ်အစိုးရလက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည် ။ အောင်စာရင်း ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ၏ ဝက်ဘ်ဆိုက် www.myanmarexam.org နှင့် ခုံအမှတ်ဖြင့် တိုက်ရိုက် ရှာဖွေကြည့်နိုင်သည့် result.dme.gov.mm တို့တွင်လည်း ဇွန်လ ၂၈ ရက် နံနက်တွင် ကြည့်နိုင်မည်ဖြစ်သည် ။ ယင်းအပြင် ဝေးလံ၍ အင်တာနက် ကောင်းစွာမရသည့် ဒေသများမှ စာစစ်ဌာနများ၏အောင်စာရင်းကိုမူ မြန်မာ့အသံ ရေဒီယို မှ တစ်ဆင့်ကြေညာပေးမည်ဟု ဖော်ပြသည် […]

အပစ်ရပ်သဘောတူညီချက် ကန်နဲ့ အီရန် ထုတ်ပြန်ချက် ကွဲလွဲ

Dawei Watch

June 25, 2026

ဒါကြောင့် နှစ်နိုင်ငံအကြားက အပစ်ရပ်သဘောတူညီချက် တည်တံ့ရေးအလားအလာအပေါ် မေးခွန်းထုတ်မှုတွေလည်း မြင့်တက်လာပါတယ်။

ထိုင်းမှာ ခိုးဝင်မြန်မာတွေကို တင်ဆောင်လာတဲ့ကားမှောက်လို့ တစ်ဦးသေ

Dawei Watch

June 25, 2026

ကားကို မြန်မာနိုင်ငံသား ကားသမားက မောင်းနှင်လာပြီး ကားသမားအပါအဝင် မြန်မာနိုင်ငံသား ၁၇ ဦး လိုက်ပါလာတယ်လို့ ဆိုပါတယ်။