ပွဲစားခ ဘတ်နှစ်သောင်းစီပေး၍ ဝင်လာသော မြန်မာ ၂၀ နီးပါး ထိုင်းတွင် ထပ်မံဖမ်းဆီးခံရ
Dawei Watch
June 24, 2026ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၀ ခန့်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇွန်လ ၂၄ ရက် နခွန်စဝမ်ရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ရဲတပ်ဖွဲ့များက ဂိတ်ချစစ်ဆေးနေစဉ် ပုံမှန်အလေးချိန်ထက် ပိုများနေသော မသင်္ကာစရာ ကားနှစ်စီးကို ရပ်တန့်စစ်ဆေးရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ကားနှစ်စီးပေါ်တွင် မြန်မာနိုင်ငံသား ၁၉ ဦး ပြည့်ကျပ်စွာ လိုက်ပါလာသည်ကို တွေ့ရပြီး ၎င်းတို့အားလုံးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြသည်။ ထို့ကြောင့် မြန်မာနိုင်ငံသား ၁၉ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမား ၂ ဦးကို ဖမ်းဆီးခဲ့ဟုဆိုသည်။ မြန်မာနိုင်ငံသားများကို နခွန်စဝမ်ခရိုင်မှတစ်ဆင့် ဘန်ကောက်နှင့် ပရာကျင်ဘူရီခရိုင်များသို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး ပို့ဆောင်ခအနေဖြင့် တစ်ဦးလျှင် ဘတ် […]


